Chapter 5: ဒါက ကလေးလေးတစ်ယောက်ပဲမို့လို့ သူသာမန်ကာလျှံကာ နေပေးလို့ရမလား (၁)

Start from the beginning
                                    

နောက်ပိုင်းမှာတော့ သူ့ရည်မှန်းချက်က ကြီးလာခဲ့ပြီး လုပ်ငန်းရဲ့ထိပ်ဆုံးက သူ့နေရာကို ထိန်းသိမ်းဖို့ မကောင်းသည့်အရာ တော်တော်များများကို သူ လုပ်ခဲ့သည်။ သူက ငွေရှာဖို့ တရားမဝင်သည့် နည်းလမ်းများကို အသုံးပြုခဲ့သည်ဟုတောင် ပြောနိုင်ပေသည်။

အခုအခြေအနေကို အကဲခတ်ရရင် သူမကံကြမ္မာက ချန်းဘန်တိုက်ပွဲအတွင်း ကျောက်ယွင်က လျိုပေရဲ့သားကို ကယ်တင်ဖို့ ရှေ့တန်းကို သွားခဲ့သည့် အချိန်နှင့် သိပ်မကွာခြားပေ။ သို့သော်လည်း ထိုသူ၏ဖခင်က လူငယ်လေးကို မြေကြီးပေါ် ကိုင်ပေါက်လိုက်သည်။

သူမ ဒီမှာပဲ သေသွားရင် သေသွားနိုင်တယ်..

ဒါပေမဲ့သူမက အခုမှသုံးလပဲရှိသေးတယ်လေ...ဒါမျိုးတွေကို သူမဘယ်လိုလုပ်ထိန်းချုပ်နိုင်မလဲ??

ဒီလူကြီးက ဘာ​လို့တအားစိတ်ဆိုးနေရတာလဲ...

သူမလည်း အခုလိုမျိုးဖြစ်ချင်မနေဘူးနော်...

ဟော်ရှောင်းရှောင်းတစ်ယောက် ရှက်လည်းရှက်ကာ ဒေါသလည်းထွက်လာပြီး သူမသည် ကလေးတစ်ယောက်၏အခွင့်အရေးကိုအသုံးချကာ ကျယ်လောင်စွာငိုကြွေးလေတော့သည်။

သူမရဲ့ငိုသံဟာ တိတ်ဆိတ်ငြိမ်သက်နေသည့်ညတွင် ပဲ့တင်ထပ်နေလေသည်။

အရှုံးများနှင့်ကျီရှုယန်သည် ဟော်ရှောင်းရှောင်းရဲ့ငိုသံကိုကြားသည့်အချိန်တွင် အံကိုကြိတ်ကာမြေပြင်ပေါ်မှ ကုန်းရုံးထလေသည်။ထို့နောက်သူသည်သူ၏နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်လိုက်ပြီး မျက်လုံးများသည်ဒေါသနှင့်ပြည့်နေကာ နောက်ဆုံးတွင်တော့ မကြောက်မရွံ့ဖြင့်စကားစပြောလေသည်။

" ဟော်ဆွေ့ချန်း...ဒီကလေးက ငါ့အစ်မရဲ့ကလေး....မင်းလည်း ငါ့အစ်မကိုမှ အလိုမရှိတာ ဒီကလေးကို ငါပဲစောင့်ရှောက်မယ်...စိတ်မပူပါနဲ့...ငါက ကလေးကို သူ့ရဲ့အဖေကဘယ်သူလဲဆိုတာ ဘယ်တော့မှမပြောပြဘူး....နောက်ပြီး မင်းရှေ့ကိုလည်း ဘယ်တော့မှပေါ်လာခိုင်းမှာမဟုတ်ဘူး..."

သူ့ပုံစံသည် အပြင်းအထန်နာကျင်ခံစားနေရပုံပေါ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးတွင် ဒဏ်ရာများရထားလေသည်။ မည်သို့ပင်ဆိုစေကာမူ ဂန်းစတားဂိုဏ်းသည် အလွန်ကျွမ်းကျင်ကြသောကြောင့် အဘယ်သူမှဆိုးဝါးစွာဒဏ်ရာမရဘဲ အရေပြားပွန်းပဲ့ရုံသာရှိ၏။

ဗီလိန်ဖေဖေကို ဖြောင့်မတ်မှန်ကန်လာအောင် ပြုပြင်ပေးခြင်း( မြန်မာဘာသာပြန် )Where stories live. Discover now