Arc.10.12(စစ်သူကြီးပိုင်ကုဖန်း)

Start from the beginning
                                        

"!!!!"

သောက်ကျိုးနဲ!ငါ ဘယ်လိုလုပ်ဘုရင့်ဆောင်နား ပြန်ရောက်လာတာလဲဟ! မဖြစ်ပါဘူး ငါအမြန် ပြန်လှည့်မှပဲ၊

ဒါပေမယ့် ထိုချိန်မှာ ဖုန်းဝေ့လျောင်ဟာ အဝတ်အစားများဖရိုဖရဲဖြစ်ကာထွက်လာတော့သည်၊သူရဲ့မျက်နှာဟာ နီရဲနေကာ သူ့ကိုမြင်သည်နှင့် တမန်းတတန်း အဝတ်အစားကိုသေသပ်စွာ ဝတ်လိုက်ပြီး ရှက်ရွံနေသည့်မျက်နှာဖြင့်

"စစ်သူကြီးပိုင်ကုဖန်း!!" လို့ အံ့အားသင့်စွာအော်ခေါ်တော့သည်၊ထိုနောက်

"ဒါ...ဒါ စစ်သူကြီးပိုင် ထင်သလိုမဟုတ်ပါဘူး... ကျွန်တော်လည်း ရုတ်တ်ရက် အရှင်က ..... ပြောဖို့မသင့်တော်ဘူးထင်ပါရဲ့ဗျာ အရှင် အခန်းထဲမှာရှိတယ်...သူစိတ်မကြည်တာကြောင့် သတိတော့ထားဦးနော် အရှင်က အမြဲအဲ့လိုပဲ သူလိုချင်တာမပေးရင် စိတ်မကြည်မလင်ဖြစ်သွားတတ်တယ်"လို့ မင်ရန်ဟောက်ပေါ် သူသာအကောင်းဆုံး သိရှိနားလည်သူဖြင့် ပြောနေတာကြောင့် ပိုင်ကုဖန်းစိတ်ထဲ အနည်းငယ်မကြည်မလင်ဖြစ်သွားပေမယ့် အပြင်ပန်းကတော့ ကျေးဇူးတင်လိုက်သည်၊ထွက်ခွာသွားသည့် ဖုန်းဝေ့လျောင်နောက်ကျောကို သူမျက်တောင်မခတ်စိုက်ကြည့်နေရင်း...

"ကုဖန်း ပြောစရာရှိရင် ဝင်လာခဲ့လေ"လို့ ဘုရင့်စာကြည့်ဆောင်ထဲကနေ မင်ရန်ဟောက်အသံကြောင့် သူအကြည့်တွေကို ခွာကာ စာကြည့်ဆောင်ထဲ ဝင်လာတော့သည်၊သူဝင်လာတော့ မင်ရန်ဟောက်ဟာ စာအုပ်တစ်အုပ်ကို အေးဆေးကိုင်ကာ စာဖတ်နေရင်း သူဝင်လာသည်ကို မြင်တော့ သူ့ကိုမော့ကြည့်ကာ ပြုံးပြလာတာကြောင့် ပိုင်ကုဖန်းဟာ ဝတ်ကျေတန်းကျေဂါဝရပြန်ပြုလိုက်သည်၊ သူရဲ့စိတ်အစုံဟာ နည်းနည်းလေးတောင်မကြည်လင်ပေ၊ဘာလို့လဲဆိုတော့ မင်ရန်ဟောက်ရဲ့လည်ပင်းအထက်နားက အမှတ်အရာကြောင့်ဖြစ်သည်၊သူဟာ စာပေ၊ဝတ္ထုပေါင်းများဖတ်လာသူဖြစ်တာကြောင့် လူပျိုစစ်လွန်းနေရင်တောင် သူအမှတ်အရာဟာ ဘာလဲမသိလောက်တဲ့အထိ မတုံးအပေ၊

"အရှင်မင်းကြီး ရန်သူပုန်ကိစ္စတွေက ပြီးပြတ်သွားပေမယ့် သူတို့မဟာမိတ်တွေကျန်ရစ်နေသေးတယ် ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျုပ် အနည်းငယ်စိုးထိတ်မိတယ်၊ရန်၊ချင်၊မင်၊ထန်၊ရှား၊လျောင်က အိမ်နီးချင်းတိုင်းပြည်တွေပေမယ့် ထိုတိုင်းပြည်တွေရဲ့နယ်စပ်မှာရှိတဲ့ အိုးအိမ်မဲ့သူပုန်တွေစုပြီး ပြန်လည်တိုက်ခိုက်လာမှာကို စိုးထိတ်မိတယ်...ဒါကြောင့် အဲ့ကိစ္စနဲ့ပတ်သတ်ပြီး အရှင်မင်းကြီးကို ဆုံးဖြတ်ချင်စေတယ်"လို့ တရိုတသေပြောလိုက်တော့ မင်ရန်ဟောက်ဟာ စာအုပ်ကို ချကာ သူ့ကိုစိုက်ကြည့်နေတော့သည်၊

Zhao Wen Xuan(System)Where stories live. Discover now