Arc.10.12(စစ်သူကြီးပိုင်ကုဖန်း)

Start from the beginning
                                        

ဖုန်းဝေ့လျောင် ဆေးထုပ်ကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီး
'ဒီနိမ့်ပါးတဲ့သတ္တဝါက ငါကမ်းတဲ့လက်ဆောင်ကို ငြင်းရဲတယ်!အဟက် ကိစ္စမရှိဘူး မင်းလို လူမျိုးကို လုပ်ကြံဖို့ ငါ့မှာနည်းလမ်းတွေ များစွာရှိသေးတယ် ပိုင်ကုဖန်း'လို့ ပြောလိုက်ရင်း ဘုရင့်နန်းဆောင်ဆီ ဦးတည်သွားတော့သည်၊သူထွက်ခွာသွားပြီးနောက် ကျောက်တုံးအကွယ်ကနေ ပိုင်ကုဖန်းဟာ ထွက်လာတော့သည်၊

"ထင်တဲ့အတိုင်းပဲ အဲ့ဆေးလုံးတွေက မရိုးရှင်းဘူးပဲ..."လို့ ပိုင်ကုဖန်းက တိုးတိုးလေးရွတ်လိုက်တော့ ဘေးနားမှာပျံဝဲနေသည့် သကြားခဲလေးဟာ အူကြောင်ကြောင်မျက်နှာဘေးလေးဖြင့်

[Sugar: ဝမ်ဝမ်က ဘာကိုကြည့်ပြီးပြောတာလဲ] လို့ မေးလိုက်တော့ ဝမ်ဝမ်မျက်နှာထက်တွင် ညစ်ကျယ်ကျယ်အပြုံးလေးပေါ်လာတော့သည်၊ထိုအပြုံးလေးဟာ တကယ်ကိုပင် တည်ငြိမ်လှသည့်ပိုင်ကုဖန်းမျက်နှာလေးနှင့်မလိုက်ဖက်စွာ ရှိသော်လည်း တစ်မျိုးလည်းကြည့်ကောင်းနေပြန်သည်၊

'အရမ်းသိသာတယ်လေ... အဲ့ဖုန်းဝေ့လျောင်က ညီလာခံမှာထဲက ကျွန်တော်ကိုကြည့်တဲ့သူအကြည့်တွေက မနှစ်မြို့ဖွယ်ပေါက်နေပြီး ဒီလောကကနေ အပြီးပိုင်ပျောက်ကွယ်သွားစေလိုတဲ့ခံစားချက်တွေပါနေတယ်...အဲ့လိုလူမျိုးက ကျွန်တော့်ကိုစိုးရိမ်ပြီး တကူးတက ဆေးလာပေးမလား?ကြည့်ဦး ကျွန်တော် မယူလို့ဖြစ်ပျက်နေတဲ့မျက်နှာကို... '

[Sugar: .....] ငါတို့ဝမ်ဝမ်ကတော့ အမြဲငါတို့ဝမ်ဝမ်ပါပဲ သူရဲ့ထက်မြက်တဲ့ဥာဏ်ရည်တွေက မပျောက်ကွယ်သွားဘူးပဲ၊

'ရှားဟန်ကျစ် အကြောင်းဘာထူးလဲ?'

[Sugar: သိပ်တော့မထူးဘူး]လို့ ပြောလိုက်တော့ ဝမ်ဝမ်ဟာ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်၊

ဖုန်းဝေ့လျောင်က ဘာလို့မင်ရန်ဟောက်ရဲ့နန်းဆောင်ဘက်ကို သွားတာလဲ?ဒါငါနဲ့မဆိုင်ပါဘူးလေ၊ဒါပေမယ့် ဘာကြောင့် ငါ့စိတ်ထဲ မကျေမနပ်ဖြစ်နေရတာလဲ!အဲ့ခံစားချက်ကြီးက ထူးဆန်းလိုက်တာ... ၊ပိုင်ကုဖန်းမျက်မှောင်ကြုတ်ကာ တွေးနေရင်း ...

Zhao Wen Xuan(System)Where stories live. Discover now