Chapter-407

6.9K 1.2K 15
                                    

Unicode
အပိုင်း၄၀၇: မဟာမိတ်ဖွဲ့ခြင်း

သူတို့သုံးယောက်စလုံး၊ လင်းရှောင်တောင်မှ၊
တိတ်ဆိတ်သွားသည်။

ရှဲ့ချုံး၏အသံက ထပ်၍ထွက်ပေါ်လာပြန်သည်။
သူကပြန်ဖြေတာကို မကြားရတာကြောင့်
ဒီတစ်ခေါက်ပြောလိုက်သည့် အသံက
အနည်းငယ်မသေမချာဖြစ်နေသည်။

ယူရှောင်းမိုကပါးများတွန့်နေပြီးမှ အနည်းငယ်
တုန်လှုပ်နေသောအသံဖြင့် ပြောလိုက်၏၊
"ငါသိတယ်"

ရှဲ့ချုံးက အလွန်အမင်းစိတ်ရှုပ်ထွေးသွား၏၊
"မင်းသိတယ်?"

သူတို့ဒ်ီအောက်မှာ တစ်ယောက်နှင့်တစ်ယောက်
ဆက်သွယ်တာ ပထမဆုံးအကြိမ်ဖြစ်၏။
သူတို့သခင်ကဘယ်လိုလုပ်သိနေပြီးဖြစ်နေတာလဲ? လင်းရှောင်ကသူ့ကိုပြောပြလိုက်တာလား? လူတွေရှိနေတယ်ဆိုတာ ဖြစ်နိုင်ချေမရှိဘူး!

ယူရှောင်းမိုက ပြောလိုက်သည်၊
"ဘာလို့လဲဆိုတော့ ငါတို့ကအခုလောလောဆယ်
မင်းပြောတဲ့ရေတွင်းဆိုတာရဲ့ အောက်ခြေမှာ
ရှိနေလို့လေ။"

ရှဲ့ချုံး၊ "........."

သူတို့မှာ ရှင်းပြနေဖို့ အချိန်မရှိတာကြောင့်
လင်းရှောင်က ရှဲ့ချုံးနှင့်သူ့အဖွဲ့ကို
သူတို့တက်အလာကို စောင့်နေခိုင်းလိုက်သည်။
ရှဲ့ချုံးနဲ့ကျန်တဲ့သူတွေက သူတို့ဘယ်လိုရောက်နေလဲ
ဆိုတာကို အလွန့်အလွန်သိချင်နေပေမယ့်လည်း
အခုလောလောဆယ်တော့ ဒီအကြောင်းကို
ထိန်းထားရုံပဲတတ်နိုင်တယ်။ လင်းရှောင်က
အသံကူးပြောင်းကျောက်တုံးကို သိမ်းလိုက်သည်။
ဒါပေမယ့် ယူရှောင်းမိုက စည်ပိုင်းအကြီးကြီးတစ်လုံး
နဲ့ ယောက်ချိုဇွန်းသုံးဇွန်းကို ထုတ်နေတာ
တွေ့လိုက်ရတော့ သူကမေးလိုက်၏၊
"မင်းအဲ့တာတွေနဲ့ ဘာလုပ်မလို့လဲ?"

ယူရှောင်းမိုက ဇဝေဇဝါဖြစ်သွားတယ်၊
"ရေတွင်းအောက်ခြေက ရွှံ့နည်းနည်းလောက်
ယူသွားမှာမဟုတ်ဘူးလား?"

လင်းရှောင်က မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး၊
"ကိုယ်ဘယ်တုန်းက အဲ့လိုပြောလိုက်လို့လဲ?"

ယူရှောင်းမိုက သံသယဖြစ်သွား၏။ ပထမတစ်ခုလိုပဲ
ဒီရေတွင်းမှာ သူတို့အောက်ကရွှံ့​တွေပဲရှိတာလေ။
ထို့ကြောင့်သူက ထိုနည်းအတိုင်းစဉ်းစားလိုက်ခြင်း
ဖြစ်၏။ "မဟုတ်ရင်၊ ဒီနေရာမှာမြေဒြပ်စင်
အဆီအနှစ်တစ်ခု ရှိမနေဘူးပေါ့!"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now