Chapter-519

6.1K 1.1K 40
                                    

//Unicode//

အပိုင်း ၅၁၉- တိုက်ပွဲ

အရိုးဖြူမြို့လေးရဲ့တည်းခိုခန်းက ရိုးရှင်းပြီး
အကြမ်းထည်ဆန်သည်။ သူတို့မြို့ကို
ရောက်လာပြီးပတ်ကြည့်တဲ့အခါ ဒီတည်းခိုခန်း
တစ်ခုတည်းကသာ အတော်အတန်သန့်ရှင်းတာကို
တွေ့ရသည်။ အခန်းတွေကိုအရည်အသွေးနဲ့
ခွဲထားတာမဟုတ်ဘဲ ကောင်းကောင်းမကောင်း
ကောင်းတစ်ညကိုစွမ်းအင်ကျောက်တုံး၅တုံး
ကျသင့်၏၊ ကံကောင်းစွာနှင့် ခုတင်က
အတော်လေးကြီးပြီး ဝန်ဆောင်မှုကလည်း
မဆိုးဘူးလို့ဆိုလို့ရလေသည်။

ယူရှောင်းမိုအတွန့်တက်ခဲ့ရတဲ့အကြောင်းအရင်း
ကတော့ မြို့တော်ကဟိုတယ်ရဲ့
ပထမတန်းစားအခန်းလောက်ဈေးပေးရလို့ပဲ။
သူ တည်းခိုခန်းပိုင်ရှင်ကိုဈေးဆစ်ချင်ပေမယ့်
လင်းရှောင်က သူ့ကိုယ်သူအရှက်မခွဲချင်ပေ။

အခန်းဆီရောက်တော့ ယူရှောင်းမိုက
ဖိနပ်ချွတ်လိုက်ပြီးခုတင်ပေါ် တက်လိုက်တယ်။

တည်းခိုခန်းကခုတင်က ခေတ်ဟောင်းစတိုင်
သစ်သားကုတင်ဖြစ်ပြီး လိုက်ကာလေးတောင်
မပါရှိပေ။ အိတဲ့အိပ်ယာမှာအိပ်ရတာ
နေသားကျနေတဲ့သူ့အတွက် အစပိုင်းမှာ
သိပ်ပြီးသိပ်တောင့်သက်သာမရှိပေ။

အဲ့ဒီ့နောက်တော့ ယူရှောင်းမိုလည်း
ထုံထျန်းဈေးရောင်းပွဲတော်တုန်းကရခဲ့တဲ့
နတ်ဆိုးသားရဲရဲ့အသက်သလင်းကို
ထုတ်လိုက်သည်။

သူ့မှာအသက်သလင်းလေးခုရှိသော်လည်း
အဆင့်၁၁က တစ်ခုသာရှိသည်။
ဒီတစ်ခုကလွဲလို့ ကျန်တာအားလုံးကို
ဖီချုံးတို့ကိုပဲပေးလိုက်ဖို့ စီစဉ်ထားသည်။

လင်းရှောင်က အသက်သလင်းရဲ့အရှိန်အဝါကို
ပျံ့ထွက်မသွားစေရန် အခန်းပတ်ပတ်လည်တွင်
အရံအတားအစီအရင်တစ်ခုခင်းလိုက်သည်၊
အသက်သလင်းက ဆာလောင်နေတဲ့နတ်ဆိုးသားရဲ
တွေကိုဆွဲဆောင်နိုင်တယ်လေ။ ဒါကအဆင့်၁၁
နတ်ဆိုးသားရဲရဲ့အသက်သလင်းဖြစ်
တာကြောင့် အဆင့်တူနတ်ဆိုးသားရဲတွေအတွက်
ဆွဲဆောင်အားကောင်းတဲ့အရာဖြစ်လေသည်။

အသက်သလင်းသည် ကြက်သွေးရောင်ရှိကာ
ယူရှောင်းမိုလက်သီးဆုပ်ရဲ့တစ်ဝက်ခန့်
ရှိသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now