၁၈။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖုံးကွယ်ပေးကြခြင်း

Start from the beginning
                                    

သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော သူ့မျက်ဝန်းများက တလက်လက်တောက်ပနေ၏။ နောက်တော့ သူ တစ်ခုခုပြောတော့မည့်အချိန်တွင် လီဝေယန်းမှ တားဆီးလိုက်သည်။ သူမ သူ့ပါးစပ်ကို ကာလိုက်၏။

"မအော်နဲ့! အော်ရင် အခု ဒီမှာပဲ မင်းကို ထားခဲ့လိုက်မယ်"

ပိုင်ကျစ် တုန်လှုပ်သွား၏။ ရှောင့်ကျဲ၏အသံက တစ်ခြားသူပိုင်ဆိုင်တာကို ခိုးယူရန် လမ်းမှ စောင့်ဆိုင်းနေသည့် လူဆိုးဓားပြအလား။

လီမင်တျဲက သူမကို ငေးကြည့်ရင်း ကြက်သေသေနေသည်ကို လီဝေယန်း သတိထားမိလိုက်သည်။ သူမ သူ့မျက်နှာကို လက်လှမ်းကာ ထိလိုက်၏။ ရေစိမ်ထားသာ တို့ဟူးလို နူးညံ့ဖြူဖွေးနေသည်။

"တို့က မင်းရဲ့စန်းကျဲ လီဝေယန်းပဲ" သူမ ပြောနေရင်းက မင်တျဲအတွက် ​​ပိုင်ကျစ်၏ ရေစိုမနေသော အပေါ်ဝတ်ရုံကို ဖယ်ပေးရန် ပိုင်ကျစ်အား အရိပ်ပြလိုက်သည်။ ထို့နောက် လီမင်တျဲ၏ ရေစိုအပေါ်ဝတ်ရုံကို ချွတ်ပေးရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ့လည်ပင်းတွင် ဝတ်ဆင်ထားသော ကြိုးနီလေးနှင့် လတစ်ခြမ်းကျောက်စိမ်းဆွဲသီးက ထွက်ကျလာသည်။ လည်ဆွဲကို မကြည့်ဘဲနှင့် လီဝေယန်း သူ့လည်ပင်းတွင် ပြန်ဆင်ပေးလိုက်သည်။ နောက်တော့ သူ့ရေစိုအဝတ်များကို အတူတူစုသိမ်းလိုက်တော့သည်။

လီမင်တျဲကား တလက်လက်တောက်ပနေသော မျက်ဝန်းတစ်စုံနှင့် လီဝေယန်းကို စိုက်ကြည့်လျက် ထိုင်နေဆဲ။

လီဝေယန်း သူ့ကို စိုက်ကြည့်လိုက်၏။ တကယ့်ကိုပင် သူမ အနှီမျက်နှာကို ကြည့်လေ ပိုပိုလှလာလေ။ သို့သော်လည်း သူမ သူ့အင်္ကျီကော်လာကို ဆွဲဆန့်ပေးရင်းက ပြောလိုက်၏။

"မင့်မေမေကို သွားပြောချေ၊ တာ့ဖူးရန်က မင်းကို သတ်ချင်နေလို့ မင့်စန်းကျဲ တို့က မင်းကို ကယ်ခဲ့ရတာလို့၊ နားလည်လား"

ကြည့်ရတာ ခြိမ်းခြောက်အကျပ်ကိုင်နေသော မြင်ကွင်းလိုပင်။ ပိုင်ကျစ် မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်နေရင်း သူမအသံက လည်ချောင်းဝမှာတင် ဆို့ကာ စကား​မပြောနိုင်ဖြစ်သွားသည်။

အဆိပ်/လီဝေယန်းWhere stories live. Discover now