Chapter-559

6K 1.2K 78
                                    

//Unicode//

အပိုင်း(၅၅၉) လုပ်ရိုးလုပ်စဉ်များ

"စိတ်ငြိမ်ငြိမ်ထား၊ လောလွန်းအားမကြီးနဲ့!"

လေလံအိမ်ကတိတ်ကျသွားသည့်အချိန်ဖြစ်ရာ
လင်း​ရှောင် အသံအေးအေးကအကျယ်ကြီး
ထွက်လာသည်။

ယူရှောင်းမို သူ့လက်ထဲမျက်နှာဖွက်ထားလိုက်သည်။
သူ တမင်တကာလုပ်ခဲ့ခြင်းမဟုတ်ပေ။
ဈေးဘယ်လောက်ထည့်ရင်ကောင်းမလဲ
တွေးနေတုန်းက သူ့လက်ကသလင်းကျောက်ပြားပေါ်
ရှိနေခဲ့သည်။ ထို့နောက် အနည်းငယ်စိတ်လှုပ်ရှား
မိသွားခဲ့ပြီး ဒီလိုဖြစ်သွားခဲ့ခြင်းပင်။ အခြားသူတွေက
သူ ဈေးကိုစနောက်ပြီးလိုက်မြှင့်နေတာလို့
ထင်အောင်လုပ်ဖို့ အဆုံးသတ်ခါနီးမှဝင်ပါဖို့
ရည်ရွယ်ထားခဲ့သည်။

အခုတော့ သက်ရောက်မှုကသူထင်ထားသည်ထက်
ကျော်လွန်သွားပုံပင်။

"နောက်တစ်ခါ လက်မချော်စေနဲ့"

လင်းရှောင်က သူတို့အပေါ်ကျရောက်နေသည့်
မ်ီးဝင်းဝင်းတောက်နေသောအကြည့်များကို
မခံစားမိပုံနှင့် ယူရှောင်းမို လေလံဆွဲဖို့အသုံးပြု
ထားသည့်လက်ကလေးကို ဆွဲပြီး ဆိတ်လိုက်သည်။

ယူရှောင်းမို ခေါင်းကုတ်လိုက်သည်။

"တမင်လုပ်တာမဟုတ်ပါဘူး"

လက်.....လက်ချော်သွားတာ??

သူတို့ပတ်လည်တွင်ထိုင်နေသူအားလုံးမှာ
ကြောင်အမ်းသည့်အမူအရာများပေါ်လာကြသည်။
မိုးထိမြင့်သည့်ဈေးနှုန်း သန်း၅၀၀ကို
လက်ချော်သွားလို့ လေလံဆွဲခဲ့တာလို့သူတို့
မယုံကြည်ပေ။ သို့ပေမဲ့ ထိုတွေ့ရှိလိုက်ရမှုကြီးကြောင့်
ဒေါသထွက်သွားသူများအကြားတွင် လေလံပစ်သူ
လည်းပါလေသည်။ အကယ်၍ဤမြေပုံသာ
ရောင်းမထွက်ခဲ့လျှင် သူ အပြစ်တင်ခံရမည်
ဖြစ်သည်။

"နံပါတ်၁၅က သန်း၅၀၀ပေးထားပါတယ်။
သူ့ထက်မြင့်ပေးမယ့်လူများရှိပါသလား?"

လေလံပစ်သူက တစ်ခါထပ်ပြောသည်။ အမှန်တွင်
ဖြစ်နိုင်ချေမရှိသည်ကို သူသိနေပြီ။
ရွှမ်းယွီဟိုတယ်လိုအင်အားစုမျိုးအတွက်
သန်း၅၀၀ဆိုတာက သူတို့ပိုင်ဆိုင်သမျှစည်းစိမ်
အကုန်လုံးနီးပါးဖြစ်သည်။ သွေးစွေးနီမိသားစုလို
အင်အားစုကြီးများအတွက်ကတော့ သန်းတစ်ထောင်
လောက်တော့ ရှိကောင်းရှိလောက်မည်။
မြေပုံအပိုင်းလေးတစ်ခုအတွက်နဲ့ သန်းငါးရာ
ပေးပစ်ဖို့မဖြစ်နိုင်ပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now