"စိတ်လျော့ထား... ကိုယ် မင်းကို မနာကျင်အောင် လုပ်ပေးမယ်" ပိုင်ကုဖန်းရဲ့မျက်လုံးများကို သူနမ်းရင်း ပြောလိုက်တော့ မျက်ခုံးများဟာ အနည်းငယ်ပြေလျော့သွားကာ ခေါင်းညိတ်ပြလာသည်၊ မင်ရန်ဟောက် နားလည်သည်၊ပိုင်ကုဖန်းဟာ တရားမျှတကာ အမြဲစစ်မြေပြင်မှာ လုံးပန်းနေသည့်သူဖြစ်တာကြောင့် ယောကျာ်း၊မိန်းမသဘာဝပင် နားလည်မည့်သူမဟုတ်ပေ၊အခုလို ယောကျာ်းတစ်ယောက်အောက်မှာ နေရသည်ဟာ ပိုင်ကုဖန်းအတွက်အရမ်းခက်ခဲသည်ကို သူနားလည်ပေနိုင်သည်၊ပြီးတော့ ဒီလိုပထမဆုံးအကြိမ်မှာ နာကျင်မှုနဲ့ပြီးဆုံးသွားသည့် ညတစ်ညကို သူချစ်ရသည့်သူလေးကို မပေးချင်ပေ၊ဒါပေမယ့် သာမန်စစ်သူကြီးအဆောင်ထက်ပင် ပိုမိုရိုးရှင်းလွန်းလှသည့် သူရဲ့ရှောင်ဖန်းရဲ့ရွက်ဖျင်တဲမှာ စစ်ဘက်ဆိုင်ရာစာရွက်စာတမ်းတွေနဲ့ အကြမ်းဖျင်းဆောက်ထားသည့် ကုတင်တလုံး၊စားပွဲနဲ့ကုလားထိုင်သာ ရှိနေသည်၊
"ရန်ဟောက်... မင်း ငါ့ကို အားနာစရာမလိုပါဘူး...ဒီလောက်နာကျင်မှုလေးကိုမှ မခံနိုင်ရည် ငါစစ်သူကြီးလုပ်မနေတော့ဘူး" လို့ ပြောလာသည့်ပိုင်ကုဖန်းရဲ့ပြတ်သားသည့်မျက်နှာလေးကြောင့် မင်ရန်ဟောက် ကြည်နူးမိသွားသည်၊ပိုင်ကုဖန်းရဲ့လက်ဖမိုးလေးကို ဖွဖွလေးနမ်းလိုက်ပြီး ...
"မင်းက ကိုယ့်ရဲ့အရာအားလုံးပဲ၊ကိုယ်ရဲ့မျှော်လင့်ချက်၊ကိုယ်အမြဲမက်နေတဲ့ အိပ်မက်ထဲက လူသားလေးပဲ ...မင်းက ကိုယ်ရဲ့ပျော်ရွှင်မှုလေးပဲ သိလားရှောင်ဖန်း...မင်းက ကိုယ်ရဲ့ကမ္ဘာကြီးနဲ့ကိုယ့်နှလုံးသားရဲ့ပဲ့ကိုင်ရှင်ပဲ "
"မင်းကို စကားလုံးတွေနဲ့ဖော်ပြလို့မရတဲ့အထိ ကိုယ်ချစ်တယ်"လို့ မင်ရန်ဟောက်ပြောလာသည့်စကားကြောင့် သူ့တကိုယ်လုံးအပူလှိုင်းများ ဖြတ်ပြေးသွားသလို ခံစားလိုက်ရသည်၊သူရဲ့နှလုံးသားတစ်စုံဟာ အပြင်ကိုခုန်ပေါက်မတက်ဖြစ်နေပြီး သူရဲ့လက်များဟာ မင်ရန်ဟောက်ရဲ့အင်္ကျီကိုဆုပ်ကိုင်ထားပြီး...
"ငါ... ငါ မင်းကို တွေ့ချင်တယ်...မင်းကို ထိတွေ့ချင်တယ်၊မင်းကို နမ်းချင်တယ် မင်းကို တသက်လုံးပွေ့ဖက်ချင်တယ်...ဘာလို့ ငါ့ဆီမှာ အဲ့လိုထူးဆန်းတဲ့အတွေးတွေ ရှိနေလည်း ငါမသိဘူး...ပြီးတော့ ငါ့အတွေးကို မင်းသိသွားမှာလည်း ကြောက်တယ်... ပြီးတော့ မင်းမှာက မိဖုရားတွေကော ကိုယ်လုပ်တော်တွေကော ရှိတယ်လေ ပြီးတော့ ဟို တော်ဝင်သမားတော်လက်ထောက်နဲ့တောင်... မင်းဘာလိုလို..."
YOU ARE READING
Zhao Wen Xuan(System)
RomanceMain Title - တံခါးများရဲ့နောက်ကွယ်က ဘဝများ Title: Zhao Wen Xuan Author: Neko san(Daddy) Types: System,Boy love Started date:.13.10.2019 End date: ????? Zhao Wen Xuan:sky မင်းသိသင့်တယ် ငါက ယောကျာ်းစစ်တယ်ဆိုတာ.. [Sky:ကျွန်တော်ရဲ့တွဲဖက်ဟာ Gayတစ်ယောက်ပဲ...
Arc-10.18(စစ်သူကြီးပိုင်ကုဖန်း)
Start from the beginning
