Chapter-448⚠️

11.2K 1.2K 43
                                    

This part includes warning!!

Unicode
အပိုင်း၄၄၈- မိတ်လိုက်ရာသီ

အခန်းကိုရှာတွေ့ပြီးတဲ့နောက် ယူရှောင်းမိုက
ဒီတိုင်းဝင်သွားဖို့မသင့်တာကြောင့် တံခါးခေါက်
လိုက်သည်။ သို့သော်ငြားလည်း
သုံးချက်ခေါက်ပြီးသည်အထိ ပြေးထွက်လာပြီး
ဖွင့်ပေးမယ်လို့သူမျှော်လင့်ထားသူက
အစတောင်ရှာမရပေ။

ထို့ကြောင့် သူထပ်ခေါက်လိုက်၏၊ သို့ပေမယ့်
တစ်ယောက်မှမရှိသေး။ သူဖြတ်ဝင်သွားတော့
မယ့်အချိန်မှာပဲ မကြားနိုင်သလောက်ရှိတဲ့
ညည်းညူသံသဲ့သဲ့က သူ့နားထဲရောက်လာ၏။

ယူရှောင်းမိုက ကြောင်သွားတော့သည်။

ညည်းညူသံတစ်သံ?

ညည်းညူသံလေ?

သူနားကြားမမှားဘူးမလား? ရှဲ့ချုံးတို့အတွက်
သူမှာပေးထားတဲ့အခန်းမှာ မိန်းမတစ်ယောက်ရဲ့
ညည်းညူသံထွက်နေတယ်။ သူကလိင်တူ
ကြိုက်နှစ်သက်သူဆိုပေမယ့် မျိုးမတူတဲ့ညည်းညူ
သံကိုမသိတာတော့မဟုတ်ဘူး၊
ဒီအသံကသေချာပေါက်ကို အဲ့တာလုပ်လို့
ထွက်လာတဲ့အသံပဲ။

ရှဲ့ချုံးတို့က ...... မိန်းမတစ်ယောက်ကောက်လာ
တယ်?

ယူရှောင်းမိုက အခက်တွေ့နေ၏၊ သူဝင်သွားသင့်
လား... မဝင်သွားသင့်ဘူးလား?

ပတ်ဝန်းကျင်ကပိုမိုတိတ်ဆိတ်လာသည်နှင့်အမျှ
အခန်းဆီမှညည်းညူသံက ပိုမိုကျယ်လောင်လာကာ
ညစ်ညမ်းသောစကားများကဟိုဟိုသည်သည်
ထွက်ပေါ် လာတော့၏။ နေ့ခင်းကြောင်တောင်ကြီးမှာ
ဒီလောက်ရဲတင်းတာ... မောင်ချုံးတော့
မဖြစ်နိုင်ဘူး။

" ဟေး.... မင်း... မင်းဘာလို့ဒီမှာရပ်နေတာလဲ?"
ထိုအချိန်မှာပဲ ဘေးဘက်မှအနဲငယ်တွန့်ဆုတ်နေသော
အသံတစ်သံထွက်လာ၏။

ယူရှောင်းမိုလှည့်ကြည့်လိုက်တော့ သူ့ကို
ရှုပ်ထွေးတဲ့အကြည့်နဲ့စိုက်ကြည့်နေသည့်
သူတစ်ခါဆုံဖူးတဲ့ ဝူချန်ဖြစ်နေသည်။
သူစကားပြောတော့မယ့်အချိန်တွင်
မိန်းမတစ်ယောက်ရဲ့ညည်းညူသံက
အရင်ကထက်ပိုကျယ်သည့်အသံဖြင့်
ထွက်ပေါ် လာတော့သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now