Chapter-537

6.2K 1.1K 16
                                    

//Unicode//

အပိုင်း(၅၃၇) ဝေလငါးကျွန်း

လေးရက်နှင့်နေ့တစ်ဝက်ကြာပြီးသည့်နောက်
ကုန်သင်္ဘောကြီးက ဝေလကျွန်းသို့ဘေးကင်းစွာဖြင့်
ဆိုက်ရောက်လာသည်။

ခရီးစဉ်တစ်လျှောက်တွင် လှည့်လည်သွားလာနေ
သောပင်လယ်ဓားပြတစ်ယောက်မှ မတွေ့ခဲ့ရပေ။
ယူရှောင်းမို အစကဒီကမ္ဘာရဲ့ပင်လယ်ဓားပြ
တွေကိုမြင်ဖူးချင်တဲ့ မျှော်လင့်ချက်လေး
ပျက်စီးသွားရသည်။

ကုန်သင်္ဘောကြီး ကမ်းကပ်လိုက်သည့်အခါ
သင်္ဘောသားများက ကုန်ချကြ၏။

ဝေလငါးကျွန်းရဲ့ဆိပ်ကမ်းက မြစ်မြို့ဆိပ်ကမ်းထက်
သုံးလေးဆခန့်ပိုကြီးသည်။ ဆိပ်ကမ်းမှာ
ကပ်ထားတဲ့ ကုန်သင်္ဘောကြီးတွေလည်း
အများကြီးရှိပြီး အင်မတန်မှစည်ကားလှသည်။
အဖိုးအိုပြောခဲ့တာ အမှန်ပဲ- ဝေလငါးကျွန်းရဲ့
ပတ်ဝန်းကျင်က မြစ်မြို့ထက်အများကြီး
ပိုကောင်းတယ်။

ယူရှောင်းမိုနဲ့လင်းရှောင်က သင်္ဘောပေါ် က
ဆင်းရန်အလျင်မလိုပေ၊ သို့သော်ယန်တင်းတို့မှာ
သင်္ဘောကမ်းကပ်သည်နှင့် လျင်မြန်စွာပြေးဆင်း
သွားကြသည်။ ယူရှောင်းမို သူတို့အားအပြစ်ပေး
လိုက်ကတည်းက ပြဿနာမရှာရဲကြတော့ဘဲ
ယူရှောင်းမိုနဲ့ သင်္ဘောပေါ်မှာတွေ့လိုက်တိုင်း
လန့်လာကြတော့သည်။ အဆုံးမှာတော့
သူတို့အခန်းထဲမှာပဲပုန်းနေကြပြီး ထွက်မလာကြ
တော့ပေ။

ကုန်ပစ္စည်းသုံးပုံတစ်ပုံခန့် ချပြီးနောက်တွင်
ကပ္ပတိန်ကသူတို့အား ရှာနေတဲ့သူရှိတယ်ဟု
ပြောကာ ဆင်းဖို့ပြောလာ၏။

ယူရှောင်းမို ခေါင်းလှည့်ပြီးလင်းရှောင်ကို
ကြည့်လိုက်သည်။ သူပြောတာမှန်သွားပြန်သည်-
မြစ်မြို့ကအဖိုးအိုမှာ တကယ်ပဲအဆက်အသွယ်
တစ်ချို့ရှိပုံရ၏။ သူကကြိုပြီးစီစဉ်ပေးထား
ပြီးပြီဖြစ်တာကြောင့် သူတို့ဘာသာသွားရှာစရာ
မလိုတော့ပေ။

သင်္ဘောပေါ် မှဆင်းပြီးတဲ့နောက် သူတို့အား
လာရှာသူကိုမြင်လိုက်ရသည်၊ ၎င်းမှာ
ကလေးရုပ်မပျောက်သေးသော လူငယ်လေး
ဖြစ်၏။ မမျှော်လင့်ထားစွာနဲ့ လူငယ်လေးရဲ့
မူလသဏ္ဍာန်က လိပ်မျိုးနွယ်စုမှဖြစ်လေသည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now