Chapter-522

5.9K 1.1K 39
                                    

//Unicode//

အပိုင်း ၅၂၂- လူအရိုးခေါင်းတောင်ထွတ်သို့
စူးစမ်းရှာဖွေခြင်း

စကားစမြည်ပြောပြီးတဲ့နောက်မှာ ယူရှောင်းမို
ယူကျွင်းချီကိုအပြင်ထွက်ခွင့်ပေးလိုက်
တယ်။ သူ့တကယ့်ရည်ရွယ်ချက်က
သူ့ကိုဝေးနိုင်သမျှဝေးဝေးထွက်သွားစေနိုင်ရန်
ဖြစ်သည်၊ သို့သော်လည်း ယူကျွင်းချီသည်
ဆေးပလာစတာအလား ကပ်လှပြီး
ဘယ်လိုလုပ်လုပ်ခွာချလို့မရချေ။

ယူကျွင်းချီက ယူရှောင်းမိုသည်သူ့သားဆိုတာ
သိတာကြာလှပြီဖြစ်သည့်တိုင် ထုတ်ပြောခြင်း
မရှိဘဲမျှော့တစ်ကောင်လို ကပ်တွယ်ရန်
အခွင့်ကိုချောင်းချင်နေသေး၏။
အိပ်မက်ထဲမှာပဲရမယ်!!

သို့ဖြစ်၍ အပြင်ထွက်လာတာမကြာသေးသည့်
ယူကျွင်းချီသည် ဒေါသအိုးလေးယူရှောင်းမို၏
နယ်မြေထဲသို့ပြန်ထည့်ခြင်းကို ခံလိုက်ရရှာ၏။

သို့သော် ဒီတစ်ကြိမ်တွင်တော့ယူကျွင်းချီက
လိုလိုလားလားပင်ရှိနေသည်။ သားလေးက
စိတ်ဆိုးနေတာဆိုတော့ ဖေဖေကနံရံကိုသွားပြီး
မျက်နှာချင်းဆိုင်ရမှာပေါ့လေ....။

တစ္ဆေသင်္ချိုင်းတောင်တန်းသည် ညခင်းထက်
စာရင်နေ့အခါမှာပိုပြီး မျက်စိပသာဒရှိသည်။
နီညိုရောင်တောင်ကတုံးထိပ်များနှင့်
အနက်ရောင်တောင်ထွတ်များသည်
မျက်စိတဆုံးတိုင်အောင် တစ်ခုနှင့်တစ်ခု
ထပ်နေကြကာ မိုးထိအောင်မြင့်မားကြ၏။

ယူရှောင်းမိုနှင့်လင်းရှောင်သည် တောင်ခြေတွင်
ရပ်နေကြပြီး နောက်ခံကတောင်တန်းများနှင့်ယှဉ်လျှင်
အတော်ပင်သေးငယ်နေ၏။

"ဒါဆို သူတို့ကိုဘယ်လိုခေါ် ထုတ်မှာလဲ?"

ယူရှောင်းမို လင်းရှောင်ကိုစိတ်လှုပ်တရှား
ကြည့်လိုက်တယ်။ မနေ့ညတုန်းကလင်း​ရှောင်က
ထျန်းကုံကလူတွေကို ရှာနေစရာမလိုဘဲသူတို့ဘာ
သူတို့ထွက်လာအောင် လုပ်နိုင်တယ်ဟုပြောခဲ့
သည်လေ။

"ကြည့်နေ"

လင်းရှောင်က အရှေ့သို့ခြေလှမ်းအနည်းမျှလျှောက်
သွားသည်။ သူ့ကိုယ်မှအရှိန်အဝါသည်
နည်းနည်းမှပင်ပြောင်းလဲသွားခြင်းမရှိပေ။
ယူရှောင်းမို မြင်လိုက်ရတာက သူ့လက်ဝါးကို
လှန်လိုက်ပြီး လေဟာနယ်ထဲကနေ
ခရမ်းနီရောင်ပုံရှိတဲ့မီးလျှံလေးထွက်လာတာပဲ
ဖြစ်သည်။ အဲ့ဒါက ချီလင်နတ်ဘုရားမီးလျှံနဲ့
နတ်ဆိုးဖီးနစ်နတ်ဘုရားမီးလျှံကို
ပေါင်းစပ်ထားခြင်းဖြစ်၏။ မီးလျှံကမီးလုံးတစ်လုံး
အဖြစ်အရည်ပျော်ကျသွားပြီး နေထက်ပူပြင်းတဲ့
အပူရှိန်ကိုထုတ်လွှင့်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now