Chapter-494

6K 1.1K 29
                                    

Unicode

အပိုင်း၄၉၄- ဝက်လိုအသင်းသား

ကျန်းလျှို့ရဲ့မျက်နှာက ကုသထားပေးပြီးပြီ
ဖြစ်ကာ မျက်လုံးများကို အဝတ်စထိုင်းထိုင်းနဲ့
ဖုံးထားသည်။ ယူရှောင်းမိုအမြင်ရဆိုလျှင်
အဲ့လောက်မဆိုးပေ။ အလွန်ဆုံးမှ
သူ့မျက်နှာက နည်းနည်းပါးပါးဖြူဖျော့နေတာပဲ
ရှိတယ်။

ယူရှောင်းမို ခဏလောက်တွေဝေနေပြီးနောက်မှ
ဆက်ကြည့်မယ့်စိတ်ကူးကို ပယ်ချလိုက်သည်။
ထန်ကျုံးဟွာက ရုတ်တရက်ကြီးပြန်ရောက်ချ
လာပြီး သူ့ကိုမြင်သွားရင် ထိုအဖိုးကြီးရဲ့အစွမ်းက
သူနဲ့တန်းတူလောက်ပင်ဖြစ်သည်မို့
သူ့ကြောင့်ခြောက်ခြားနေရပေမည်။

တွေးရင်းနဲ့ အုတ်ကြွပ်ပြားကို ယူရှောင်းမို
ပြန်ထားလိုက်သည်။

အုတ်ကြွပ်ပြားလိုအရာမျိုးက ကြွကြွရွရွ
ကိုင်တွယ်ရသည်၊ မဟုတ်ရင် နည်းနည်းလောက်
တိုက်မိသွားတာနဲ့ အသံထွက်လာပြီး
တိတ်ဆိတ်ငြိမ်သက်နေတဲ့ညထဲမှာ
အသံက အဆပေါင်းများစွာကျယ်လောင်
သွားတတ်သည်။

ကြိုတင်ကာကွယ်မှုတွေအကုန်လုံး
သူလုပ်ပြီးသွားပြီလို့ ယူရှောင်းမိုခံစားလိုက်ရသည်၊
သို့ပေမယ့် အုတ်ကြွပ်လေးတစ်ချပ်ပေါ်
သူခြေချလိုက်တဲ့အခါ 'ကရက် ကရက်'
ဟူသည့်အသံ ထွက်လာလေသည်၊
သူ့စိတ်ထဲ မကျိန်ဆဲပဲမနေနိုင်တော့။

ဘယ်လိုစုတ်ပြတ်နေတဲ့အုတ်လဲ။
အရည်အသွေးမပြည့်မီဘူး!

"ဘယ်သူလဲ"

အိမ်ထဲမှလူများသည် အမိုးပေါ် မှလှုပ်ရှားမှုကို
သတိထားမိပြီးဖြစ်လေသည်၊ အခုမှပြန်ရောက်
လာသည့် ထန်ကျုံးဟွာအပါအဝင်ပင်။
သူ့လှုပ်ရှားမှုက အစောင့်များထက်ပင်
မြန်ဆန်ကာ တစ်စက္ကန့်တောင်မရှိသေးခင်မှာ
အမိုးပေါ် ပျံလာလေသည်။

ညအမှောင်ထဲ ပျောက်ကွယ်သွားတော့မည့်
အရိပ်တစ်ခုကိုတွေ့တော့ ထန်ကျုံးဟွာက
မဆိုင်းမတွလိုက်သွားသည်။

အစောင့်တွေက လိုက်မသွားခဲ့သော်ငြား
မြို့အရှင်ကိုအကြောင်းကြားပြီးနှင့်ပြီဖြစ်ပြီး
ယူရှောင်းမို လွတ်ထွက်သွားရာဘက်ကိုလည်း
သတင်းပေးလိုက်သည်။ ယူရှောင်းမိုသာ
သူ့ကိုယ်သူ လွယ်ကူတဲ့ပစ်မှတ်ဖြစ်အောင်
လုပ်ခဲ့ရင် မြို့အရှင်အိမ်တော်မှ
ထိခိုက်ဒဏ်ရာမရှိဘဲထွက်သွားနိုင်ဖို့ ခက်ပေမည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now