Chapter-464

6.5K 1.2K 37
                                    

Unicode
အပိုင်း၄၆၄- သေချင်ယောင်ဆောင်ခြင်း

ယူရှောင်းမိုက သတ္တုစားသားရဲလေးကို
ခေါင်းပေါ် ကျခွာချလိုက်တယ်၊ သားရဲလေးက
မကျေမနပ်ဖြစ်သွားကာ လက်ထဲတွင်ရုန်း
တော့သည်။ သူ့ဖင်လေးကိုရိုက်လိုက်မှ
ငြိမ်သွား၏။

ရွှေတောင်ပံပိုးကောင်နှစ်ကောင်က
အားရဝမ်းသာစွာရယ်ကြတော့သည်။

သတ္တုစားသားရဲလေးက မျက်လုံးလှန်ပြလိုက်ပြီး
တွေးလိုက်တယ်၊ မင်းတို့ကောင်တွေနဲ့
ထပ်မဆော့တော့ဘူး။

သတ္တုစားသားရဲလေးကိုချီထားရင်း
ယူရှောင်းမိုက သစ်သားတဲလေးထဲဝင်သွားကာ
သစ်သားရေပုံးတစ်ပုံးထုတ်လိုက်သည်။
စိတ်ဝိဉာဉ်ရေကို ရေရောလိုက်ပြီး
မှော်ဆေးပင်စိုက်ခင်းရှေ့ ရွှေ့လိုက်ကာ
ဘေးမှာထားလိုက်တယ်။

ယူရှောင်းမိုက သတ္တုစားသားရဲလေးကို
ပေါင်ခွင်ပေါ် တင်လိုက်တော့ ရွှေတောင်ပံပိုးကောင်
နှစ်ကောင်က အိမ်လုပ်ဖို့သူ့ခေါင်းပေါ်
လာနားကြတော့သည်။ ယူရှောင်းမိုကိုယ်က
ခဏလောက်တောင့်သွားပြီး သူတို့ကို
လျစ်လျူရှုထားဖို့ကြိုးစားလိုက်တယ်၊
ကောင်းတာကတော့ သူတို့ကတော်တော်လေး
ငြိမ်တာပင်။

ပိုးကောင်နှစ်ကောင်နဲ့ သားရဲတစ်ကောင်က
သူတို့သခင်ကိုစိုက်ကြည့်နေတယ်၊ သူဘာလုပ်
မလို့လဲ?

ယူရှောင်းမိုက အသက်ပြင်းပြင်းရှူလိုက်ပြီး
မျက်လုံးမှိတ်လိုက်သည်။ လွန်ခဲ့တဲ့လအနည်းငယ်
အတွင်းမှာ သူမှော်ဆေးပင်တွေသုံးတာ
များသွားတယ်၊ လင်းရှောင်နဲ့အတူတူ
ခူးထားတာတွေအားလုံးနီပါး သူသုံးပြီးသွားပြီ။
ဒါ့ကြောင့် အခုရတဲ့အချိန်မှာ ရင့်မှည့်နေတဲ့
မှော်ဆေးပင်တွေအားလုံးကိုရိတ်သိမ်းမလို့
ဖြစ်သည်။

သို့သော်လည်း ဒီတစ်ခေါက်မှာတော့
သူကိုယ်တိုင်လုပ်ဖို့စိတ်ကူးမထားဘူး။
အရင်တစ်ခေါက်တုန်းက လင်းရှောင်
ရှိတာကြောင့် အလုပ်လုပ်ရတာပျော်ဖို့ကောင်းတယ်၊
ဒါပေမယ့် ဒီတစ်ခေါက်ကျတော့
သူတစ်ယောက်တည်းဖြစ်တာကြောင့်
ပိုပြီးရိုးရှင်းလျင်မြန်တဲ့နည်းလမ်းကို
သုံးမှာဖြစ်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now