ထိုစကားတွေက အတော်လေး ထူးဆန်းနေတယ်လို့ ချူ းလျန်ခံစားနေရသည်။ ကုန်းကုန်းဝေရဲ့ ရာထူးနဲ့ဆို ပုံမှန်ဆို အတော်အလုပ်ရှုပ်နေမှာပင်။ ဒါဆို ဘာလို့ သူက ဒီမှာနေဖို့ အချိန်ရနေပြီး သူမကိုကော ဘာလို့ စကားလာပြောနေရတာလဲ?

    ဒါပေမယ့်လည်း ကုန်းကုန်းဝေက ဆက်ပြီး ပြောချင်နေပုံရ၍ ချူ းလျန်လည်း အလိုက်အထိုက် တုံ့ပြန်လိုက်သည်။
   " ကုန်းကုန်းဝေက ကျွန်မကို အထင်ကြီးနေရော့ပဲ ၊ ကျွန်မက ဒီကို ဖြတ်သွားတုန်း ဗိုက်နည်းနည်းဆာလာတာနဲ့ ခဏနားလိုက်ရုံပါပဲ"
  ချူ းလျန်က သူမလက်ထဲက မုန့်အိတ်ကို ငုံ့ကြည့်လိုက်ပြီးမှ ဆက်ပြောသည်။
   " ဒါတွေက မုန့်ဝိုင်းကိတ်တွေတော့ မဟုတ်ပါဘူး ၊ ဒါက ကျွန်မကိုယ်တိုင် အိမ်ကလုပ်ခဲ့တဲ့ မုန့်တွေပါ "

  " အို? ဒီအစေခံကြားတာတော့ ဂုဏ်ထူးရအမျိူ းသမီးရဲ့ စိတ်ထားက သစ်ခွပန်းလိုပဲ ဖြူ စင်တယ်တဲ့လေ၊ ဒီအစေခံ မသိတာက ဂုဏ်ထူးရအမျိူ းသမီးက အခုလို မုန့်မျိူ းတွေကိုလည်း လုပ်တတ်သေးတယ်လို့ပေါ့၊ ဒီအစေခံ သိချင်သေးရဲ့ ဂူဏ်ထူးရအမျိူ းသမီးရဲ့ မုန့်လက်ရာတွေကို မြည်းစမ်းကြည့်ဖို့ အခွင့်ရှိပါအုံးမလား ဆိုတာကိုလေ "

      ကုန်းကုန်းဝေ ထိုစကားတွေကို ပြောပြီးတော့ အနည်းငယ် ရှက်စရာကောင်းတယ်လို့ ခံစားလိုက်ရသည်။သို့ပေမယ့် ဘယ်လောက်ပဲ ဒီကိစ္စက ထူးဆန်းနေအုံးတော့ ဧကရာဇ်ရဲ့အမိန့်ကို သူမနာခံလို့ မရပေ!

   ချူ းလျန်လည်း စွံ့အသွားသည်။ ဘာ? နန်းတော်ထဲမှာ အမှုထမ်းနေတဲ့ သူမနဲ့ တခါမှ မတွေ့ဖူးတဲ့ အဆင့်မြင့်ကုန်းကုန်းတစ်ယောက်က သူမရဲ့ မုန့်တွေကို ... တောင်းနေတယ်?

   ချူ းလျန်ရဲ့ ထူးထူးဆန်းဆန်းအကြည့်ကို ရင်ဆိုင်ရင်း ကုန်းကုန်းဝေလည်း မုန့်အိတ်ကို
ဆွဲယူလိုက်တော့သည်။ ပြီးတာနဲ့ သူက ချူ းလျန်ကို မြေကြီးခေါင်းစိုက်မတတ် အရိုသေပြု နှုတ်ဆက်လိုက်ပြီးနောက်... ခြေလှမ်းသွပ်သွပ်နဲ့ ပြေးထွက်သွားတော့သည်...

     ချူ းလျန်သာ ထိုဥယာဉ်ထဲမှာ မတ်တပ်ရပ်လျက် ကျန်ရစ်နေခဲ့ပြီး သူမရဲ့လက်တွေက လေထဲမှာ တန်းလန်းဖြစ်နေလျက်
   " ကုန်းကုန်းဝေ ... ကျွန်မရဲ့အိတ်... "

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now