Chapter-521

6.4K 1.1K 51
                                    

//Unicode//

အပိုင်း ၅၂၁- ယူကျွင်းချီ

တစ္ဆေသင်္ချိုင်းတောင်တန်းတွင်အထူးကျော်ကြားတဲ့
နတ်ဆိုးသားရဲသင်္ချိုင်းမြေတစ်ခုရှိပြီး
၎င်းသင်္ချိုင်းတွင် ကြီးမားတဲ့နတ်ဆိုးသားရဲကြီး
တွေရဲ့အုတ်ဂူများရှိသည်။ အချို့က
ရှေးခေတ်ကတည်ဆောက်ထားသည်များ
ဖြစ်ပြီး အချို့ကသူတို့ရဲ့နောင်လာနောက်သားများက
တည်ဆောက်ပေးထားတာဖြစ်သည်။

နတ်ဆိုးသားရဲသင်္ချိုင်းမြေမှာ သောင်းနဲ့ချီတဲ့
နတ်ဆိုးသားရဲတွေရဲ့အုတ်ဂူတွေရှိတာကြောင့်
အငြှိုးအတေးစွမ်းအင်က လေးလံလှသည်။
သိပ်သည်းနေတဲ့မြူခိုးအနက်က
မရေမတွက်နိုင်သည့်တစ္ဆေသဏ္ဍာန်များသဖွယ်
တွန့်လိမ်နေကာ နတ်ဆိုးသားရဲသင်္ချိုင်းတစ်ဝိုက်
လှည့်ပတ်သွားလာနေသည်။ သက်ရှိတစ်ကောင်
ဝင်ရောက်သွားသည့်အခါတိုင်း အကောင်အထည်
မရှိသည့်အနက်ရောင်မြူခိုးများ၏ တိုက်ခိုက်ခြင်း
ကိုခံရလေသည်။

အခုလိုပေါ့...။

သိမ်းငှက်နက်တစ်ကောင်က ဘယ်ဆီကမှန်းမသိ
ပျံထွက်လာကာ စူးရှကျယ်လောင်စွာ
အော်မြည်လိုက်ပြီးနောက် နတ်ဆိုးသားရဲ
သင်္ချိုင်းမြေထဲသို့ ယုံကြည်ချက်အပြည့်ဖြင့်
ထိုးဆင်းသွား၏။

သိမ်းငှက်နက်သည် အနက်ရောင်မြူကို
အလွန်လျင်မြန်စွာဖောက်ထွက်သွား၏။
မြေပြင်နှင့်ကပ်၍ ပျံသန်းပြီးနောက်တွင်
ချန်ပီယံတစ်ယောက်ရဲ့ကိုယ်နေဟန်ထားဖြင့်
တောက်ပကြည်လင်နေသည့် ကောင်းကင်ယံဆီ
စတင်၍ပျံသန်းလေသည်။

သို့သော် ၎င်းအနက်ရောင်မြူအတွင်းမှ
ထွက်လာလျှင်ထွက်လာချင်း ဆန်းကြယ်တဲ့
တစ်စုံတစ်ရာဖြစ်ပျက်သွား၏။

အကောင်အထည်မရှိတဲ့ အနက်ရောင်မြူက
အသက်ဝင်လာသည့်နှယ် ရုန့်ရင်းကြမ်းတမ်းစွာ
လှုပ်ရှားလာပြီး ငရဲပြည်ကမကောင်းတဲ့
ဝိဉာဉ်တစ်ကောင်လိုအကျည်းတန်တဲ့
နတ်ဆိုးမျက်နှာတွေအများကြီးအဖြစ်
ပြောင်းလဲသွားသည်။ ၎င်းတို့ကတစ်ဦးနဲ့တစ်ဦး
တိုက်ကြခိုက်ကြရင်း သိမ်းငှက်နက်ဆီ
ဒရောသောပါးပြေးဝင်သွားကြကာ
သိမ်းငှက်နက်သည်အသံတစ်သံတောင်
မပြုလိုက်ရသေးခင်မှာပဲ အနက်ရောင်မြူအတွင်းသို့
ပြန်အဆွဲချခံလိုက်ရ၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now