Chapter-551

6.3K 1.2K 44
                                    

//Unicode//

အပိုင်း(၅၅၁) ဆေးဖော်စပ်နည်းလဲလှယ်ခြင်း

အကြီးအကဲကန်းနှင့် ယဉ်ကျေးသမှုစကားအချို့
ဖလှယ်ပြီးနောက် ယူရှောင်းမို ပစ်မှတ်တစ်ခုအတွက်
လျှောက်ပတ်ကြည့်တော့သည်။

အကြီးအကဲကန်းတို့က အဆင့်အတန်းမြင့်မားသဖြင့်
လစဉ် သူတို့ရရှိသည့်အမှတ်ပမာဏသည်လည်း
အတော်လေးမြင့်မား၏။

ဒါပေမယ့်လည်း သူတို့အလိုရှိသည့်ပစ္စည်းများက
များသောအားဖြင့်ရှာရခက်ပေရာ အချိန်အများစု၌
ဘယ်သူကမှမအောင်မြင်ခဲ့ကြပေ၊ ဒါကြောင့်
သူတို့မှာ အမှတ်အများကြီးရှိနေခြင်းဖြစ်သည်။

ကျုံးယဲ့က ယူရှောင်းမိုအား သူတို့တောင်းဆို
ထားသည်ကိုပေးနိုင်သရွေ့ အကြီးအကဲတွေက
ကပ်စီးနည်းနေမည်မဟုတ်ဟုပြောပြထားသည်။
ဒါက အပိုင်းတစ်၊နှစ်တို့နှင့် အရမ်းကိုကွာခြားသည်။

ယူရှောင်းမို အကြီးအကဲတစ်ယောက်ချင်းစီရဲ့
တောင်းဆိုချက်များကိုတစ်ချက်ကြည့်ကြည့်
လိုက်သည်။ ကျုံးယဲ့ပြောသလိုပဲ သူတို့
တောင်းဆိုထားတာတွေက လက်လှမ်းမီဖို့
ခဲယဉ်းသည်။

အချို့က အဆင့်၁၁နတ်ဆိုးသားရဲ အသက်သလင်း
ကျောက်ကိုလိုချင်သည်။ အချို့က
လူသားအဆင့်လွန်မှော်ဆေးပင်များနဲ့ အချို့ဆို
လူသားအဆင့်လွန်မှော်ဆေးလုံးတွေတောင်
ပါသေးသည်။ မှော်ဆေးလုံးအလိုရှိသူတွေက
သူတို့ကိုယ်တိုင် မဖော်စပ်နိုင်၍ပဲဖြစ်ဖြစ်
ဖော်စပ်ဖို့ပါဝင်ပစ္စည်းမရှိ၍ပဲဖြစ်ဖြစ်
ဖြစ်လောက်သည်။

ကံမကောင်းစွာနဲ့ ယူရှောင်းမိုတွင် သူတို့ရှာနေသော
မှော်ဆေးပင်များမရှိပေ။

ရှိတဲ့ဟာတွေကလည်း မရင့်မှည့်သေးတာတွေနဲ့
တစ်ချို့ကလည်းရိုးတံတစ်ခုသာရှိသည်။ ဒီလို
ဖြစ်နေတော့ ယူရှောင်းမိုလည်း သက်ပြင်းသာ
ချနိုင်တော့သည်။

"ဘယ်လိုလဲ"   နှစ်ယောက်သား တစ်ပတ်
ကြည့်ကြည့်ပြီးတော့ ကျုံးယဲ့ကမေးသည်။

ယူရှောင်းမို နည်းနည်းစိတ်ပျက်သွားပြီး ခေါင်းယမ်း
ပြမလို့ပဲ၊ ဒါပေမယ့်အဲ့ဒီအချိန် ကွဲထွက်နေတဲ့
ဆိုင်ခန်းလေးနဲ့ အောက်ဘက်မှာချိတ်ထားတဲ့
ကတ်ပြားပေါ်ကစာလုံးတွေကိုသတိပြုမိလိုက်ပြီး
ရပ်တန့်လိုက်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] حيث تعيش القصص. اكتشف الآن