Chapter-463

6.8K 1.3K 86
                                    

Unicode
အပိုင်း၄၆၃- ကွဲပြားသောဆက်ဆံမှု

ဆန်းကြယ်တဲ့နတ်ဘုရားအဆင့်ကျင့်ကြံသူ
အသစ်နဲ့ပတ်သတ်ပြီး တောင်ပိုင်းတိုက်မကြီးမှာ
ရုတ်ရုတ်သဲသဲဖြစ်နေချိန် ယူရှောင်းမိုတို့
လေးယောက်သားကတော့ သွေးစွေးနီကလန်
ရဲ့ပင်မမိသားစုဆီသွားနေကြပြီဖြစ်သည်။

ယင်ကောအဖေက နတ်ဘုရားအဆင့်ကျင့်ကြံသူ
ဖြစ်ရာ နယ်မြေပြောင်းအဆောင်လက်ဖွဲ့
အနည်းငယ်လုပ်ထားလေသည်။ ယင်ကော
လွတ်လာခဲ့တုန်းက သူကနည်းနည်းလောက်
ယူလာခဲ့တယ်။ ယူရှောင်းမိုက လင်းရှောင်ကို
စမ်းပြီး အကြိုလုပ်ကြည့်ခိုင်းဖို့တွေးနေတုန်း
ရှိသေးတယ်; ယင်ကောက နတ်ဘုရားအဆင့်
တိုက်ခိုက်သူတစ်ယောက်ရဲ့ကလေး
ဖြစ်နေမယ်လို့ သူမထင်ထားခဲ့ဘူး။

နယ်မြေပြောင်းအဆောင်လက်ဖွဲ့နဲ့
သွေးစွေးနီကလန်မိသားစုရှိတဲ့ သွေးစွေးနီမြို့ကို
ရောက်ဖို့သိပ်မကြာပေ။

ယင်ယန်တောင်ကြားနဲ့ ယွီရှန်းမြို့က
သွေးစွေးနီမိသားစုရဲ့အင်အားကြီးအထောက်အပံ့
နှစ်ခုဖြစ်သော်လည်း သူတို့က ပင်မမိသားစု
အနီးတွင်အခြေစိုက်သည်မဟုတ်ပေ။
သူတို့ကြားတွင် အတော်လေးအလှမ်းဝေးသည်။

သွေးစွေးနီ့မြို့က တောင်ပိုင်းတိုက်မကြီးရဲ့
အစည်ကားဆုံးနဲ့ အကြီးဆုံးမြို့မဟုတ်သော်ငြား
လုံခြုံတဲ့ အကောင်းဆုံးခံတပ်မြို့ဖြစ်သည်။
မြို့ကိုဝင်ထွက်သွားလာသူတိုင်းက
တင်းကြပ်စွာစစ်ဆေးမေးမြန်းခံရပြီး
ဝင်ရောက်ပြီးလျှင် သွေးစွေးနီမိသားစုရဲ့
စည်းကမ်းများကိုလိုက်နာရမည်ဖြစ်လေသည်။

ပြဿနာရှုပ်တဲ့စည်းမျဉ်းတွေကြောင့်
သွေးစွေးနီမြို့ကိုလာချင်တဲ့ တိုက်ခိုက်သူတွေ၊
မှော်ဆရာတွေ အလွန်နဲပါးသည်။
လူတိုင်းက နာကျင်ရတာသာယာတဲ့သူတွေမှ
မဟုတ်ဘဲ။

" သူတို့မေးခွန်းတွေနဲ့ဆိုရင် ငါတို့ဘာပြောသင့်လဲ
ဆိုတာ အရင်ဆုံးစီစဉ်သင့်တယ်"

ယူရှောင်းမိုက မြို့ပြင်ဘက်ကအပင်ကြီးတစ်ပင်
နောက်မှာ မတ်တပ်ရပ်နေပြီး
လူတစ်ယောက်ချင်းစီက ဆယ့်ငါးမိနစ်နီးပါး
မေးမြန်းခံနေရတာကိုကြည့်ရင်း
ဆွံ့အနေတယ်။ ဒါက တရားခံကိုစစ်မေးနေတာနဲ့
တူသည်။ ဒီမြို့က စည်ကားလာဖို့ခက်နေတာ
မဆန်းတော့ဘူး။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now