Chapter-527

5.9K 1.2K 125
                                    

//Unicode//

အပိုင်း ၅၂၇- ပေါ့ပေါ့ပါးပါးဖြစ်လာခြင်းနှင့်
မိတ်လိုက်ခြင်းအကြောင်း

သူတို့ပတ်လည်ရှိလေထုက လေးလံနေသည်။
အများစုက ဆင်ခြင်သုံးသပ်နေတဲ့အမူအရာတွေနဲ့၊
တစ်ချို့ကတော့ ချီးစားလိုက်ရတဲ့ပုံပေါက်နေသည်။

*(တိုက်ရိုက်ပြန်ထားခြင်းဖြစ်ပါသည်)

ဥပမာဆိုရရင် ထျန်းဟန်လို့ခေါ် တဲ့ကောင်ဟာ
အလိမ်ခံထားရတဲ့ပုံပေါ် နေတယ်။ လင်းရှောင်က
ဦးလေးကုနဲ့အတူ ထွက်သွားပြီဆိုတာကို
သိတော့ ချက်ချင်းပဲ 'ဟမ့်' လို့အသံတစ်ချက်ပြုပြီး
စားပွဲပေါ်ကို မကျေနပ်တဲ့အမူအရာနဲ့ခြေထောက်
တင်လိုက်သည်။

"ငါက သူ့လောက်မသန်မာတာကိုဝန်ခံပါတယ်..
ဒါပေမယ့် သူကနတ်ဘုရားအဆင့်ဆိုတော့
ရောဘာလုပ်ရမှာလဲ? ထျန်းကုံမှာ နတ်ဘုရား
အဆင့်တွေမရှိတာမှမဟုတ်တာ... ထျန်းကွေ့
ကလည်းအဆင့်၁၂ပဲ ၊ သူ ထျန်းကွေ့ကို
နိုင်မယ်ဆိုမှ ထူးခြားတာလေ"
ထျန်းဟန်က လမ်းသရဲတစ်ယောက်လို
လျော့တိလျော့ရဲအမူအရာတစ်ခုကောက်တပ်
လိုက်လေသည်။

ယူရှောင်းမို သူ့ကိုစိုက်မကြည့်ဘဲမနေနိုင်လောက်
အောင်ဖြစ်သွားသည်။ ဒီကောင်က အဖိုးကြီးလိုပဲ
စရိုက်အမျိုးမျိုးရှိနေသလိုခံစားချက်ကို
ပေးစွမ်းသည်။

"ထျန်းဟန် စကားပြောတာကြည့်ပြော"
ထျန်းယွမ်က သတိပေးခြင်းတစ်ဝက်နဲ့
ရုတ်တရက် ပြောလိုက်သည်။

ထျန်းဟန်လည်း ထျန်းယွမ်ပြောချင်တဲ့အဓိပ္ပါယ်ကို
သိသည်။ သူ ယူရှောင်းမိုကိုတစ်ချက်ကြည့်လိုက်ပြီး
စားပွဲပေါ် ကနေ ခြေထောက်ဖယ်လိုက်ကာ
ရွှင်မြူးစွာနဲ့စိုက်ကြည့်လိုက်ပြီး၊
"ကောင်စုတ်လေး ငါပြောတာမှန်တယ်လို့
ထင်လား"

တစ်ဖက်လူက သူ့ကိုစကားလာပြောလိမ့်မယ်လို့
ယူရှောင်းမိုမထင်ထားခဲ့ချေ။ ခဏလောက်
ကြာတော့မှပဲပြန်ပြောနိုင်၏၊
"အိုး ခင်ဗျားပြောတာက အများအားဖြင့်တော့
မှန်ပါတယ်"

" အများအားဖြင့် ဆိုတာဘာကိုပြောတာလဲ?"
ထျန်းဟန်က အလွန်အမင်းမကျေမနပ်နှင့်
မျက်မှောင်ကြုံ့လိုက်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Место, где живут истории. Откройте их для себя