Chapter-555

6.5K 1.2K 41
                                    

//Unicode//

အပိုင်း(၅၅၅) ရင်းနှီးသောမျက်နှာများနှင့် ပို၍
ရင်းနှီးသောမျက်နှာများ

ပင့်ကူနက်လေလံပွဲသည် ထုံထျန်းတိုက်မကြီးပေါ်တွင်
နံပါတ်တစ်မဟုတ်သော်ငြားလည်း ကျော်ကြား
လှသည်။ မှောင်ခိုဈေးကွက်တစ်ခုဖြစ်သဖြင့်
လူအများအပြားလာရောက်ကြပြီး နောက်ကွယ်က
နာမည်မသိရသည့် စွမ်းအားကြီးအဖွဲ့အစည်းကြောင့်
ထုံထျန်းတိုက်မကြီးတွင် သူတို့က
အတော်လေးအဆင့်မြင့်မား၏။

ဇီးနက်ပင်မြို့ မြေအောက်ကလေလံပွဲကို
ဘယ်အချိန်ကဖန်တီးထားသလဲ ဘယ်သူမှမသိကြ
ပေမဲ့ အဆောက်အဦများက သက်တမ်းကြာနေပြီဖြစ် 
ပုံရကာ ဒါကအပိုင်းခွဲလေးတစ်ခုမျှသာရှိသေးသည်ဟု
ထင်ရ၏။

ယူရှောင်းမိုတို့အဖွဲ့သည် တလက်လက်တောက်ပ
နေသည့်အပိုင်းအစလေးများဖြင့်အပြည့်တန်ဆာဆင်
ထားသည့် လိုဏ်ခေါင်းပေါက်မှဝင်ခဲ့ကြသည်။
သူက အလွန်အမင်းမာကြောပေမဲ့လှပသည့်
သတ္တုရိုင်းတစ်မျိုးဖြစ်သည်။ ပုံသဏ္ဍာန်က
တန်ဖိုးကြီးပုံပေါ်ပြီး လိုဏ်ခေါင်းအဆုံးသတ်က
လူတစ်ယောက်ရဲ့မျက်စိကို ပို၍ပင်တောက်ပစေ
လေ၏။

မြေအောက်မှာဖြစ်ပေမဲ့ နေရာကြီးကလှပခမ်းနားပြီး
လူအများကိုကြောက်ရွံ့ရိုသေသောခံစားချက်
တစ်မျိုးပေးစွမ်းနေသည်။

မြေအောက်ဧရိယာကို ဖယ်ထုတ်ထားပြီး
ကြီးမားလှသောလေလံအိမ်ကြီးက ရောမဘုရင်
အားကစားကွင်းကြီးကဲ့သို့ မျက်စိထဲထင်းနေသည်။
အလယ်တည့်တည့်၌ စင်မြင့်တစ်ခုရှိပြီး
၎င်းကိုထိုင်ခုံပေါင်းများစွာကဝန်းရံလျက်တည်ရှိ၏။
အထူးအခန်းလိုအရာမျိုး မရှိပေ။ လူတိုင်းက
အတူတူထိုင်ရသည်။

လေလံအိမ်၏မျက်နှာကျက်အား အဖြူရောင်
သလင်းသတ္တုအလွှာတစ်ခုနှင့် ဖုံးအုပ်ထား၍
လိုဏ်ခေါင်းတူးဝင်ရောက်လာခြင်းကို
တားဆီးနိုင်လေသည်။

သူတို့ရောက်တာ အတော်အတန်နောက်ကျနေပြီ
ဖြစ်ရာ လေလံအိမ်ကဆူညံနေပြီဖြစ်သည်။

လူတွေက မတူညီသည့်ဝင်ပေါက်များမှတစ်ဆင့်
ဝင်ရောက်လာနေကြပြီး ထိုင်စရာရှာနေကြ၏။
ထိုင်ခုံလွတ်တွေက ခဏအကြာမှာ
ပြည့်နှက်လို့သွားပြီး လူအများစုမှာတစ်ယောက်နှင့်
တစ်ယောက်မသိကြချေ။ အချို့ကမျက်နှာများကိုပင်
ဖုံးကွယ်ထားကြ၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now