Chapter-475

6.4K 1.2K 20
                                    

Unicode
အပိုင်း၄၇၅-ဖခင်

ယူရှောင်းမို အရေထူသည်ဟူသောအချက်မှာ
ငြင်းမရချေ။ သို့ပေသော်ငြား တစ်ခါတစ်ရံ၌မူ
သူက ပို၍ပင်ရှက်လွယ်သည်။ အပြောင်းအလဲက
ရောက်ရာအခြေအနေပေါ် မူတည်သည်။
သူလုပ်သလိုလုပ်နိုင်ဖို့ အော်စကာအဆင့်
သရုပ်ဆောင်စွမ်းရည်လိုလေသည်။

လင်းဟောင်ဝူကတော့ မျက်နှာပျက်ခြင်းကို
ဂရုစိုက်ရပြီး ချီလင်မျိုးနွယ်စုကိုလည်း
ကိုယ်စားပြုထားရသည်။ သူသာ
ယူရှောင်းမိုလိုအရေထူပြခဲ့လျှင်
မျိုးနွယ်စုသို့ပြန်ရောက်သည့်အခါ
အကြီးအကဲများက သူ့ကိုသေချာပေါက်
အကျယ်ချုပ်ချမည်ပင်။

ထိုအချိန်၌ အကြီးအကဲရှဲ့က ဖုန်းချီယွင်တို့ကို
သွားရှာရာမှပြန်လာလေသည်။

သူတစ်နေရာလုံးရှာခဲ့ပေမယ့် တပည့်ဖြစ်သူရဲ့
အလောင်းကိုပဲတွေ့ခဲ့ရပြီး ဖုန်းချီယွင်ကိုမူ
မတွေ့ခဲ့ရချေ။ အကြီးအကဲရှဲ့မှာ
လေးဖင့်မနေရဲတော့ပေ။

ဖုန်းချီယွင်ရဲ့ပျောက်ဆုံးသွားမှုကို
သိလိုက်ရတဲ့ ယူကျန်ထျန်းရဲ့ဒေါသကို
ပွဲရှိလူတိုင်းလိုလိုမြင်လိုက်ရသည်။
ဒီတစ်ခေါက်ရော ဘယ်သူကများ
မိသားစုခေါင်းဆောင်ဟောင်းကိုဒေါသပုန်
ထစေတာပါလိမ့်။

"မဟာမိတ်ခေါင်းဆောင်ဖူ၊ သွေးစွေးနီကလန်ရဲ့
တပည့်တစ်ယောက်ပျောက်သွားလို့ပါ၊
ခင်ဗျားရဲ့တပည့်တွေများ ကူရှာပေးနိုင်မလားလို့?"

ယူကျန်ထျန်းမှာ ဖုန်းချီယွင်အကြောင်းမည်သူ့ကိုမှ
မသိစေချင်သော်ငြား သူ့မှာအခြားရွေးချယ်စရာ
ရှိမနေ။ ကျောက်စိမ်းသေတ္တာကို
ယူသွားခဲ့မှတော့ သူတို့ကဖုန်းချီယွင်ရဲ့
အခြေအနေကြောင်းသိနေကြမည်ဖြစ်သည်။
ချီရွှယ့်မိသားစု၏ဆက်ခံသူနှင့် သူ့အဖော်များက
သွေးစွေးနီကလန်ကို အရင်ကမျက်စိကျနေခဲ့
တာကို သူသံသယမဝင်ပဲမနေနိုင်ပေ။

အမ်မရမ်သိုင်းတောင်က ချန်မဟာမိတ်၏
ဌာနချုပ်ဖြစ်သည်။ သွေးစွေးနီကလန်က
ဖုန်းချီယွင်ကိုရှာဖို့ ရှာဖွေအသင်းတစ်သင်း
လွှတ်၍မရပေ၊ ထို့ကြောင့် ဖူချန်ချုံးကိုသာ
အကူအညီတောင်းရလေသည်။
သို့သော်လည်း ဤမြေခွေးအိုကြီးအား
ဘာမှမသိစေရန်မှာ ခက်ခဲမည်ဖြစ်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now