Unicode
အပိုင်း၄၉၉- နဂါးသွေးရဲ့ဆွဲဆောင်မှု
အနောက်ဘက်အရပ်မှမထွက်ခင်
ကောင်းမာယွင်ရဲ့ခေါင်းကို ဝမ်းကုံးဆီ
ယူရှောင်းမိုပေးခဲ့သည်။အဖိုးကြီးမှာ ဆယ်စုနှစ်ပေါင်းများစွာ
စောင့်မျှော်နေခဲ့ရသည်ဖြစ်ကာ
သူ့ရဲ့ဇွဲရှိမှုမှာ အကောင်ထည်ပေါ် ခဲ့ပြီဖြစ်လေသည်။
ကြီးကြီးမားမားဆုံးရှုံးခဲ့ရသလို သူငိုကြွေး
ခဲ့သော်လည်း ထိုမျက်ရည်များသည်
ပျော်ရွှင်ခြင်း စိတ်သက်သာရာရခြင်းတို့ကြောင့်
ဖြစ်တာ သူသိသည်။ သူ့ပုခုံးပေါ် မှ ဝန်ကြီးတစ်ခု
ကျသွားခဲ့လေပြီ။သူဝအောင်ငိုပြီးတဲ့နောက် ဝမ်ကုံးရဲ့စိတ်က
ကြောင်အမိလောက်အောင် ပြောင်းလဲသွား
တော့သည်၊ သူပြုံးပင်ပြုံးနေခဲ့လေသည်။ယူရှောင်းမို အကြာကြီးမနေခဲ့ပေ၊
ခဏကြာတော့ နှုတ်ဆက်ခဲ့လိုက်ကာ
လင်းရှောင်ရယ် နောက်လိုက်လေးသုံးယောက်ရယ်
နဲ့အတူ တောင်ပိုင်းတိုက်မကြီးမှ
ထွက်ခွာလာခဲ့ကြသည်။သူတို့တွေ တောင်ပိုင်းတိုက်မကြီးမှ
ထွက်လာပြီးနောက်ရက်တွင် ရှင်းလော့မြို့သို့
ယူကျန်ထျန်းနှင့် ဆန်းကြယ်သောလူတစ်ဦး
ရောက်လာ၏။ နှစ်ဦးသားက မြို့အရှင်အိမ်ရာထဲ
ဝင်ခဲ့ပြီး လူများကိုကြောက်လန့်စေခဲ့သည်။ရှင်းလော့မြို့အရှင်က ပြင်းပြင်းထန်ထန်
ဒဏ်ရာမရခဲ့ပေ၊ မိသားစုခေါင်းဆောင်ကိုယ်တိုင်
လာတယ်လို့ ကြားလိုက်ရတော့
တုန်တုန်ရီရီနဲ့ထွက်ကြိုရတော့သည်။
ယူကျန်ထျန်းက စိတ်ပျော်နေသည်မဟုတ်ပေ၊
သို့ဖြစ်၍ သူ့ကိုကောင်းကောင်းမဆက်ဆံ
မည်မှာ ပုံမှန်ပင်။ပင်မခန်းမဆောင်ထဲတွင်-
ယူကျန်ထျန်းက ပလ္လင်ပေါ် တွင်ထိုင်နေသည်၊
သူ့ရှေ့က ကြမ်းပြင်ပေါ် တွင်တော့
လူများဒူးထောက်နေကြ၏။ တိတ်ဆိတ်ငြိမ်သက်
နေသည်။ ရုတ်တရက် သူ့ရေနွေးခွက်ကို
မြို့အရှင်ရှေ့ရှိကြမ်းပေါ် သို့ ပစ်ပေါက်လိုက်
သည်။"ဝူရှန် မင်းကိုလူရွေးပွဲအိမ်ရှင်အဖြစ်
ချီးမြှင့်ခဲ့တယ်၊ ဒါပေမယ့် မင်းက
ဒီလိုအရှုပ်တွေလုပ်ခဲ့တယ်ပေါ့လေ။
အလုပ်ပြုတ်ချင်လို့လား"
CZYTASZ
The Legendary Master's Wife [မြန်မာဘာသာပြန်]
PrzygodoweOriginal Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want to read from Chapter-1, please check my reading list, The Legendary Master's Wife.) (Available in both Unicode and Zawgyi) story cover-crd t...