Chapter-438

7.2K 1.2K 11
                                    

Unicode
အပိုင်း၄၃၈- တုံကျိုးရဲ့နောက်ပြန်ဆွဲမှုများ

ယူရှောင်းမိုက 'စွန့်စားခန်းပုံပြင်' ရှိခဲ့ပေမယ့်
ချောင်ဝူရှင်းနဲ့ကျုံးယဲ့တို့ရဲ့ပြိုင်ပွဲတွေကတော့
အလွန်အမင်းချောမွေ့ခဲ့သည်။ သို့သော်လည်း
သူတို့ပွဲကနေ့လည်ခင်းမှာမလို့ သူမသွား
ခဲ့ပေ။

ပြိုင်ပွဲတွေပြီးသွားတဲ့အခါ ယူရှောင်းမိုက
တတိယပွဲစဉ်အတွက်ပြိုင်ဖက်ရှာဖိို့
သုံးဆယ့်ငါးထပ်ကိုအပြေးအလွှားသွားလိုက်ပြီး
နောက် လင်းရှောင်နဲ့အတူ ပထမထပ်ပြန်ခဲ့တယ်။
ဒီနေ့လိုအဖြစ်ထပ်ဖြစ်မှာကိုသူပူစရာမလိုတော့ပေ။
ကံဆိုတာကလဲ ယောက်ျားတွေရဲ့စိတ်နှလုံးကို
တုန်လှုပ်စေနိုင်ပြီး အထပ်ခြောက်ဆယ်ကလူတွေက
ကျူဟုန်လိုမျိုးလှည့်စားကွက်သုံးမယ်လို့
သူမယုံဘူး။

ပထမထပ်ရှိ အကြမ်းထည်ဆန်ပြီးရိုးရှင်းတဲ့အခန်း
တစ်ခန်းတွင်.....

ယူရှောင်းမိုက လင်းရှောင်မနေ့ကဆေးထားတဲ့
မှော်ဆေးပင်တွေကိုကျေးများနေတယ်။
(ဂျီးများနေ၊ ဇီဇာကြောင်နေတာကိုပြောတာပါ)

ပွင့်ပွင့်လင်းလင်းပြောရရင်
ဒါကသန့်နေတယ်။ ဒါပေမယ့်တကယ်က
လင်းရှောင်က ရွှံ့တွေသူ့ဘာသူကွာကျသွားအောင်
မှော်ဆေးပင်တွေကိုရေပုံးထဲပစ်ထည့်၊
ပြန်ဆယ်လိုက်ပြီး ပြန်ချထားတာကို
အလုပ်ပြီးပြီလို့ယူဆလိုက်တာ။

အဆုံးကျတော့ ဘယ်လောက်များသန့်မှာမလို့လဲ?
မှော်ဆေးပင်အမြစ်တွေမှာ မြေကြီးအနဲနဲ့အများတော့
ရှိနေသေးတာပဲ။ ထပ်ပြီး
ကိုယ်တိုင်ကိုယ်ကျဆေးကြောဖို့လိုနေတယ်။
ဒီလောက်ထိအပျင်းကြီးတာ နတ်ဘုရားတွေရော
လူတွေရောမုန်းတာခံရသင့်တယ်။

ယူရှောင်းမိုက ထိုတစ်စုံတစ်ယောက်ကို
မကျေမနပ်ဖြစ်နေရင်းမှော်ဆေးပင်တွေကို
ဆေးနေတယ်။

ဒုတိယနေ့ကျရင်ပြိုင်ပွဲတွေမရှိတာကြောင့်
ယူရှောင်းမိုကသူ့အခန်းထဲမှာပဲတစ်နေကုန်
နေဖို့စိတ်ကူးထားတာဖြစ်သည်။
အခုတော့မနေ့တုန်းက သူတူးထားတဲ့
မှော်ဆေးပင်တွေကိုပဲရှင်းရတော့မယ်။
လင်းရှောင်တာဝန်မဲ့တာကြောင့်
သူအကုန်လုံးထပ်လုပ်ရတော့မှာပဲ။

The Legendary Master's Wife [မြန်မာဘာသာပြန်] Tempat cerita menjadi hidup. Temukan sekarang