Unicode
အပိုင်း၄၈၈- စမ်းကြည့်လိုက်လေ
ယူရှောင်းမို အတွေးနယ်ချဲ့နေစဉ်မှာပဲ
သူတွေးနေတဲ့လူက ရုတ်တရက်
ခေါင်းလှည့်လာပြီး ထူပိန်းနက်မှောင်တဲ့
မျက်ဝန်းတွေက သူ့မြင်ကွင်းထဲတည့်တည့်ရောက်လာ
သည်။ တစ်ခါတုန်းက ငယ်ရွယ်ပြီးအပြစ်ကင်း
ခဲ့တဲ့မျက်နှာမှာ ရင့်ကျက်ပြီးညှာတာမှုကင်းမဲ့တဲ့
အသွင်များ အစားထိုးလို့နေသည်။
သူ့ကိုမြင်တော့ ကျန်းလျှို့မျက်လုံးထဲတွင်
စိတ်မကြည်သာမှုများ ဖြတ်ပြေးသွား၏။"တစ်ခုခုမှားနေလို့လား" ကျန်းလျှို့က
ထောင့်ကလူငယ်ကို မျက်တောင်မခတ်ကြည့်
နေတာမြင်တော့ သူ့ညာဘက်ဘေးက
သက်လတ်ပိုင်းအရွယ်ယောက်ျားက မေးလိုက်တယ်။ကျန်းလျှို့ လက်ဖက်ရည်တစ်ငုံသောက်လိုက်
ပြီးနောက် မှားစရာမရှိအောင်ဆိုးညစ်သည့်
အသံနှင့်ပြန်ဖြေလိုက်သည်၊
"သူငါ့ကိုကြည့်နေတဲ့ပုံကိုမကြိုက်ဘူး""ဒါဆို... သူ့မျက်လုံးတွေကိုဖောက်ထုတ်လိုက်
ရအောင်လေ" ဘယ်ဘက်ကလူက
ထူးထူးဆန်းဆန်းကြောင်တောင်တောင်
ရယ်သံပြုလိုက်တယ်။"ထားလိုက်ပါတော့" ကျန်းလျှို့ပြောလိုက်တယ်၊
"သွေးစွေးနီကလန်ရဲ့ဆန်ကာတင်ပြိုင်ပွဲက
နှစ်ရက်အတွင်း စတော့မှာ၊ မလိုအပ်တဲ့ပြဿနာတွေ
မဖြစ်စေချင်ဘူး"ထိုလူက နှုတ်ခမ်းတွေကိုသပ်လိုက်ပြီး
စိတ်ပျက်လက်ပျက်ပုံနဲ့ပြုံးလိုက်သည်၊
"ဆိုးလိုက်တာကွာ"သူတို့အုပ်စုက အသံမလျော့ထားတာရယ်၊
ဆိုင်ထဲမှာလည်း လူတွေအများကြီးရှိမနေတာရယ်
ကြောင့် သူတို့စကားကို ထောင့်မှာထိုင်နေတဲ့
ယူရှောင်းမိုအပါအဝင် လူတိုင်း
ရှင်းရှင်းလင်းလင်းကြားလိုက်ကြရသည်။ထိုလူက သတ်ဖို့ဖြတ်ဖို့ပြောနေတာကိုကြားတော့
လူတွေက ယူရှောင်းမိုကိုကရုဏာသက်စွာနဲ့
ကြည့်လိုက်ကြသည်၊ မျှော်လင့်မထားမိတဲ့
ကပ်ဆိုးဆိုတာ ဒါပဲ.....ယူရှောင်းမို ပါးစပ်တွန့်မိသွားတာကြောင့်
သူ့မျက်နှာသူကာလိုက်တယ်။
ESTÁS LEYENDO
The Legendary Master's Wife [မြန်မာဘာသာပြန်]
AventuraOriginal Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want to read from Chapter-1, please check my reading list, The Legendary Master's Wife.) (Available in both Unicode and Zawgyi) story cover-crd t...