//Unicode//
အပိုင်း(၅၇၁) လာရှာခြင်း
ယူရှောင်းမိုသည် နောက်ပိုင်းကျန်သည့်အချိန်ကို
ဆေးလုံးသန့်စင်ခြင်း၊ ကျင့်ကြံခြင်းတို့ဖြင့်သာ
ကုန်ဆုံးခဲ့သည်။သူက သက်တန့်ဆေးလုံးငါးလုံးသာသန့်စင်ခဲ့ပြီး
ကျန်အချိန်တို့တွင် ကျင့်ကြံခဲ့သည်။ မဟုတ်လို့
ကြာပန်းနက်ဆေးပင်ကိုတွေ့သည့်အချိန်
ကျင့်ကြံဆင့်ကမလုံလောက်သေးလျှင် အလှထိုင်
ကြည့်နေရပေလိမ့်မည်။ထိုမှတစ်ပါး ယူရှောင်းမိုသည် အရင်ကရထားသည့်
အဇူရာလက်ဝါးကျင့်စဉ်ကိုလည်း စတင်လေ့ကျင့်ခဲ့
သည်။သူ့မှာ နှစ်လဆိုသည့်အချိန်တိုလေးသာရှိသည်။
တစ်ရက်ကို လေးဆယ့်ရှစ်နာရီသာရှိခဲ့မည်ဆိုလျှင်....လင်းရှောင်ကတော့ ဆေးလုံးသန့်စင်ရာမှ
မိုးကြိုးလျှပ်စီးများနှင့်ပတ်သက်၍ ကူညီပေးခြင်း
မှတစ်ပါး အချိန်အများစုကိုအနားယူရင်းဖြင့်သာ
ကုန်ဆုံးလေသည်။ သွေးမျိုးဆက်လေးခုအကြား
တွန်းကန်မှုက မျှော်လင့်ထားသည်ထက်ဆိုးဝါးသည့်
အကျိုးဆက်များဖြစ်ပေါ်လျက်ရှိသည်။ ၎င်းတို့ကို
ပေါင်းစပ်ဖို့ နည်းလမ်းရှာမှရမည်ဖြစ်သည်။နှစ်လကြာပြီးနောက် ယူရှောင်းမို အညောင်းဆန့်ရင်း
ဂူထဲမှထွက်လာတော့သည်။သူသည် အတွင်းစွမ်းအင်ကို အာရုံစိုက်လိုက်၏။
နှစ်လတာသာဖြစ်သော်လည်း ဆေးလုံးများစွာ
အသုံးပြုခဲ့၍ သူ့ကျင့်ကြံဆင့်က အဆင့်နှစ်
အထွတ်အထိပ်မှချိုးဖျက်ရန် တဲတဲလေးသာ
လိုတော့သည်။လျှင်မြန်လွန်းစွာအဆင့်တက်ခြင်းက
အန္တရာယ်ရှိကြောင်း ယူရှောင်းမိုသိပေမဲ့
ယခုအချိန်မှာ ဂရုစိုက်မအားသေးချေ။လင်းရှောင်သည်လည်း သူ့နောက်ဘက်ရှိဂူထဲမှ
ထွက်လာခဲ့၏။ယူရှောင်းမို နောက်လှည့်ပြီးပြောလိုက်သည်။
"ကျွန်တော်တို့ဝူရှန်မြို့ကိုရောက်ခဲ့တာ နှစ်ပတ်
ရှိပြီ။ ကျွန်တော်သွားချင်တယ်။ မှော်ဆေးပင်ခန်းမ
တာဝန်ခံလီက ကြာပန်းနက်ဆေးပင်ရှာတွေ့ပြီး
ကျွန်တော်တို့ကိုမတွေ့လို့ ပျာယာခတ်နေမယ်"
![](https://img.wattpad.com/cover/244421690-288-k987673.jpg)
CITEȘTI
The Legendary Master's Wife [မြန်မာဘာသာပြန်]
AventurăOriginal Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want to read from Chapter-1, please check my reading list, The Legendary Master's Wife.) (Available in both Unicode and Zawgyi) story cover-crd t...