"လန်းအာ..!"

ချူးလန် :. ....

'ဘယ်လိုတောင် ဆိုးရွားလွန်းတဲ့ ငါ့ကံကြမ္မာကြီးလဲ?'
'သေလိုက်ပါတော့!'
ချူးလန် စိတ်ထဲကနေ မိုးကောင်းကင်ကို ထပ်တလဲလဲ ပြစ်တင်ကျိန်ဆဲနေခဲ့သည်။ သူမရှောင်ဘိုကျင်းဆီ ​ပြေ​းသွားလိုက်ရင်လဲ ဘာ ကောင်းတာ တစ်ခုမှ ဖြစ်လာဖို့ မရှိဘူးလေ။ အရင်တုန်းကတစ်ခါ ဒင်းရွမ်အိမ်တော်မှာ တုန်းက သူ့လက်ကလွတ်အောင် သူမ မနည်းရှောင်တိမ်းခဲ့ရပြီးပြီ။ ဒါပေမယ့် အခုကြည့်, ကံကောင်းပြီး ရှောင်နိုင်ခဲ့တာက ဘယ်လောက်မှမကြာသေးဘူး။ အခုတစ်ခါ ဒီမှာသူနဲ့ ပက်ပင်း တိုးရပြန်ပြီ။ဒီဇာတ်လမ်းကြီးမှာ သူမ အေးအေးဆေးဆေး နေသွားလို့ ရပါအုံးမလား?သူမက တကယ့် အစစ်
ဇာတ်လိုက်မ "ချူးလန်"မှ မဟုတ်တာ။အဲ့လို ဉာဏ်များပြီး လှည့်စားတတ်တာ, လူ့ကျင့်ဝတ်မရှိတာ, အကွက်ကျကျ ထောင်ချောက်ဆင် တယ်ဆိုတာတွေက သူမပုံစံ မဟုတ်ဘူးကွယ့်!

ရှောင်ဘိုကျင်းလို လူစားမျိုးကို ကြိုက်ဖို့ဆိုတာ တော်တော် အန္တရာယ်များတဲ့ အလုပ်။ သူ့ကိုယ့်ကျိုးအတွက် မင်းကို ရောင်းစားသွားခဲ့ရင်တောင် မင်းသိလိုက်မှာ မဟုတ်ဘူး။

ချူးလန် စိတ်ထဲကအနေ အရမ်းစိတ်ပျက်ပြီး မပျော်မရွှင် ဖြစ်နေခဲ့သည်။ ဒီနေရာမှာ ရှောင်ဘိုကျင်းကို မြင်လိုက်ရလို့ ရှော့ခ် အကြီးကြီး ရသွားခဲ့ပေမယ့် နောက်ကျတော့ နှလုံးခုန်နှုန်းတဖြည်းဖြည်း နှေးပြီး ပုံမှန် ပြန်ဖြစ်လာခဲ့သည်။

သူမက ဒီကောင်ကို မြင်တာနဲ့ ပျာယာခတ်သွားမယ့် တကယ့်ဇာတ်လိုက်မ ချူးလန်အစစ် မှ မဟုတ်တာ။ နောက်ပြီး အခြေအနေကို သုံးသပ်ကြည့်ရရင်, တော်ဝင်မင်းသမီး ရုတ်တရက် ထွက်သွားခဲ့ ပုံက သူမနဲ့ ရှောင်ဘိုကျင်း တစ်ခုခု ဆက်နွယ်မှု ရှိနေသလိုပဲ။

ကြားထဲက ရှီးယန်ကတော့ " လန်အာ" လို့ ခေါ်လိုက်တဲ့ ရှောင်ဘိုကျင်း ရဲ့ အသံချိုချိုလေး ကို ကြားခဲ့ရပြီးနောက်မှာ သူမကိုယ်ထဲက ဝဋ်ဉာဉ်ထွက်သွား တော့မည့် အတိုင်း ခံစားလိုက်ရ၏။

လိုက်ကာ နားမှာ ရပ်နေတဲ့ အရပ်ရှည်ရှည်ခပ်ချောချော ကောင်လေးဘက် လှည့်ပြီး ရှီးယန် တမေ့တမောကြီး စိုက်ကြည့်နေခဲ့သည်။

{ကံၾကမၼာ ေစရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now