Chapter-548

6.7K 1.2K 44
                                    

//Unicode//

အပိုင်း(၅၄၈) မင်းအတွေးလွန်နေပြီ

နာမည်ဆိုးရှိသည့်အင်အားစုတစ်ခုဖြစ်သဖြင့်
ပင့်ကူနက်၏ဌာနချုပ် တည်နေရာကိုသိသူ
သိပ်မရှိပေ။ သူတို့သုံးယောက် ထိုနေရာတွင်
စုံစမ်းလေ့လာကြည့်ခဲ့ပေမယ့် ပင့်ကူနက်က
ကျင်းပသည့်အကြီးဆုံးသောမှောင်ခိုဈေးကွက်
လေလံပွဲကို လူတော်တော်များများက
သိကြပေမယ့် ထိုထက်ပို၍တော့မသိကြပေ။

သူတို့မျက်နှာအစစ်ကိုသိသူ သိပ်မရှိသည်ဖြစ်ရာ
ပုန်းလျှိုးကွယ်လျှိုး ခိုးကြောင်ခိုးဝှက်လုပ်စရာ
မလိုခဲ့ပေ။ ဒါ့အပြင် ဒီလိုသေရေးရှင်ရေး
တစ်မျှအရေးကြီးလှတဲ့အခြေအနေတွင်
သူတို့အဖွဲ့ထဲကို နောက်ထပ်လူတစ်ယောက်ပိုလာ
လိမ့်မည်ဟုလည်း အများစုကထင်ထားမိကြမည်
မဟုတ်ချေ။

သူတို့ ဗဟိုမြို့တော်ကိုရောက်သည်နှင့်
အရင်ဆုံးနဲ့အရေးကြီးဆုံးဖြစ်သည့် ချန်မဟာမိတ်၏
သတင်းအချက်အချာနေရာသို့ သွားလိုက်ကြသည်။

တာဝန်ခံသည် ဖူချန်ချုံး၏စတုတ္ထမြောက်တပည့်
ယဲ့နုံဖြစ်နေသည်။ သူက သူ့ရှစ်ဖုနှင့်သူတို့
အကြား သဘောတူညီချက်ကိုသိပြီး အရင်တစ်ခါက
သူတို့ကိုနှုတ်ဆက်ခဲ့သူကလည်း သူပဲဆိုပေမယ့်
ဒါတောင်မှ သူတို့ရောက်ရှိလာမှုကြောင့်
အံ့အားသင့်သွားသေးသည်။

ယူရှောင်းမိုက လင်းရှောင်ပြောတဲ့အတိုင်း
သူတို့ပြောချင်သမျှကို ကျောက်စိမ်းပေလွှာတစ်ခုထဲ
ပေါင်းထည့်လိုက်ပြီး ထိုထဲတွင် သံသရာဆေးလုံးနှင့်
သူတို့အခြေအနေများနှင့်ပတ်သက်သော
သတင်းများပါဝင်လေသည်။ အဲ့ဒီနောက် သူ
ယဲ့နုံဆီပေးလိုက်ပြီး ဖူချန်ချုံး၏လက်အတွင်း
အမြန်ပေးပို့ပေးပါရန် ပြောလိုက်သည်။

သူက တည်ငြိမ်လေးနက်စွာ လက်ခံယူလိုက်ပြီး
သူတို့ကို သုံးရက်အကြာမှာ ကျောက်စိမ်းပေလွှာကို
ပြန်လာယူဖို့နှင့် ထိုသုံးရက်အတွင်းတွင်
ပြန်စာတစ်စောင်ပေးပါမည်ဟုလည်း ပြောခဲ့သည်။

အဲ့နောက် သူတို့ ရွှမ်းယွီဟိုတယ်သို့ခပ်သုတ်သုတ်
သွားလိုက်ကြသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now