နတ်ဘုရားတွေက ပစ်ပယ်မထားဘူးပဲ၊ အစ်ကိုတော်နဲ့ဖန်းအာကမှ တကယ်စစ်မှန်သည့် လက်တွဲဖော်တွေသာ ဖြစ်သည်၊ထိုအတွေးများကြောင့် သူမပြုံးပျော်သွားရင်း အပြင်ဘက်မှာစောင့်နေသည့်အစေခံမလေးတွေကို ကြည့်ရင်း...
"အရာအားလုံးအဆင်ပြေသွားပြီ... စစ်သူကြီးပိုင်ကုဖန်း... " သူမအသံမဆုံးခင်မှာ အနောက်ဘက်က အရိပ်မိုးကျလာပြီး
"အပြင်ဘက်က အသုံးမကျတဲ့သမားတော်တွေ သိအောင် ကြေငြာလိုက်စမ်း မင်းသမီးဝေ့ချင်းယုက စစ်သူကြီးပိုင်ကုဖန်းရဲ့အဆိပ်ကို ပျောက်ကင်းအောင် ကုသလိုက်ပြီဆိုတဲ့အကြောင်းကို အဲ့အသုံးမကျတဲ့အဘိုးကြီးတွေကြားအောင် မိန့်ကြားလိုက်စမ်း!"
"အစ်ကိုတော်...ချင်းယု..."
"ညီမတော်... ထင်ပေါ်မကျော်ကြားချင်တာ အစ်ကိုတော်သိတယ်...ဒါပေမယ့် ညီမတော်လို အရည်အချင်းရှိတဲ့လူတစ်ယောက်ကို နွံထဲနစ်နေတဲ့ ပတ္တမြားလိုဖြစ်မစေချင်ဘူး " လို့ ပြောလိုက်တော့ ချင်းယုဟာ တောက်ပစွာပြုံးလာပြီး
"အစ်ကိုတော်ရဲ့သဘောအတိုင်းပါ" လို့ ပြောလိုက်တော့ သူမအစ်ကိုတော်ဟာ သူမခေါင်းလေးကို ဖွဖွလေးပုတ်ကာ
"အနားယူလိုက်ဦး ဒီနေ့ပင်ပန်းခဲ့ပြီ" လို့ နွေးထွေးစွာပြောလာသည့်ချိန်မှာ ချင်းယုမျက်ဝန်းများဟာ ပြူးကျယ်သွားပြီးနောက်မှာ ...မျက်လုံးလေးများကွေးသွားသည့်အထိပြုံးလာရင်း
"ဟုတ် အစ်ကိုတော်" လို့ ပြောကာ ထွက်သွားတော့သည်၊ချင်းယု သူမအစ်ကိုတော်ကို ချစ်သည်၊ဖန်းအာကိုလည်း သဘောကျသည်၊ဒါပေမယ့် သူမသေဆုံးပြီး ပြန်လည်မွေးဖွားလာသည့်ချိန်မှာ သူမရဲ့အချစ်ဟာ စွဲလမ်းမှုသက်သက်သာဖြစ်ပြီး ထိုယောကျာ်းနှစ်ဦးပေါ် အစ်ကိုလိုမိတ်ဆွေလိုသဘောကျချစ်ခင်သည့်ခံစားချက်သက်သက်သာဖြစ်သည်ကို သူမသတိထားမိလာသည်၊သူမအနေနဲ့ ငယ်ငယ်ထဲက...ဘဝနှစ်ဘဝတိုင်အောင် သူမအစ်ကိုတော်....မဟုတ်ဘူး ဒီတိုင်းပြည်အတွက် အသုံးဝင်သည့်မင်းသမီးတစ်ပါးဖြစ်စေခဲ့သည်၊
--------------
"စစ်သူကြီးပိုင် အဆိပ်ကို မင်းသမီးက ဖြေပေးပြီးပါပြီ အခု အသက်အန္တရာယ်အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ" လို့ ပြောလာသည်အခါမှ သူတို့မှာ သက်ပြင်းချကာ ပြုံးပျော်ရွှင်သွားတော့သည်၊ဒါပေမယ့် သမားတော်တွေကတော့ သူတို့အသက်ဘေးကနေ လွတ်သွားမှန်းသိပေမယ့် မင်းသမီးတစ်ပါးလောက်တောင် အသုံးမကျဘူးဆို လူတိုင်းသိကုန်ရင် သူတို့ ဂုဏ်သိက္ခာကျဆင်းမည်ဆိုးတာကြောင့်
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...
Arc-10.21(စစ်သူကြီးပိုင်ကုဖန်း)
Start from the beginning
