Chapter 28: မှန်ကန်တဲ့ ရွေးချယ်မှုကို ဘယ်လိုလုပ်ရမလဲ (၃)

Start from the beginning
                                    

ဟော်ရှောင်းရှောင်း သူ့ကို လှည့်ကြည့်လိုက်သည်။

" ငါတို့ သွားမယ့်နေရာကို ရောက်ရင် တိတ်တိတ်နေ... မင်းရဲ့ဂိမ်းကိုပဲ ကစားနေ...မဆူညံနဲ့၊ မငိုနဲ့၊ ငါ ပြောတာကို ကြားလား "

ဟော်ရှောင်းရှောင်း ခဏလောက် စဉ်းစားလိုက်သည်။ ဖေဖေက ငါနဲ့ပတ်သက်ပြီး နည်းနည်းသံသယဝင်နေပုံရတာပဲ။ ထို့ပြင် ဒီနေ့ ဆောင်ရွက်မှုသည်လည်း တကယ်တော့ နည်းနည်းများလွန်းသည်။

သူမ စိတ်ဆင်းရဲနေချိန်တွင် ဟော်ဆွေ့ချန်းကိုစိတ်ရှုပ်ထွေးစွာဖြင့် ကြည့်ကာ ဘာမှမပြောခဲ့ပေ။

ဟော်ဆွေ့ချန်းက ထပ်ခါတလဲလဲ ပြောနေခဲ့သည် " မငိုနဲ့၊ မဆူညံနဲ့၊ ပြီးတော့ နာခံဖို့... ရှင်းပြီလား "

ဟော်ရှောင်းရှောင်း မျက်တောင်အနည်းငယ်ခတ်လိုက်သည်။ ဘေးကင်းရာတွင် ရှိနေရန် သူမ ဟော်ဆွေ့ချန်းအား မည်သည့်အရာမှ မတုန့်ပြန်ဘဲ သူမခေါင်းကို ပြတင်းပေါက်ဘက်သို့ လှည့်လိုက်တော့သည်။

ဟော်ဆွေ့ချန်း၏မျက်လုံးများသည် သံသယများဖြင့် တောက်ပနေသည်။ သို့သော်လည်း ထိုအရာအား သူ အများကြီး မတွေးမိခင်တွင် သူတို့ ယုံဖူကလပ်သို့ ရောက်သွားခဲ့သည်။

ယုံဖူကလပ်သည် လွန်ခဲ့သောရာစုအစပိုင်းကတည်ဆောက်ခဲ့သည့် ဥရောပပုံစံအဆောက်အဦးဖြစ်သည်။ ၎င်းသည် နိုင်ငံတစ်နိုင်ငံ၏ကောင်စစ်ဝန်ရုံး ဖြစ်ခဲ့သည်မှာ ကျိန်းသေသော်လည်း နောက်ပိုင်းတွင် အပန်းဖြေကလပ်တစ်ခုအဖြစ်သို့ ပြောင်းလဲခဲ့သည်။

ကလပ်၏ဝင်ပေါက်ရှိ စားပွဲထိုးများသည် ရှေ့သို့ အလျင်အမြန် တံခါးဆီသို့ လမ်းလျှောက်သွားကြပြီး တံခါးကို ဖွင့်လိုက်သည်။ ဟော်ဆွေ့ချန်းက ဆင်းလာခဲ့သော်လည်း အခြားဘက်သို့ သွားကာ ကလေးထိုင်ခုံမှ ဟော်ရှောင်းရှောင်းအား ခေါ်လိုက်သည်။ ထို့နောက် စားပွဲထိုး၏အံ့သြနေသည့်မျက်လုံးများအောက်တွင် ကလပ်ထဲသို့ ဝင်သွားခဲ့သည်။

ဒါသည် ကလပ်တစ်ခုဖြစ်သော်လည်း အလင်းအမှောင်တို့နှင့်အတူ ကခုန်နေကြသူများ မရှိပေ။ ထို့အစား ကလပ်ကို ကြော့ရှင်းစွာ အလှဆင်ထားခဲ့သည်။ ကလပ်သို့ ဝင်ရောက်ရန်အတွက် သေချာသည့် အရည်အချင်းအချို့လိုအပ်ကာ ဤအရပ်သို့ လူတိုင်း မဝင်ရောက်နိုင်ပေ။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now