Chapter 50 ရိတ်ဖို့ဒုက္ခခံမနေနဲ့

Start from the beginning
                                    

  ဟေးချန် သူ့မျက်စိအောက်က အချဉ်ဖောက်ထားတဲ့ နို့ကိုကြည့်ပြီး မျို ချဖို့တောင် ခက်ခဲလာသလို ရုတ်တရက်ကြီး ခံစားလိုက်ရသည်။

  အဲ့ဒီကောက်ကျစ်တဲ့မိန်းမက တကယ်ကို အဆိပ်ပြင်းတာပဲ!

  သူမက ငါ့လူတွေကို အစားအသောက်နဲ့ သိမ်းသွင်းထားတယ်ပေါ့ !

  ဟေးချန်ရဲ့ ချောမောတဲ့မျက်နာက ရှုံ့မဲ့နေသည်။ နောက်ကျရင် အစေခံကျိုးဆီစာပို့ပြီး အဲ့ဒီကောက်ကျစ်တဲ့မိန်းမရဲ့အစားအစာတွေကို စားပြီးရင်လည်း သူ့အမိန့်ကို မမေ့စေဖို့ ပြောရမယ်လို့ တိတ်တိတ်လေး ဆုံးဖြတ်လိုက်သည်။
သူမက အဲ့လိုလွယ်လွယ်နဲ့ သိမ်းသွင်းဆွဲဆောင်ခံရမယ့် လူမျိုးမဟုတ်ဘူးလေ !

  နောက်ဆုံးတော့ Dingyuanအိမ်တော်က အကြောင်းကို ဆက်ဖတ်လိုက်သည်။ဟေးချန်ရဲ့ မျက်လုံးတွေက အရောင်မှိန်သွားပြီး တွေးတောနေမိသွားသည်။

  စာကို ကိုင်ထားတဲ့ သူ့လက်ကလည်း ပိုတင်းကြပ်သွားသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? Dingyuanအိမ်တော်က အဖြစ်အပျက်တွေက လုံးဝကို ပြောင်းလဲသွားတာပဲ....

  အဲ့ဒီမကောင်းတဲ့မိန်းမက ဒီကိစ္စကြောင့်နဲ့ပဲ တော်ဝင်မင်းသမီး Duanjiaနဲ့ အဆက်သွယ် ရသွားတယ် ?

  ဟေးချန် သူ့စိတ်ထဲက အံ့သြထိန့်လန့်မှုကို ဖိနှိမ်လိုက်ပြီး အမြန်အစီစဉ် တခုဆွဲလိုက်သည်။

နောက်ဆုံးစာပိုဒ်မှာတော့ ချူးလျန်က သူမရဲ့ ငွေတွေကို သိပ်ပြီး မစီမံမခန့်ခွဲတတ်ကြောင်းကို အပြစ်တင်သည့်ပုံဖြင့် ရေးထားသည်။ အစေခံကျိုးပြောပုံအရဆို ချူးလျန်က သူမရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ် သူမရဲ့အစေခံတွေကို ဆုချီးမြင့်တာဆိုပြီး မခိုင်လုံတဲ့အကြောင်းပြချက်နဲ့ ပေးတာဖြစ်သည်။

မွေးနေ့ ? ဆုပေးတယ် ?

  ချူးလျန်ရဲ့မွေးနေ့ မွေးရက် အတိအကျကို ဟေးချန်လည်း သိသည်။ သို့ပေမယ့် သူအရမ်းမုန်းနေတဲ့မိန်းမတစ်ယောက်ရဲ့ မွေးနေ့ကို ဂုဏ်ပြုပေးဖို့ လိုအပ်မနေပေ။ကြည့်ရတာ သူမက သူမရှိပဲနဲ့တောင် သူမဘာသာ ပျော်ပျော်ကြီး ကျင်းပလိုက်ပြီး အစေခံတွေကိုတောင် ဆုချီးမြင့်လိုက်သေးတယ်ပေါ့လေ ။ အစေခံကျိုးက သူမလည်းပဲ ရွှေနားကပ်တစုံနဲ့ ရွှေလက်စွပ်တစ်ကွင်းရခဲ့တယ်လို့ ရေးထားသေးသည်။
ဟေးချန်လည်း အေးစက်စက်နဲ့သာ နှာခေါင်းရှုံ့လိုက်သည်။

{ကံကြမ္မာ စေရာ :𝐌𝐌 𝙏𝙧𝙖𝙣𝙨𝙡𝙖𝙩𝙞𝙤𝙣}Where stories live. Discover now