Chapter 66: အဖေနှင့်သား စကားပြောကြခြင်း

Start from the beginning
                                    

ဟော်ဆွေ့ချန်းနှင့် ဟော်သခင်ကြီးတို့သည် သစ်သားစားပွဲ တစ်ဖက်စီတွင် ထိုင်နေကြသည်။

ဒီနေ့ လ၏အလင်းရောင်သည် ခမ်းနားလှပြီး ခြံဝင်းကို အပြည့်အဝ အလင်းပေးနေသည်။ ရောင်စုံမီးလေးများကို စိမ်းလန်းစိုပြေသည့် သစ်ပင်များပေါ်တွင် ချိတ်ဆွဲထားသောကြောင့် ခြံဝင်းတစ်ခုလုံး လင်းထိန်နေတော့သည်။

ဟော်ဆွေ့ချန်းသည် ဤအေးချမ်းသည့် အခိုက်အတန့်ကို ပျော်ရွှင်နေသောကြောင့် ဝိုင်ပုလင်းကို ဖွင့်ကာ သူ့ဖခင်အတွက် ဖန်ခွက်တစ်ခွက်ထဲ ထည့်ပေးခဲ့သည်။

ဟော်သခင်ကြီးသည် သူ ထိုင်ချလိုက်ချိန်တွင် သူ့ခါးကို ထိန်းလိုက်သော်လည်း သူ့မျက်ခုံးများသည် ရှုမဲ့နေကာ သိသိသာသာကို သက်တောင့်သက်သာဖြစ်မနေပေ။

ဟော်ဆွေ့ချန်း ထိုအရာကို သတိပြုမိပြီး မေးလိုက်သည်။ " အခုတလော အဖေ့ခါးက သိပ်မကောင်းဘူး ထင်တယ်... အဖေ့ကို ဆေးစစ်ပေးဖို့ ဆေးရုံကို အတူလိုက်ခဲ့ပေးမယ် "

ဟော်သခင်ကြီးက သူ့ခါးကို တင်းတင်းဆုပ်ကိုင်ပြီး အေးဆေးသည့် လေသံဖြင့် ပြောလိုက်သည်။ " စိုးရိမ်စရာမရှိဘူး... ဒါက မင်း ကလေးအရွယ်လောက်တည်းက ရခဲ့ဖူးတဲ့ ပြဿနာဟောင်းတစ်ခုပဲ "

" ကျွန်တော် ငယ်ငယ်ကလား "

" ကလေးဘဝတုန်းက မင်းက ရှောင်းရှောင်းထက်တောင် ပိုဆိုးသေးတယ်... ပြီးတော့ ဒီနေ့လိုပဲ မင်း ရေကူးသင်ရတယ်... ရေကူးကန်ထဲကို မင်းဘာသာမင်း ခုန်ချလာခဲ့တာ... မင်းကို လှမ်းဖမ်းလိုက်တုန်းက ခါးကို ဒဏ်ဖြစ်သွားပြီး အခုချိန်ထိ မသက်သာလာတော့တာပဲ ... မင်းအမေက ဒါကြောင့် မင်းကို နှစ်ခါတောင် ရိုက်ခဲ့တယ်...ပြီးတော့ မင်းကလည်း မင်းအမေကို နှစ်ရက်လောက် စိတ်ကောက်သွားတယ်လေ "

ဟော်ဆွေ့ချန်း ခဏလောက် တိတ်ဆိတ်သွားခဲ့သည်။

" အမေ... ကျွန်တော့်ကို ရိုက်တာကို ကျွန်တော် မမှတ်မိဘူး „

" အဲ့အချိန်တုန်းက မင်းက ငယ်သေးတယ်... မင်းမမှတ်မိမှာ သေချာတယ် "

" ငယ်သေးတယ်လား... ဘယ်အရွယ်လဲ "

" မင်းက ရှောင်းရှောင်းထက်တော့ အများကြီး သိပ်မကြီးသေးပေမယ့် သူ့ထက်တော့ အများကြီးပိုလေးတယ် "

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now