Chapter-500

7K 1.2K 78
                                    

Unicode

အပိုင်း၅၀၀- မှီခိုအားထား၍မရသော

မတ်စောက်လှတဲ့တောင်တစ်လုံး ၊
ထူထပ်လှတဲ့တောအုပ်နဲ့ ကျယ်ပြန့်ရှည်လျား
လှတဲ့တောင်တန်းဧရိယာထဲဝယ်
ဆောင်းခိုနေသည့်နတ်ဆိုးသားရဲများ
မရေမတွက်နိုင်အောင် ရှိနေသည်။
အရေအတွက်မှာ
ရှီကျင်းရှိ သားရဲတို့၏မွေးရပ်မြေထက်
နည်းပါးသော်ငြား ၎င်းမှာလှောင်စရာမဟုတ်ပါပေ။

တောင်တန်းတို့၏ ရှည်ထွက်တတ်သည့်
သဘာဝကြောင့် နတ်ဆိုးသားရဲများအကြား
နယ်မြေလုတိုက်ပွဲများ သိပ်မရှိချေ၊
သို့ဖြစ်၍ နှစ်ပေါင်းများစွာကြာညောင်း
သည့်တိုင်အောင် ငြိမ်းချမ်းနေခဲ့သည်။
သို့ပေမယ့်လည်း အဆင့်တစ်ဆယ်နှင့်အထက်
နတ်ဆိုးသားရဲများကမူ
တောင်ထွတ်တစ်ခုလုံးကို
ခြေကုပ်အဖြစ် ယူတတ်ကြကာ
အမှတ်အသားများပြုထားတတ်ကြသည်။ အဲ့လိုဆိုရင် တောင်ထွတ်က
ပိုင်ရှင်ရှိပြီးသားဆိုတာ
အခြားဖြတ်သွားဖြတ်လာသားရဲများက
သိကြပေသည်။

ဒီတောင်ထွတ်က ပိုင်ရှင်ရှိပြီးသားဆိုတာ
ယူရှောင်းမိုမသိပေ။ လင်းရှောင်
တရားထိုင်လိုက်တာနဲ့ သူ့ဘေးမှာပဲ
နေနေတုန်း ကောင်းကင်ထက်မှ
စူးရှရှငှက်အော်သံတစ်သံထွက်လာ၏။

အသံနီးလာတဲ့အခါ
ယူရှောင်းမိုမော့ကြည့်လိုက်တော့
အနက်ရောင်အပြောက်သေးသေးလေးက
သူ့ရှေ့မှာတင် ကြီးသထက်ကြီးလာတာကို
မြင်လိုက်သည်။ အမွှေးအတောင်တွေပါ
မြင်ရလောက်တဲ့အထိ နီးလာမှ
အဲ့တာက ဧရာမငှက်ကြီးတစ်ကောင်ဖြစ်နေတာ
ယူရှောင်းမိုသိသည်။

ကျွမ်းဇီရဲ့ 'လွတ်လပ်ပေါ့ပါးစွာလေလွင့်ခြင်း'
က စာပိုဒ်တစ်ပိုဒ်ကိုယူရှောင်းမို အမှတ်ရသွား
တယ်။

"အနောက်ဘက်သမုဒ္ဓရာထဲမှာ ငါးတစ်ကောင်
ရှိပြီး သူ့နာမည်က ခွင်း တဲ့။ ခွင်းဟာ
အရမ်းကြီးမားလွန်းလို့ သူ့အတိုင်းအတာက
မီတာဘယ်နှထောင်လောက်ရှိလဲ ငါမသိဘူး။
သူကပြောင်းလဲသွားပြီး ဖုန်း လို့အမည်ရတဲ့
ငှက်တစ်ကောင်ဖြစ်လာတယ်။
ဖုန်း ရဲ့နောက်ကျောဘက်ဟာ လီဘယ်နှထောင်
လောက်ကျယ်လဲငါမသိရဘူး၊
သူလေထဲမြောက်သွားပြီး ပျံသန်းတဲ့အခါ
အတောင်ပံတွေဟာ ကောင်းကင်ထက်က
မိုးသားတိမ်တိုက်တွေလိုပဲ။ ပင်လယ်ကြီး
ရွေ့လျားစပြုလာတဲ့အခါ ဒီငှက်ဟာ
ကောင်းကင်ဘုံရဲ့ရေကန်ဖြစ်တဲ့
တောင်ပိုင်းအမှောင်ထုဆီပျံသန်းထွက်ခွာ
သွားတော့တယ်"

The Legendary Master's Wife [မြန်မာဘာသာပြန်] Dove le storie prendono vita. Scoprilo ora