"ဘာ...ဘာ.. ဖြစ် နေကြတာလဲ?"

အာကိုင် လှမ်းပြောပြလိုက်သည်။
"ဒီ သခင်မရဲ့ဒေါသ ပေါ့ ။ ပန်းကန်းတွေ အကုန်လုံးကို ပစ်ချ ပလိုက်တာလေ!"

"ဘာ!"

သူတို့ ၂ ယောက် ပြောနေကြတာကို ဂရုမစိုက်တဲ့ ပုံနဲ့ချူးလန်က အာကိုင်ကို တည်ငြိမ်စွာပဲ စိုက်ကြည့်နေခဲ့သည်။

ချူးလန် သူမ လက်၂ ဖက်ကို အချင်းချင်း ရိုက်၍ ဖုန်ခါပြီး ထရပ်လိုက်သည်။ ပြီးနောက်,
"တကယ်လို့ ငါက လျော်လည်းမလျော်ဘူး, ထွက်သွားဖို့လည်း စိတ်ကူးမရှိဘူး ဆိုရင်ရော? နင်တို့ ငါ့ကို ဘာလုပ်နိုင်မှာမလို့လဲ?"

အာကိုင်လည်း ချူးလန်ကို ဒီလောက် တဇွတ်ထိုးနိုင်လိမ့်မယ်လို့ လုံးဝ မထင်ခဲ့ပေ။ အခုတော့ သူ​တော်၂ လေး စိတ်မရှည်ဖြစ်သွားသည်။
"ငါတို့ ဘာလုပ်နိုင်လဲ ဟုတ်လား?အချူပ်ရဲ့ အရသာ ဘယ်လိုလဲဆိုတာ အမြည်း ကျွေးပေးရမှာပေါ့" လို့ ပြောလိုက်သည်။

ဝမ်ကျင်းနဲ့ ဝမ်းလန်တို့ ၂ ယောက်က ချူးလန် အရှေ့ကနေ. စိတ်တို ဒေါသထွက် နေတဲ့ အမူအယာ တွေနဲ့ ရပ်နေခဲ့ကြသည်။ သူတို့ သခင်မလေး အမိန့်ပေးလိုက်တာနဲ့ ဒီငနဲကို ဆွဲရိုက်ပြီး ဒူးထောက်ခိုင်းကြတော့မှာ။

ချူးလန် လှောင်ပြုံးပြုံး ပြီး တွေးမိသွားသည်; ဒီတော့ ဒီထောင်ချောက်က အလုပ်ဖြစ်သားပဲ

အခုတော့ ကူလင်းဆိုင် အခြေအနေကို သူမကိုယ်တွေ့ ကြုံ လိုက်ရပြီဖြစ်လို့ ထိုအစေခံ၂ ယောက်နဲ့ အတူ ဟာသ​ပြဇာတ် ထပ်လုပ် စရာမလိုတော့ဘူးပေါ့။ သူမ အနောက်က အစေခံတွေကို အမိန့်ပေးတဲ့ အကြည့်နဲ့ ကြည့်လိုက်သည်။

  အမျိုးသမီးဝမ်နဲ့ အာကိုင်တို့ နောက်ထပ် တစ်ခါ ဘာမှထပ်မပြောနိုင်ခင်မှာပဲ သန်မာအားကောင်းတဲ့ အမျိုးသားအစေခံတွေရဲ့ ချုပ်နောင် ဖမ်းဆိးမှုကို ခံလိုက်ကြရပြီး သူတို့ကို တိုင်မှာ ကြိုးတုတ် ထားလိုက်ကြသည်။

အမျိုးသမီးဝမ်က ဒေါသထွက်သွားပြီး အော်ဟစ်ပြီး ပြောလိုက်သည်။
"နင်ငါတို့ကို ​ကြိုး ချည် ထားနိုင်မှာ ဟုတ်ဘူး။ ငါတို့က ကျင်းအန်အိမ်တော်ရဲ့ အစေခံတွေ, ငါတို့ကို ကြိုးချည် ထားလို့ မရဘူး!"

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now