Chapter-523

5.9K 1.1K 13
                                    

//Unicode//

အပိုင်း ၅၂၃- ရှို့ရှန်းစံအိမ်

ရှို့ရှန်းစံအိမ်ဟုခေါ် သည့်တားမြစ်နေရာပိုင်ရှင်
ထျန်းကုံ၏တစ်ဦးတည်းသောမှော်ဆရာသည်
ထျန်းရှို့ဖြစ်၏။ ပုံမှန်အားဖြင့် သူ့ခွင့်ပြုချက်
မပါဘဲဝင်ခွင့်မရှိပေ။ ခိုးဝင်တာမိသွားပါက
တရားခံသည် မှော်ဆေးလုံးတစ်လုံးမှမရဘဲ
နှစ်များစွာကြာအောင်အပြစ်ပေးခံရမည်ဖြစ်၏။

ထျန်းရှို့က အဆင့်၃သက်တန့်မှော်ဆရာဖြစ်ပြီး
ထျန်းကုံတွင် အတော်ဆုံးများထဲပါသည်။
ထို့ပြင်သူက လူတိုင်းရဲ့အသက်ကိုဆုပ်ကိုင်
ထားတာဖြစ်တာကြောင့် ရန်သွားစရဲသူ
အနည်းငယ်သာရှိလေသည်။

သို့သော်လည်း ရှို့ရှန်းစံအိမ်ကိုလူနှစ်ယောက်
ကျူးကျော်လာသည်၊ထျန်းမင်နဲ့ထျန်းဟန်ကဲ့သို့ပင်
အနက်တစ်ယောက် အဖြူတစ်ယောက်ဖြစ်လေ
သည်။ သူတို့မှာလင်းရှောင်နဲ့ ယူရှောင်းမိုပေ။

ခိုးပြီးဝင်ရောက်လာပြီးတဲ့နောက် ယူရှောင်းမိုက
တံခါးဘက်ကိုလက်ယမ်းလိုက်သည်၊
ရွှေတောင်ပံပိုးကောင်နှစ်ကောင်က အလိုက်တသိနဲ့
သူ့ခေါင်းပေါ် ပျံသန်းလာသည်။ သူတို့ကို
ခေါ် လိုက်ရတာက ရှို့ရှန်းစံအိမ်ရဲ့နံရံအပြင်ဘက်
မှာအတားအဆီးတစ်ခုခင်းကျင်းထားလို့
ဖြစ်၏။

လင်းရှောင်ရဲ့အဆင့်နဲ့ ထျန်းရှို့ရဲ့အတားအဆီး
အစီအရင်ကိုအလွယ်တကူဖျက်စီးနိုင်ပေသည်။
သို့သော် ထိုသို့လုပ်ခြင်းကအနှောင့်အယှက်
ဖြစ်စေနိုင်ပြီး ထျန်းကုံကလူတွေသတိထားမိသွားဖို့
များသည်၊ ကံကောင်းစွာနဲ့ သူတို့မှာအတားအဆီး
အစီအရင်တွေဝါးစားနေရာမှာ ဆရာကြီးတွေ
ဖြစ်တဲ့ရွှေတောင်ပံပိုးကောင်တွေရှိနေတယ်လေ။

ရှို့ရှန်းစံအိမ်တွင် ဧည့်ခန်း၊ ဆေးလုံးသန့်စင်ခန်းနှင့်
စာကြည့်ခန်းဟူ၍ အပိုင်းသုံးခုပါဝင်၏။

ယူရှောင်းမို ဧည့်ခန်းကိုဖြတ်ပြီးလက်ဝဲဘက်ရှိ
ဆေးလုံးသန့်စင်ခန်းဆီလျှောက်သွားလိုက်တယ်။
ဆေးလုံးသန့်စင်ခန်းကို တန်ဖိုးကြီးစွာ
တန်ဆာဆင်ထားပြီး အလယ်ခေါင်တွင်ဆေးပေါင်း
အိုးကြီးတစ်လုံးရှိနေသည်။ သို့ပေမယ့်
သူ့ဆရာအဖိုးကြီးရဲ့ဆေးလုံးသန့်စင်ခန်းထဲက
ဆေးပေါင်းအိုးနှင့်ယှဉ်လျှင် ဒီတစ်ခုက
နည်းနည်းပိုသေးသည်၊ သို့သော်ဆေးပေါင်းအိုးကို
တလက်လက်တောက်ပနေသည့် ကျောက်မျက်များ
ဖြင့်အလှဆင်ထားပြီး လာထိပါလာထိပါဟု
ဖိတ်ခေါ် နေသလိုပင်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now