Chapter-540

6.4K 1.2K 76
                                    

//Unicode//

အပိုင်း(၅၄၀) ကူညီသူများ

သခင်ရေ နှစ်သိမ့်ပေးပါဦး!!

သူတို့ပါးစပ်များရောင်ကိုင်းနေမည်ကို
စစ်ဆေးမကြည့်ဘဲပင် သိနိုင်ပေသည်။

ယူရှောင်းမို- (-_-)|||
သူတို့ လိပ်နက်ကြီး၏မာကြောသည့်အခွံကိုမဟုတ်ဘဲ
ခေါင်းကိုသွားကိုက်လိမ့်မည်ဟု မျှော်လင့်ထား
ခဲ့သည်။ အခွံကြီးအားကိုက်နိုင်လျှင်ပင်
သေစေနိုင်လောက်သည့်ဒဏ်ရာ ဖြစ်မည်မဟုတ်။

ယူရှောင်းမို သူတို့အားအင်္ကျီထဲပြန်ဝှက်ထား
လိုက်ပြီး အတော်ကြာစဉ်းစားသုံးသပ်ပြီးနောက်တွင်
သတ္တုစားသားရဲလေးကို ခေါ်ဖို့ဆုံးဖြတ်လိုက်သည်။

ဤအလုပ်က 'သတ္တုစားသည့်'အလုပ်ပင်ဖြစ်သည်၊
မည်မျှပင်မာကြောသည့် သတ္တုဖြစ်ပါစေ
သူက တိုဖူးကဲ့သို့ဝါးစားနိုင်၏။

လိပ်အရေခွံကို မကိုက်နိုင်ဘူးလို့တော့
မရှိလောက်ဘူးမလား?

သတ္တုစားသားရဲလေးသည် လိပ်အရေခွံက
သူ့အတွက် ကိတ်မုန့်လေးတစ်ပိုင်းနှယ်
'စိတ်ချ' ဆိုသည့်အမူအရာကို ပေးလိုက်၏။

အရသာဆိုးမယ်ဆိုပေမယ့် သခင်ကဆုချပေးသရွေ့
အဆင်ပြေသည်။ သတ္တုရေခွက်နည်းနည်းလောက်
ဆိုရင်ကို လုံလောက်နေပြီ။

သူ့အကြံက ကောင်းတော့ကောင်းပါသည်။

ယူရှောင်းမို သူ့အလုပ်ပြီးလျှင်ဆုကောင်းကောင်း
ချမည်ဟုဆုံးဖြတ်လိုက်သည်။

သို့သော်ငြား....

သတ္တုစားသားရဲလေးသည် ရင်ကော့ကာဖြင့်
ယူရှောင်းမိုလက်ထဲမှထွက်သွား၏။ ခဏအကြာတွင်
သူ့အား ရေလျှင်စီးကြောင်းများကရိုက်ခတ်သော
ကြောင့် တဂတ်ဂတ်အော်သံများကြားလိုက်ရ
လေသည်။ လိပ်အခွံကို သူ့လက်သည်းများဖြင့်
အစွမ်းကုန်ကုတ်တွယ်ထားရ၏။ ယူရှောင်းမို
သူ့ကို အချိန်မီပြန်ပိုက်လိုက်၍သာမဟုတ်လျှင်
ရေစီးကြောင်းနှင့်ပါသွားလောက်လေပြီ။

သတ္တုစားသားရဲလေးသည် အလွန်အမင်းတုန်ရီ
နေကာ သူ့သခင်ဖြစ်သူ၏လက်ထဲတွင်
တိုးဝှေ့နေ၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now