Chapter-538

6.1K 1.1K 23
                                    

//Unicode//

အပိုင်း(၅၃၈) လောကလိပ်နက်မျိုးနွယ်စု
ရောက်ရှိလာခြင်း

လိပ်နက်မျိုးနွယ်စုလူတွေက သုံးရက်အတွင်းမှာ
ရောက်မည်ဟု ဟိုင်ချူး ပြောခဲ့သော်လည်း
သူတို့ရောက်လာတော့သုံးရက်ပင်မရှိသေးပေ။

ဒုတိယနေ့နေ့လည်ပိုင်းတွင် အခန်းစားပွဲပေါ်မှာ
မှတ်စုတိုတစ်ခုရှိနေသည်။

စာရွက်ပေါ်၌ ရေးထားသည်က လုံခြုံမှုရှိစေရန်
အတွက် ဝေလငါးကျွန်းရှိလူမသိသည့်
ဆိပ်ကမ်းလေးတစ်ခုမှာ ဆုံတွေ့သင့်သည်ဟု
ဖော်ပြထားသောစာတိုလေးပင်။ ဆိပ်ကမ်း
နေရာအား သူတို့မသိမည်စိုး၍ မြေပုံလေးတစ်ခုပင်
တွဲပေးထား၏။

ယူရှောင်းမို တစ်ချက်ကြည့်ပြီးနောက် စာတိုလေးအား
လိပ်လိုက်ကာအင်္ကျီထဲသို့ ထည့်လိုက်သည်။
ထို့နောက် လင်း​ရှောင်ဆီလှည့်ကြည့်လိုက်၏၊
"စာတိုထဲမှာ ညနေကျရင်ဆိပ်ကမ်းလေးတစ်ခုမှာ
ကျွန်တော်တို့နှစ်ယောက်တည်းပဲ လာတွေ့သင့်တယ်
လို့ရေးထားတယ်၊ ဟိုင်ချူးလို့ခေါ် တဲ့သူကို
စောင့်သင့်လား?"

"ဟင့်အင်း" လင်းရှောင်က ဒုတိယအကြိမ်ပင်
ပြန်မတွေးဘဲငြင်းသည်။ သူ့မျက်ဝန်းထဲ၌
ထူးဆန်းတဲ့အပြုံးတစ်ခု ယောင်ယောင်လေး
ဖြတ်ပြေးသွား၏။

"မှတ်စုကိုထားခဲ့တဲ့သူက ကိုယ်တို့နှစ်ယောက်ပဲ သွားဖို့ပြောထားတယ်ဆိုမှတော့ 'သူ' ဆန္ဒရှိသလိုပဲလုပ်ကြတာပေါ့"

လင်းရှောင်၏အမူအရာက သူတစ်ခုခုမကျူးလွန်ခင်
လုပ်လေ့ရှိတဲ့အမူအရာဖြစ်တာကို ယူရှောင်းမို
ခံစားမိသည်။

သို့ပေမယ့်လည်း နေဝင်ခါနီးသောအခါ
လင်းရှောင်ဘာတွေးနေလဲ သူမခန့်မှန်းနိုင်တာကြောင့်
သံသယတွေအပြည့်နဲ့ပဲ ဆိပ်ကမ်းလေးဆီ
အတူတူထွက်လာခဲ့၏။

ဆိပ်ကမ်းလေး၏တည်နေရာသည် အတော်လေး
လူခြေပြတ်၏။ သူတို့လျှောက်လာစဉ်
လူတွေနည်းသထက်နည်းလာသည်မှာ လူတစ်ယောက်
လေးမှမမြင်ရတော့သည်အထိပင်။
ထိုဆိပ်ကမ်းကလေးမှာ အမှန်တော့စွန့်ပစ်ထားသည့်
ဆိပ်ကမ်းဖြစ်နေသည်။ ဝေလငါးကျွန်း
ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဆိပ်ကမ်းလေး
မျက်နှာမူရာကမှားနေတာနဲ့ တံငါသည်တွေအတွက်
လိုအပ်ချက်ကိုမဖြည့်ဆည်းပေးနိုင်သောကြောင့်
စွန့်ပစ်ခံထားရခြင်း ဖြစ်လေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now