Chapter-479

6.5K 1.2K 104
                                    

Unicode
အပိုင်း၄၇၉- မင်းလေးရဲ့နယ်မြေထဲသွားရအောင်လေ

ဖုန်းချီယွင်၏အေးစက်တောင့်တင်းနေသော
မျက်နှာက အသက်ပြန်ဝင်လာသည်။
မျက်လုံးဖွင့်လိုက်တဲ့အခါ သူ့စိတ်ဝိဉာဉ်သည်
ပြန်လည်ရောက်ရှိသည့်အလား ဗလာဖြစ်ခဲ့သည့်
မျက်ဝန်းများက တောက်ပနေ၏။ ထိုမျက်ဝန်းများ
ထဲတွင် ပထမဆုံးရောင်ပြန်လာဟပ်သည်မှာ
ငွေရောင်ဆံပင်နှင့်ချောမောသည့်လူငယ်လေးပါပင်။

ငွေရောင်ဆံပင်ရှည်နှင့်လူငယ်လေး၏
မျက်နှာက အရာအားလုံးကိုလျစ်လျူရှုထား
သလိုပင် ၊ သို့ပေမယ့် သူ့မျက်ဝန်းတွေထဲက
ခံစားချက်များကိုတော့ ဖုန်းချီယွင်မြင်နေရသည်၊
သူမပြုံးမိဘဲမနေနိုင်တော့ပေ။

"ခင်ဗျားရောက်လာပြီပဲ"

"အင်း... ကိုယ်ရောက်လာပြီ"
ငွေရောင်ဆံပင်နှင့်လူငယ်လေးက တွန့်ဆုတ်
တွန့်ဆုတ်ဖြင့်ခေါင်းညိတ်ပြလိုက်သည်၊
သူ့အသံက အနည်းငယ်​ဩရှနေ၏။
သူတို့အကြည့်ဆုံလိုက်တဲ့အခါ တစ်ခါတုန်းက
ရှုပ်ထွေးပြီးမြူဖုံးနေခဲ့သည့်ခံစားချက်များဟာ
လေထဲသို့မျောလွင့်ကွဲပြားသွားပုံရသည်။

ဖုန်းချီယွင်က လှုပ်ရှားကြည့်လိုက်သည်။
သူ့မှတ်ဉာဏ်က ခြံဝင်းကနေ
ဒီနေရာကို ယူကျန်ထျန်းခေါ် လာသည့်အချိန်မှာ
ရပ်နေ၏။ ဒီ့မတိုင်ခင်ကတော့ ပင်မအိမ်တော်၌
အတော်အတန်လွတ်လွတ်လပ်လပ်နေခဲ့ရပေသည်။

ယင်ကောက သူ့ဆီလျှောက်သွားလိုက်ကာ
ဘေးမှာဝင်ထိုင်လိုက်သည်၊
"မင်းကိုပြောစရာရှိတယ်"

ဖုန်းချီယွင်က ခေါင်းစောင်းကြည့်လိုက်သည်၊
"ဘာလဲ?"

"မင်းကိုယ်ထဲက အမကူပိုးကောင်အကြောင်း......."
ယင်ကောက လင်းရှောင်ပြောပြခဲ့တဲ့အတိုင်း
တသဝေမတိမ်းပြန်ပြောလိုက်သည်။
ဖုန်းချီယွင်စိတ်မပါမည်ကိုစိုး၍ အချို့အသုံးအနှုန်း
များကို ရှောင်လိုက်လေသည်။

ဖုန်းချီယွင်မှာ ကြားလေလေ၊
ပိုတောင့်လာလေလေပင်။ ယင်ကောကို
သူကြိုက်ပေမယ့်လည်း အဲ့လောက်ထိတော့
မဟုတ်သေး။

ပြန်မတုံ့ပြန်တာကိုမြင်တော့ သူစိတ်မပါနေဘူး
ဆိုတာ ယင်ကောသိလိုက်သည်၊
"မင်းမလုပ်ချင်ရင်လည်း အဆင်ပြေပါတယ်။
လင်းရှောင်ကို မင်းကိုယ်ထဲကအမကူကို
ထုတ်ခိုင်းလိုက်ပြီး နှစ်ကောင်လုံးကိုဖျက်စီး
လိုက်မယ်" သူကပြောရင်းနှင့် ထရပ်လိုက်၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Kde žijí příběhy. Začni objevovat