၁၅။ လျှို့ဝှက်ကြံစည်ကြခြင်း

Start from the beginning
                                    

"အခု သူ့မှာ လောင်ဖူးရန်ရဲ့ အကာအကွယ်ရှိနေပေမယ့် သူက အဖေ့ကို စိတ်ဆိုးစေခဲ့မယ်ဆိုရင်ရော၊ သူက နှစ်လပိုင်းမှာ မွေးခဲ့တဲ့ ကံဆိုးမဆိုတာ လူတိုင်းက မှတ်မိသွားလိမ့်မယ်၊ ပြီးတော့..."  

သူမ သေချာရှင်းရှင်းလင်းလင်း မပြောဘဲ အားရပါးရ ပြုံးလျက် တာ့ဖူးရန်ကိုသာ စိုက်ကြည့်နေလိုက်သည်။

"ညည်းက တကယ့်ကို ဉာဏ်ကောင်းတာပဲ" တာ့ဖူးရန်၏အပြုံးတို့က နက်နဲလှသည်။ "ဒီအကြံက သိပ်မဆိုးဘူး"

လီချန်ရှီး အပျော်တို့က ဖုံးဖိမရနိုင်အောင် သိသာလွန်းလာကာ တာ့ဖူးရန်ဆီမှ မျက်နှာသာရရန် ကြိုးစားတော့သည်။ "အမေ ဒီနေ့ သူ့ကို လက်ကောက်တစ်ကွင်း ပေးလိုက်သေးတယ်"

တာ့ဖူးရန် အံကြိတ်ကာ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ဇာမဏီဆံထိုးတစ်စုံကို လင်မားမားအား သွားယူရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူမ လီချန်ရှီးကို ပေးလိုက်သည်။ "တစ်ခုက မင်းအတွက်၊ နောက်တစ်ခုက မင့်စစ်ကျဲ(မမ ၄)အတွက်"

စစ်ကျဲက ဘာများလုပ်ခဲ့လို့လဲ။ ဘာမှလည်း မလုပ်ခဲ့ဘူးလေ။ အနှီသွေးသားတော်စပ်နေသော အစ်မကြောင့် လီချန်ရှီး အမြဲ စိတ်အနှောင့်အယှက်ဖြစ်ရသည်။ ဆံထိုးနှစ်ခုလုံးကို သူမအတွက်သာ သိမ်းထားရန် ဆုံးဖြတ်လိုက်သော်လည်း မည်သို့ပင်ဆိုစေ တာ့ဖူးရန်ကိုတော့ ကျေးဇူးတင်စကား ဆိုလိုက်သည်။

လီချန်ရှီးသည် အရမ်းမတုံးအသော်လည်း အရမ်းလည်း မထက်မြက်လှချေ။ သို့ဖြစ်စေ တာ့ဖူးရန်ကတော့ ထိုအခြင်းအရာကို နှစ်သက်သည်။ သူမအမိန့်များကို နာခံသည့် လီချန်ရှီးကိုသာ လိုသည်။ သွေးဆူလွယ်သော လီချန်ရှီးက ရှေ့ခုန်ထွက်ကာ ဆိုးယုတ်ညစ်ပေသောလှည့်ကွက်များအားလုံးကို လုပ်ပေးလိမ့်မည်။ ဤနည်းအားဖြင့် သူတို့လက်များကို ဖြူဖြူစင်စင်ထားလျက် သူမနှင့် ချန်းလဲတို့က ဘေးမှရပ်ကြည့်နေနိုင်လိမ့်မည်။

ခေတ္တမျှ အတင်းအဖျင်းစကားတို့ ဆိုပြီးနောက် လီချန်ရှီး ထွက်သွားတော့သည်။

"အမေက သူ့ကို အရမ်းသည်းခံနေသလိုပဲ" လီချန်ရှီး၏ပုံရိပ်ကိုစိုက်ကြည့်ရင်း လီချန်းလဲ့က ဝေဖန်လိုက်သည်။ "အမေသာ ဒီလိုဆက်လုပ်နေရင် သူ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး သွေးနထင်ရောက်နေတော့မှာပဲ"

အဆိပ်/လီဝေယန်းWhere stories live. Discover now