Chapter-426

7.1K 1.3K 95
                                    

Unicode
အပိုင်း၄၂၆-ပြောင်လက်နေသောအရိုးစု

အချိန်ကတစ်စက္ကန့်ပြီးတစ်စက္ကန့်ကုန်ဆုံးသွားကာ
မျက်စိတစ်မှိတ်မှာပင် တစ်နာရီကုန်သွားပြီ
ဖြစ်၏။

ယူရှောင်းမိုက သူ့ဦးနှောက်ကပြန်ပို့လိုက်တဲ့
အချက်အလက်ကို အာရုံခံမိလိုက်ပြီး
သူဘယ်လောက်တောင်ကြီးတဲ့အမှားတစ်ခု
လုပ်မိလိုက်လဲဆိုတာ နောက်ဆုံးတော့နားလည်သွား
တော့၏။ ဒီအကဲဖြတ်ခြင်းက သူ့ရဲ့စိတ်ဝိဉာဉ်အားကို
စမ်းသပ်ခြင်းဖြစ်သည်။ အဲ့တာကို သူက
တပ်ဆင်ဖို့အတွက်သူ့လက်ကိုသုံးဖို့အထိ
တကယ်တုံးနေခဲ့တာပဲ။

အရိုးစုကတကယ်လူအကြွင်းအကျန်မဟုတ်ပေ၊
ထို့ကြောင့် အရိုး၏ထောင့်ဖြတ်အပိုင်းတိုင်းရဲ့
ထိပ်ဆုံးမှာ အပေါက်လေးငါးပေါက်ပုံစံရှိသည့်
ဆက်မှတ်နှစ်တန်းရှိနေသည်။ အစောပိုင်းက၊
အောင်မြင်ဖို့အတွက်အရိုးစုကိုပြန်စီရန်
သူတို့ရဲ့စိတ်ဝိဉာဉ်အားကိုသုံးရလိမ့်မယ်လို့
အကြီးအကဲချင်ပြောခဲ့တုန်းက သူက
ဒီတွယ်ဆက်ရမယ့်အမှတ်တွေကို ရည်ညွှန်းနေတာ
ဖြစ်နိုင်တယ်။

ဒါကို နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်အဖြစ်
ယူဆနိုင်သည်။

ယူရှောင်းမိုက အရိုးနှစ်ခုကိုကောက်လိုက်ပြီး
စမ်းကြည့်လိုက်တယ်။ ဆက်ရမည့်မှတ်များက
အလွန်သေးငယ်ပြီး အရိုးများကကြွပ်ဆပ်နေသည်၊
ထို့ကြောင့်သူ့စိတ်ဝိဉာဉ်အားကို ကောင်းကောင်း
ထိန်းချုပ်ရန်လိုအပ်သည်။ သူကအပေါက်လေးနှစ်ခု
ကို ဆက်ဖို့ကြိုးစားလိုက်တယ်၊ ဒါပေမယ့်
ဆက်လိုက်တဲ့အရိုးနှစ်ခုဆက်ရာနေရာက
သူလွှတ်လိုက်တဲ့အခါ ပြန်ပြုတ်သွားတယ်။
သူတို့တွေကိုတွယ်ဆက်ထားတဲ့ စိတ်ဝိဉာဉ်မျှင်လေး
တွေကလဲ အလားတူစွာပင် ပျောက်ကွယ်သွားတယ်။

ဒီထိပ်မှာရှိနေတဲ့အပေါက်လေးသုံးပေါက်ကို
တစ်ပြိုင်နက်တည်းတွယ်ဆက်ရမှာများလား?

ယူရှောင်းမိုက စိတ်ဝိဉာဉ်အားကိုအမျှင်ပါးလေး
သုံးခုအဖြစ်ခွဲလိုက်ပြီး အရိုးထဲကိုဂရုတစိုက်
ထိုးသွင်းလိုက်တယ်။ အဲ့ဒီ့နောက် ထိပ်မှာရှိနေတဲ့
အပေါက်လေးသုံးပေါက်ကို တစ်ချိန်တည်းမှာပဲ
တွယ်ဆက်လိုက်တယ်။ သူ့ရဲ့စိတ်ဝိဉာဉ်အားကို
ပြန်ဆွဲထုတ်လိုက်ပြီး လက်လွှတ်လိုက်တဲ့အခါ
အရိုးပိုင်းနှစ်ခုက အမှန်တကယ်ဆက်သွားပြီ
ဖြစ်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now