Chapter-513(part-1)

5.9K 1K 11
                                    

//Unicode//

အခန်း ၅၁၃- ဝူချန်နှင့်ထပ်မံတွေ့ဆုံခြင်း

တိတ်ဆိတ်နေသည့်ယှဉ်ပြိုင်ကွင်းထဲ၌
စင်မြင့်ပေါ် တွင် ကျန်တဲ့တစ်ဦးတည်းသောသူမှာ
ယူရှောင်းမိုသာဖြစ်သည်။ လူတိုင်းက
စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေကြစဉ်
လူတစ်ချို့ကယူရှောင်းမိုရဲ့
အပြုအမူတွေနဲ့ပတ်သတ်ပြီး
တစ်စုံတစ်ခုမှားယွင်းနေတာကို
သတိပြုမိသွားပေသည်။

သူကအံကြိတ်ထားသည့်နှယ် ရုတ်တရက်သွားဖြဲ
လိုက်ပြီး သိပ်မကျေနပ်တဲ့ပုံပေါ် နေသည်။

သူရှုံးသွားပြီထင်တယ်!

လူပေါင်းများစွာက ထိုကဲ့သို့အတွေးဝင်မိ
ကြသည်။ သို့သော်လည်း ဒီဟာက
ဘာမှလုပ်မရသည့်အရာဖြစ်နေသည်။
မိုးကြိုးတိမ်လွှာဆေးလုံးက အဆင့်၁၀
အဆင့်မြင့်ဆေးလုံးဖြစ်ပေသည်၊ ဒါပေမယ့်
ယူရှောင်းမိုရဲ့ကျင့်ကြံဆင့်က အလတ်ဆင့်သာ
ဖြစ်သည်။ စိန်ခေါ် ခြင်းဖြင့် သူသည်
ပိုမြင့်တဲ့အဆင့်တစ်ခုကို ခုန်တက်ရမည်သာမက
မှော်ဆေးလုံးရဲ့အရည်အသွေးကို
ဆရာဝူရဲ့ဟာထက်ပိုကောင်းအောင်လည်း ပြုလုပ်ဖို့
လိုအပ်သည်။ ဒီဟာတွေက သူ့ပုခုံးပေါ် မှာ
ဖိတင်ထားတဲ့တောင်ကြီးနှစ်လုံးလိုဖြစ်နေပြီး
ပထမတစ်ကြိမ်ကြိုးစားမှုမှာ အောင်မြင်နိုင်ဖို့
ဘယ်လိုမှမဖြစ်နိုင်ပေ။

"အား! သူရှုံးတော့မှာလား?" ထျန်ရှင်းက
စိတ်ပျက်စွာပြောလိုက်သည်။

ယန်ဟွေ့က ခေါင်းခါလိုက်လေပြီး၊
"မဖြစ်နိုင်ပါဘူးလို့ငါမပြောခဲ့ဘူးလား?
ရှောင်းဟာရဲ့အဆင့်နဲ့ဆို ခက်ခဲလွန်းနေတယ်"

ရုတ်တရက် ထျန်ရှင်းကသူမရဲ့ပါးနှစ်ဖက်ကို
အားပြင်းပြင်းရိုက်ချလိုက်၏၊
"ဘာပဲဖြစ်ဖြစ် နောက်ထပ်အခွင့်အရေးတစ်ခါ
ရှိသေးတာပဲ၊ ပထမဆုံးတစ်ခေါက်မှာ
ကျရှုံးထားတဲ့အတွေ့အကြုံနဲ့ဆို
ဒုတိယတစ်ခေါက်ကျ နည်းနည်းလောက်တော့
ပိုကောင်းမှာပါ"

"အဲ့လိုပဲမျှော်လင့်ရမှာပဲ"

"သူကျရှုံးမယ်လို့ဘယ်သူပြောတာလဲ?"
ထိုအခိုက်အတံ့တွင် အတက်အကျမရှိသည့်
ရင်းနှီးနေတဲ့အသံက သူတို့နံဘေးဘက်ဆီမှ
ရုတ်တရက်ထွက်ပေါ် လာသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now