Unicode
အပိုင်း၄၁၈: ရန်သူနှစ်ယောက်အမှတ်က ၄.၂စင်တီမီတာ(၁.၆၅လက်မ)ဆိုတာကို
ဝမ်ယနဲ့ကျန်နှစ်ယောက်က ကြားတော့
မတူည်ီတဲ့အမူအရာတွေဖြစ်သွားကြတယ်။
ကျုံးယဲ့ကစံချိန်ချိုးနိုင်လိမ့်မယ်လို့ သူတို့မျှော်လင့်
ထားပေမယ့်လည်း ၀.၅စင်တီမီတာ(၀.၂လက်မ)
တိတိ သာနေမယ်လို့မထင်ခဲ့ဘူး။ သို့သော်
ထိုစကားနောက်တွင် မန်နေဂျာယန်ရဲ့'ဒါပေမယ့်'
ဆိုတာကို သူမကြားလိုက်ရသည်။သူတို့တွေ့လိုက်ရတာက မန်နေဂျာယန်က ကျုံးယဲ့
စံချိန်ချိုးသွားတာကိုပျော်နေပုံမရဘဲ သူက
တစ်ခုခုကိုဖွင့်ဟပြောဖို့ရှက်နေပုံရတယ်။ကျုံးယဲ့ကမျက်ခုံးပင့်လိုက်၏။
အန်းချောင်ကမနေနိုင်ဘဲမေးလိုက်တယ်၊
"ဘာလဲ?"မန်နေဂျာယန်ကတစ်ခဏမျှစဉ်းစားလိုက်သည်၊
"ဒါပေမယ့်၊
သခင်လေးကျုံးယဲ့က ကျောက်ပြားပေါ်ကစံချိန်ကို
မချိုးခဲ့ပါဘူး"ကျန်းလန်ယွီက နားမလည်နိုင်ဖြစ်သွား၏၊
"မန်နေဂျာယန်၊ ကျောက်ပြားပေါ်ကစံချိန်က
၃.၇စင်တီမီတာ(၁.၄၅လက်မ)ဆိုတာ ငါမှတ်မိတယ်။
ကျုံးယဲ့က ၀.၅စင်တီမီတာ(၀.၂လက်မ)တောင်
သာတယ်လေ။ ဒီရလဒ်က စံချိန်မချိုးဘူးဆိုတာ
ဘယ်လိုဖြစ်နိုင်မှာလဲ?"
ဒီစံချိန်အကြောင်းကို သူတို့မနေ့ကမှ ကြားထားတာ
ဖြစ်သည်။ဝမ်ယက သူမဘာသာသူမရေရွတ်လိုက်၏၊
"မန်နေဂျာယန်၊ ၃.၇စင်တီမီတာစံချိန်ကို
ကျွန်မတို့ထက်အရင် တစ်ယောက်ယောက်က
ချိုးသွားခဲ့တာများလား? နောက်ပြီးသူတို့ရမှတ်က
ကျုံးယဲ့ရမှတ်ထက်တောင် များနေတာ?"
ဒီလိုသာဆိုရင် ထိုပုဂ္ဂိုလ်မှာအမှန်ပင်
မယုံနိုင်စရာကောင်း၏။မန်နေဂျာယန်ကတည်ကြည်လေးနက်စွာ
ခေါင်းညိမ့်လိုက်သည်။ စံချိန်ကိုချိုးသွားခဲ့တဲ့
ထိုပုဂ္ဂိုလ်မှာမှော်ဆရာအစည်းအရုံးမှ လူတစ်ယောက်
ဖြစ်ရန်မျှော်လင့်ခဲ့၏၊ သို့သော် ကံမကောင်းစွာပင်
ထိုသို့မဟုတ်ခဲ့ပေ။ ထိုလူမှာ ကျောက်ပြားစမ်းသပ်မှု
အကြောင်းကို မသိပေ၊ ထို့ကြောင့် သူ့အတွက်
မှော်ဆရာအစည်းအရုံးနှင့်သက်ဆိုင်တာ မဖြစ်နိုင်။
YOU ARE READING
The Legendary Master's Wife [မြန်မာဘာသာပြန်]
AdventureOriginal Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want to read from Chapter-1, please check my reading list, The Legendary Master's Wife.) (Available in both Unicode and Zawgyi) story cover-crd t...