Chapter-412

7K 1.3K 14
                                    

Unicode
အပိုင်း၄၁၂: သူတို့အတူတူပျောက်ကွယ်သွားတယ်?

အေးဆေးတည်ငြိမ်စွာ လွင့်မျောနေခဲ့သော
မီးတောက်ပင်လယ်တွင်
အပိုတစ်စုံတစ်ရာပေါင်းထည့်
လိုက်သကဲ့သို့ မီးတောက်များက လိမ်ယှက်သွား၏။
ထိုအရာက သေးငယ်သော လေဆင်နှာမောင်းတစ်ခုကဲ့သို့
လင်းရှောင်ဆီသို့ ဟိန်းဟောက်ရင်းချဉ်းကပ်သွား
သည်။

လင်းရှောင်၏ချောမောသောမျက်နှာတွင် လှောင်ပြုံး
တစ်ခုပေါ်လာသည်၊ လေအနှစ်သာရဆက်ခံသူ
တစ်ယောက်လုပ်နိုင်တာ ဒါအကုန်ပဲလား?
ဒီလိုခပ်ပေါပေါလှည့်စားမှုတစ်ခုပဲပေါ့?

ပြင်းပြင်းထန်ထန်ဟိန်းဟောက်နေခဲ့သော လေဆင်နှာ
မောင်းက လင်းရှောင်ရဲ့အတွေးတစ်ချက်ဖြင့်
မပျောက်ကွယ်သွားခင် စက္ကန့်အနည်းငယ်သာခံသည်။
သူ့ရဲ့မွေးရာပါမီိးတောက်ကို လေနဲ့ထိန်းချုပ်ချင်တယ်၊
ပိုရယ်စရာကောင်းတာများရှိသေးလား?

လင်းရှောင်ကမီးပင်လယ်ကို တစ်မီတာအချင်းရှိသည့်
စက်ဝိုင်းတစ်ခုအဖြစ်ချုံ့လိုက်သည်။ ထို့နောက်
သူ့ခေါင်းမော့လိုက်ပြီး မျက်မှောင်ကြုတ်နေသည့်
ယူအန်းထိုက်ကို တစ်ချက်ကြည့်လိုက်သည်။
ပေါ့ပါးသောအပြုံးတစ်ခုနှင့် သူကပြောလိုက်၏၊
"ယူအန်းထိုက်၊ ငါ့မီးတောက်ကိုထိန်းချုပ်ဖို့
လေကိုသုံးတာက အချည်းနှီးကြိုးစားမှုပဲ၊ အဲ့ဒါ
မင်းဉာဏ်ရည်အကုန်ပဲလား?"

တစ်စုံတစ်ယောက်ရဲ့ဉာဏ်ရည်အပေါ် ရက်စက်တဲ့
တိုက်ခိုက်မှု- နယ်မြေထဲမှာရှိနေတဲ့
ယူရှောင်းမိုက အတွေ့အကြုံရှိဆုံးဖြစ်၏။

သို့သော် ယူအန်းထိုက်မှာထိုကဲ့သို့​သောတိုက်ခိုက်မှုကို
အသားကျနေပြီဖြစ်သည့် ယူရှောင်းမိုမဟုတ်ပါချေ။
ဤလူအိုကြီးအတွက် ဒါက ပထမဆုံးအကြိမ်ဖြစ်၏။

အားလုံးပြောကြတဲ့အတိုင်း ပထမဆုံးအကြိမ်က
အခံရခက်ဆုံးဖြစ်၏။ ယူအန်းထိုက်၏ ခဲပြာရောင်
မျက်နှာကိုကြည့်၍ လူတိုင်းပြောနိုင်သည်၊
ဒီလူအိုကြီးက ဒေါသပေါက်ကွဲတော့မည်ဖြစ်၏။

"ဒီမှာရှိနေတဲ့တစ်ယောက်ယောက်ကတော့
အပြောပဲရှိတာပါလား၊ မင်းတကယ်သေချင်နေတယ်
ဆိုလဲ ဒီလူအိုကြီးက မင်းဆန္ဒကိုဖြည့်ဆည်းပေး
ရတာပေါ့။" သူ့စကားများထွက်လာသည်နှင့်
သူ့ဘေးရှိနေရာလပ်အတွင်းတွင် သေးငယ်သော
လေလှည့်ပတ်မှုခြောက်ခု ဖြစ်ပေါ်လာသည်။
ထိုလှည့်ပတ်မှုများက ကြီးမားသောလေဆင်နှာမောင်း
ခြောက်ခုဖြစ်သည်အထိ ကြီးထွားလာပြီး
ရူးလောက်ဖွယ်အမြန်နှုန်းနှင့်လှည့်ပတ်နေသည်။
၄တို့အတွင်းတွင်ပုန်းကွယ်နေသည်မှာ
ကောင်းကင်နှင့်မြေပြင်ကို ဖျက်ဆီးနိုင်သည့်
အားတစ်ခုဖြစ်သည်။ ထိုအရာမှာ သဘာဝအားဖြစ်
ကာ၊ မည်သည့်တိုက်ခိုက်ခြင်းစွမ်းရည်ထက်မဆို
သာလွန်သည့် နေရာတိုင်းတွင်ရှိနေသောလေစွမ်းအား
ဖြစ်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now