သူမအပေါ် ဖုံးအုပ်ထားတဲ့ မြက်ပင်တွေ ကြားအပေါက်လေး တွေကနေ လှမ်းကြည့်လိုက် တော့ သူတို့နောက် လိုက်လာသူ ၂ယောက်က ဒီအဆောင်ထဲကို တစ်လှမ်းချင်း ဝင်လာနေပြီဖြစ်သည်။အဲ့လူတွေက တစ်ကိုယ်လုံး အနက်ဝတ်စုံအပြည့် ဝတ်ထားပြီး အန္တရာယ်ပြုတော့မယ့် ပုံစံနဲ့ ပြူးပြဲရှာ နေကြတဲ့ မျက်လုံးတွေ ကလွဲပီး မျက်နှာကိုတောင် အဝတ်မဲနဲ့ အုပ်ထားခဲ့ကြသည်။ သူတို့လက်ထဲက ကိုင်ထားတဲ့ ဓားရှည်တွေပေါ်မှာ သွေးတွေ ပေကျံနေပြီး နီရဲရဲ သွေးစက်တွေက ဓားသွားထက်ထက် တစ်လျှောက် စီးကျနေပြီး ကြွေးပြားကြမ်းပြင် ပေါ်ကို တစ်စက်ပြီးတစ်စက် စိးကျနေသည်။ ချူးလန်ကတော့ သူ့နားထဲ သွေးစက်တွေ ကျနေသံကိုသာ ​တတောက်.တောက် နဲ့ ကြားနေသလို ခံစားနေခဲ့ရသည်။

သူမရဲ့နှလုံးကလည်း တစ် ဒိတ်ဒိတ်နဲ့ လည်ချောင်းအဝ ရောက်နေပြီး လူသတ်သမားတွေရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့် နေခဲ့သည်။ ထိုလူ၂ယောက်က ဝင်ဝင်လာချင်းပဲ အခန်းထဲကို အကြည့်တစ်ချက် ဝှေ့ယမ်းခဲ့ပြီး ချူးလန်တို့ ၂ယောက်ထဲက တစ်ယောက်ယောက်ကို များမိမလား ရှာကြည့်လိုက်သည်။

   ချူးလန် မျက်လုံးကို မှိတ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ ပြီးနောက်  မှာ​တော့ ညကောင်းကင်ယံက ကြယ်ကလေးများ ကဲ့သို့ သူမ မျက်လုံးများ လင်းလက်တောက်ပစွာ ပြန်ဖွင့်လာခဲ့သည်။

  ထို့နောက် သူမ စိတ်ထဲကနေ ၁,၂,၃ လို့ရေလိုက်ပြီး သူမအပေါ်က ဖုံးဖိထားတာ တွေကို ဘေးကို တွန်းချကာ ဘာမှ ထပ်မတွေးတော့ဘဲ အခန်းဝင်ပေါက်ဆီသို့သာ တည့်တည့် ပြေးသွားလိုက်ပါတော့သည်။

   လူသတ်သမား၂ယောက်လည်း အရှေ့က ထွက်လာတဲ့ မိန်းခလေးကို ကွင်းကွင်းကွက်ကွက် မြင်ခဲ့ကြပြီး တစ်ယောက်က နောက်ကလိုက်သွားကာ ကျန်တစ်ယောက်က အခန်းထဲ နေရစ်ခဲ့သည်။

    ကျန်နေခဲ့တဲ့ လူသတ်သမားလဲ ချူးလန် ပုန်းနေခဲ့တဲ့ မီးခိုးခေါင်းတိုင်နား လျှောက်လာပြီး သူ့ဓားနဲ့ ဟိုလှန်ဒီလှန် ​ရှာကြည့် လိုက်သည်။ မြက်တွေကို ဖယ်လိုက်တော့ အထဲမှာ ပုန်းကျန် နေခဲ့တဲ့သူ တစ်ယောက်မှ မရှိတာ မြင်ပြီး ဒေါသငယ်ထိပ် ရောက်သွားခဲ့သည်။ အဲ့ဒီနောက် သူ အဆောင်တစ်ခုလုံးကို ဆက်ရှာ ကြည့်တော့သည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now