Chapter-532

6K 1.1K 48
                                    

//Unicode//

အပိုင်း ၅၃၂- ပညာရှိသူဟာအခြေအနေအချိန်အခါနဲ့
ပြုမူတယ်

ဟယ့်ရှုန်းပြန်ရလိုက်တဲ့အဖြေမှာ သူ့ခေါင်းသို့
ဦးတည်နေသော ထက်မြိနေသည့်လေဓားတစ်လက်
ပင်ဖြစ်သည်။ ထိခတ်မိပါက ခေါင်းတစ်ခုလုံး
ဖရဲသီးတစ်လုံးကဲ့သို့ ကြေမွသွားလိမ့်မည်။

စတိုက်ခိုက်တဲ့သူကို ဟယ့်ရှုန်း ကြည့်လိုက်သည်၊
ထိုသူက သက်တန့်အဆင့်၁မှော်ဆရာဖြစ်တဲ့
အရပ်အပုဆုံးလူငယ်လေးပင်။
အဲ့လိုလူက သူ့ကိုတိုက်ခိုက်ရဲတယ်ပေါ့?

ဟယ့်ရှုန်းရဲ့မျက်လုံးထဲတွင် အံ့အားသင့်သော
အရိပ်အယောင်တစ်ခုပေါ် လာသည်။
သူက လူငယ်လေးထက်ပိုသန်မာသည်ဖြစ်ရာ
ဤတိုက်ခိုက်မှုက သူ့အတွက်
ဘာမှမဟုတ်ပေ၊ ထို့ပြင်သူ၏မူလအသွင်က
အဆင့်မြင့်တဲ့ဝက်ဝံတစ်ကောင်ဖြစ်သည်။
မာကြောသည့်အပေါ် ယံအရေပြားနဲ့ဆို
တစ်ခါတစ်လေလောက်ကိုယ်လုံးနဲ့ခုခံလိုက်ရင်တောင်
သူ့အတွက်သိပ်ပြီးအန္တရာယ်မရှိပေ။

သို့သော်လည်း သူကျိရန်မြို့ကိုတာဝန်ယူလာတဲ့
နှစ်သောင်းချီတစ်လျှောက်မှာ စကားတစ်ခွန်းမဆိုဘဲ
တိုက်ခိုက်သူကိုမြင်ဖူးတာ ဒါကပထမဆုံးပင်
ဖြစ်သည်။

ဟယ့်ရှုန်း အေးတိအေးစက်ရယ်မောလိုက်၏။
ဒီလိုဆိုမှ​တော့ သူထိန်းထားစရာမလိုတော့ဘူး။

ဟယ့်ရှုန်းသည် လက်မြှောက်လိုက်ကာ
မူလကပင်သန်မာလှပြီဖြစ်သောလက်မောင်းဟာ
နှစ်ဆခန့်ပို၍ကြီးမားလာပြီး စိတ်ဝိဉာဉ်ဓားအား
တိုက်ရိုက်ပြန်ခုခံလိုက်သည်။ သူ့လက်မောင်း
များတွင် တွန်းကန်အားပါရှိနေသည့်အလား
ဓားသွားသည်၎င်းမှပြန်ကန်ထွက်လာ၏။

အမှန်မှာအဲ့လိုပဲဖြစ်သင့်ပေမယ့် ဓားသွားက
ပြန်ကန်ထွက်လာသည်နှင့် အလယ်နားဆီမှ
မီးပွားများရုတ်တရက်ပေါက်ကွဲထွက်လာကာ
တောက်လောင်ပြီး ပျံ့နှံ့သွားသည်။
ဘန်း!

တစ်ခဏမှာပဲ ဟယ့်ရှုန်းရဲ့လက်မောင်းကို
မီးစွဲလောင်လာသည်...

ဟယ့်ရှုန်း၏အမူအရာက ချက်ချင်းပြောင်းသွား
တော့သည်။ မီးတောက်ကလျင်မြန်စွာ
ပျံ့နှံ့နေ၏၊ အင်္ကျီလက်များအားတစ်ခဏအတွင်းမှာ
ပြာဖြစ်သွားစေပြီး သူ့လက်မောင်း
ပေါ် သို့တက်လာကာ အရေပြားတစ်ခုလုံး
ကျက်တော့မတတ်ပင်။ မီးတောက်၏
တဖျစ်ဖျစ်မြည်သံများသည် ဟယ့်ရှုန်း၏
ဒေါသတကြီးအော်ဟစ်သံများနှင့်
ရောနှောသွား၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now