ပြီးတော့ တာဝန်မကျေပွန်တဲ့ အားလန်(ဒုတိယသား) ကလည်း ရှိသေးတော့ သူ့အတွက်လည်း ငွေအချို့ ကို ထိန်းသိမ်းပေးထားဖို့ လိုသေးသည်။

    ကျင်းအန်ကတော်ဖြစ်တဲ့ သခင်မကြီးရဲ့ချွေးမက မြေးသုံးယောက်မွေးပေးခဲ့ပေမယ့် ကျန်းမာရေးမကောင်းတဲ့အတွက် သခင်မကြီးသာ အိမ်တော်ကို စီမံခဲ့ရသည်။ သခင်မကျိုး က အိမ်တော်ကို ဝင်လာခဲ့တော့ သခင်မကြီးက အိမ်တော်စီမံရေး ကိစ္စတွေကို လက်လွှဲပေးလိုက်ပေမယ့်  သိပ်ပြီး လည်လည်ဝယ်ဝယ်မရှိတဲ့အတွက် သခင်မကျိုးရဲ့လက်ထက်ကျမှ အိမ်တော်ရဲ့ဝင်ငွေဟာ ပိုဆိုးလာခဲ့သည်။
   
      သခင်မကြီးသာ မန်နေဂျာအချို့ ကို သေချာ မလေ့ကျင့်ပေးထားခဲ့လျှင် လုပ်ငန်းအားလုံးက ကူလင်းစားသောက်ဆိုင်လိုပဲ ဖြစ်သွားတာ ကြာနေလောက်ပြီဖြစ်သည်။

   သခင်မကျိုးကလည်း Dalangအတွက် သားယောက်ျားမမွေးပေးနိုင်တဲ့အတွက် သူမရဲ့အပြစ်ရှိတဲ့ခံစားချက်ကို ဖုံးကွယ်နိုင်ဖို့ သူမရဲ့အချိန်တွေကို အိမ်တော်စီမံတဲ့နေရာမှာပဲ ကုန်စေခဲ့သည်။တခါတလေ အိမ်တော်ရဲ့လစဉ် ငွေဝင်မှု ကွာဟချက်ဖြစ်နေရင်တောင်မှပဲ သူမက သူမရဲ့ကိုယ်ပိုင်ငွေထဲက ဖြည့်ပြီး ကွာဟချက်ကို ဖုံးထားခဲ့သည်။

   သို့ပေမယ့်လည်း ထိုဟာက ကြာရှည်သုံးလို့ရတဲ့ ဖြေရှင်းနည်းမဟုတ်ပေ။

   အကယ်လို့ သူတို့မှလည်း အခြားအိမ်တော်တွေလို မျိုးဆက်များရင် ပိုပြီး အဆင်ပြေလိမ့်မည်။ ထိုမှသာ တမျိုးဆက်မကောင်းရင် နောက်တမျိုးဆက်က စီးပွားရေး ထောက်တိုင်အဖြစ် လုပ်ပေးလိမ့်မည်။ သို့ပေမယ့် ကျင်းအန်မြို့စားအိုက တဦးတည်းသော သားဖြစ်၍ သူ့ရဲ့မျိုးဆက်ကလည်း နည်းနေခဲ့သည်။

   သခင်မကြီးဟေးက ယခုကျင်းအန်မြို့စားဖြစ်တဲ့သားဖြစ်သူနဲ့ သမီးတစ်ယောက်ကို မွေးပေးနိုင်ခဲ့ပေမယ့်လည်း သမီးဖြစ်သူက အသေစောခဲ့သည်။ သို့ပေမယ့် သူ့သားဇနီးဖြစ်သူ ကျင်းအန်ကတော်က မြေးသုံးယောက်ကို မွေးပေးနိုင်ခဲ့၍ အတော်လေး ပျော်ရွှင်ခဲ့ရသည်။ ထို့ကြောင့်လည်း ကျင်းအန်ကတော်က ကျန်းမာရေးမကောင်းတာတောင်မှ သခင်မကြီးဟေးက အပြစ်မမြင်တာပင်။

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now