//Unicode//
အပိုင်း(၅၅၈) ဈေးနှုန်းဖောင်းပွခြင်း
အဆင့်၁၂အသက်သလင်းတစ်ခုအတွက်
သန်း၃၀၀က ကောင်းမွန်သည့်အရောင်းအဝယ်
ဖြစ်နေသေးသည်ပင်။သို့ဖြစ်၍ လေလံပစ်သူက သူ လေလံပစ်သူတာဝန်
ယူထားတုန်း ပစ္စည်းများရောင်းထွက်နေသရွေ့
အဆင်ပြေသည်ဟုတွေးလိုက်လေသည်။
ဘယ်လိုဖြစ်ဖြစ် ဒီအသက်သလင်းကိုလေလံပစ်ရန်
ယူလာသူက သူမဟုတ်၍ ဈေးနှုန်းကဘယ်လောက်
ပဲနေနေ ကိစ္စမရှိပေ။ယူရှောင်းမိုကတော့ ဒီအသက်သလင်းကလန်ချုံး
ညီအစ်ကိုဟာဖြစ်သည်ကို သိနေပြီဖြစ်၍
အခြားသူတွေကိုယူသွားခွင့်မပြုနိုင်ဟုခံစားနေရ
သည်။ အထူးသဖြင့် အသက်သလင်းကို
ဈေးပြိုင်ပေးနေသူက ယူကျန်ထျန်းဖြစ်နေသော
အခါတွင်ဖြစ်၏။ ဘယ်လိုပဲနေနေ သူတို့နှင့်
သွေးစွေးနီမိသားစုကြား ပဋိပက္ခကရပ်စဲရန်
အကြောင်းမရှိရာ သူတို့အားထပ်၍ရန်စလည်း
ဘာမှကွာခြားမသွားပေ၊ သူကသူတို့ကိုအခု
ချက်ချင်းသတ်၍လည်းရနိုင်မည်မဟုတ်ပေ။ယူရှောင်းမိုက လင်းရှောင်ကိုခိုင်မာသည့်အကြည့်ဖြင့်
ကြည့်လိုက်ပြီး ပြောလိုက်သည်။"ကျွန်တော်....."
လင်းရှောင်က တည့်တိုးပင်စကားလုံးနှစ်လုံး
ထုတ်ပြောလိုက်၏။"လေလံဆွဲလိုက်"
ယူရှောင်းမို "........"
ဒါပဲလာပြန်ပြီ။ လင်းရှောင်နှလုံးသားနှင့် သူ့ကြား
စိတ်ချင်းဆက်သွယ်မှုရှိနေခြင်းက သိပ်ကို
စိတ်ရှုပ်ဖို့ကောင်းလှသည်။ အနည်းဆုံးတော့
သူ့ကိုပြီးအောင်ပြောခွင့်ပေးဦးလေ။ယူရှောင်းမိုက သူ့နာမည်အောက်မှာပဲဈေးနှုန်း
ထည့်လိုက်သည်။ ဒါကသူ့အတွက်တော့ အတော်
ရှားသည့်လုပ်ရပ်ပင်။ ယူကျန်ထျန်း ဘယ်လို
မျက်နှာထားဖြစ်သွားမလဲ သူတကယ်ကိုမြင်ချင်
မိနေတာကို ဝန်ခံသည်။ ဘယ်လိုပဲနေနေသူတို့က
သွေးသားအရ တူဝရီးဖြစ်နေတုန်းပဲလေ။ယူရှောင်းမိုပေးသည့်ဈေးကို လေလံပစ်သူမြင်သည့်
အခါ နောက်ဆုံးတွင်ကျေနပ်သည့်အပြုံးတစ်ပွင့်
ပေါ်လာ၏။
VOCÊ ESTÁ LENDO
The Legendary Master's Wife [မြန်မာဘာသာပြန်]
AventuraOriginal Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want to read from Chapter-1, please check my reading list, The Legendary Master's Wife.) (Available in both Unicode and Zawgyi) story cover-crd t...