အတွေးရိုင်းတွေက သူ့စိတ်ထဲပေါ်နေချိန် သူ့မျက်လုံးထောင့်ကနေ တွေ့လိုက်တဲ့ မြင်ကွင်းလေးတစ်ခုက သူ့အာရုံကို ဖမ်းစားသွားသည်။ရှောင်ပိုကျင်းလည်း ထိုပုံရိပ်ကို သေချာကြည့်လိုက်သည်။

  သိပ်မဝေးတဲ့ အမိုးအောက်တနေရာမှာ ရိုးရှင်းတဲ့ စိမ်းဖျော့ရောင်ဝတ်ရုံကို ဝတ်ထားတဲ့မိန်းကလေးတစ်ယောက်က ဝါးကုလားထိုင်ရှည်တစ်ခုပေါ်မှာ အိပ်စက်နေသည်။လက်တဖက်က သူမခေါင်းအောက်ကို ခုထားပြီး နောက်တဖက်ကတော့ ကုလားထိုင်လက်ရမ်းပေါ်ကို တင်ထားရာကနေ လျောကျနေသည်။အကျီလက်အိုးကျယ်လက်က တံတောင်လောက်ထိကို လျောကျနေတာကြောင့် သူမရဲ့ဖြူ ဖြူ နုနုလက်ကလေးက ပေါ်ထွက်နေသည်။ထိုသဘာဝကျတဲ့ပုံဆန်လေးက ဖြူ စင်ပြီး အပြစ်ကင်းလှသည်။

   ရှောင်ပိုကျင်းက နေရာမှာတင်ပဲ ရပ်နေမိပြီး မိန်းကလေးရဲ့ပိန်သွယ်သွယ်ကိုယ်လေးကို လောဘတကြီးနဲ့ ကြည့်နေမိသည်။

   တစ်က သူ့သခင်ရဲ့ မျက်နာထားကို ကြည့်ပြီး နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့လိုက်သည်။ပြောခွင့်မရှိတာကြောင့် သူ့အတွေးကို ထပ်ပြီး သိမ်းဆည်းထားလိုက်တော့သည်။

  အကျီလက်အိုးကျယ်အောက်က သူ့လက်ကို ရှောင်ပိုကျင်း တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။သိပ်မကြာခင်အချိန်မှာပဲ သူက တစ်ကို အသံနိမ့်နိမ့်နဲ့ အမိန့်ပေးလိုက်သည်။
  " တစ်..ဟိုအစေခံကို ဂရုစိုက်ထားလိုက်"

    ရှောင်ပိုကျင်းရဲ့ အကြည့်တလျှောက်ကို လိုက်ကြည့်လိုက်တော့ သိပ်မဝေးတဲ့တနေရာမှာ ပန်းထိုင်ထိုးနေတဲ့ အစေခံတစ်ယောက်ကို တစ်တွေ့လိုက်ရသည်။ထို့နောက်တော့ သူက လေထဲမှာပဲ ပျောက်သွားတော့သည်။

   နောက်စက္ကန့်အနည်းငယ်လောက်မှာပဲ ရှီးယန်ရဲ့ခန္ဓာကိုယ်က ခွေကျသွားသည်။တစ်က ရှီးယန်ကို အမှီတစ်ခုနားကို ရွှေ့ပြီး ထားလိုက်သည်။

    တစ်က အလုပ်လုပ်ပြီးတာကို တွေ့တော့ ရှောင်ပိုကျင်းလည်း တူရိယာခန်းမအောက်ကို သွားလိုက်သည်။

    သူ့ရဲ့တည်ငြိမ်နေတဲ့ပုံရိပ်အောက်က သူ့နှလုံးတစ်ခုလုံးကတော့ ဗုံမျက်နာပြင်လိုပဲ ခုန်ပေါက်နေတော့သည်။

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now