Chapter-565

6K 1.2K 40
                                    

//Unicode//

အပိုင်း(၅၆၅) အပ်ချုပ်ဆိုင်ရှင်အမျိုးသမီး

ယူရှောင်းမိုအရင်ဘဝက လူသားဖြင့်ပြုလုပ်ထားသော
ပေါက်စီကို တီဗွီပေါ်မှာပဲမြင်ခဲ့ဖူးသည်။ ထို့ပြင်
၎င်းက ရုပ်ရှင်တစ်ခုသာဖြစ်ပြီး နာမည်က
'လူသားပေါက်စီ'ဖြစ်၏။

သူက နည်းနည်းကြောက်တတ်သည်၊ ယူပေါ်က
ထိုအကြောင်းသိသွားသည့်အခါ ယူရှောင်းမိုအား
တစ်ခါတစ်ရံ၌ သူနှင့်အတူသရဲကားများကြည့်ဖို့
ဆွဲခေါ်လေတော့သည်။ ၎င်းက ထိုရုပ်ရှင်ကားများ
ထဲမှတစ်ခုဖြစ်၏။ သူ ကြည့်ပြီးနောက်တွင်
လဝက်လောက် ပေါက်စီမစားရဲတော့ဘဲ စိတ်ထဲ
စွဲထင်နေခဲ့သည်။ သို့သော် အဆုံးတွင်တော့ ၎င်းက
ရုပ်ရှင်ဇာတ်ကားတစ်ခုသာဖြစ်သည်။ ယခုမှာတော့
တကယ့်အဖြစ်အပျက်နဲ့ ကြုံတွေ့ခဲ့ရလေပြီ။

ယူရှောင်းမိုမှာ အော်ဂလီဆန်လွန်း၍ သကြားကြာစွယ်
အချပ်လေးများကိုတောင် ဆက်မစားတော့ချေ။

ယမန်နေ့က တည်းခိုခန်းပိုင်ရှင်ပို့ပေးတဲ့ထဲ
မြေပဲနှင့်ကြာစွယ်ချပ်များသာပါသည်ကို သူ
အလွန်အမင်းကျေးဇူးတင်မိသွားသည်၊ မဟုတ်လျှင်
စားထားသမျှအကုန် အန်ထုတ်ပြီးလောက်ပြီ။

အကုန်လုံးဖယ်ပစ်လိုက်ပြီးနောက် ယူရှောင်းမို
စားချင်စိတ်မရှိတော့ပေ။

ပြန်တွေးကြည့်မှ မနေ့ညကတည်းခိုခန်းပိုင်ရှင်၏
အပြုအမူများက အမှန်ပင်သံသယဖြစ်ဖွယ်ကောင်း
နေခဲ့သည်။

ထိုအချိန်တုန်းက တည်းခိုခန်းပိုင်ရှင်၏အမူအယာကို
ယူရှောင်းမို သေသေချာချာပြန်တွေးကြည့်သည်။
သူ ငြင်းဆန်ပေမဲ့ တည်းခိုခန်းပိုင်ရှင်က
အဆာပြေမုန့်နှစ်ပန်းကန်ကို အတင်းယူခိုင်းသည်၊
ပြီးနောက် အရံဟင်းပွဲတွေတောင်ပို့ပေးသေးသည်။
တည်းခိုခန်းပိုင်ရှင်က ထိုသို့နွေးထွေးဖော်ရွေသည့်လူ
ဖြစ်နိုင်စရာအကြောင်းမရှိပေ။

သူ့စိတ်ထဲ အကြံတစ်ခုရသွားပြီး ယူရှောင်းမို
လင်းရှောင်ကိုတစ်ချက်သွားကြည့်ကာ ထွက်လာ
ခဲ့၏။

သူတို့နဲ့တစ်ချိန်တည်းမှာ အခန်းငှားထားသည့်
အပြင်လူနှစ်ဦးရှိသေးသည်ကို သူမှတ်မိသည်။
အင်္ကျီအဝတ်အစားအရည်အသွေးက
မြင့်တာကြောင့် သူတို့က သူနှင့်လင်းရှောင်လိုပဲ
ဆိုတာ ယူရှောင်းမိုသေချာနေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now