အိုဘယ့်မှုံရွှေရည်(Completed)
By moeswaemaung_fool
829K 111K 6.5K
Start Date: Sep 22nd, 2020 End Date: May 21st, 2021 ဟိုးရှေးရှေးတုန်းက ဇာတ်သဘင်တစ်ခု ရှိသတဲ့။ တစ်ရက်တော့ ပိုင... More
မိတ်ဆက်စာ
မိတ္ဆက္စာ
1
1 Zawgyi
2
2 Zawgyi
3
Three Zawgyi
4
Four Zawgyi
5
Five Zawgyi
6
6 Zawgyi
Hello Honey Bees
7
7 Zawgyi
8
8 Zawgyi
9
9 Zawgyi
10
10 Zawgyi
11
11 Zawgyi
12
12 Zawgyi
13
13 Zawgyi
14
14 Zawgyi
15
15 Zawgyi
16
16 Zawgyi
17
18
18 Zawgyi
19
19 Zawgyi
20
20 Zawgyi
21
21 Zawgyi
22
22 Zawgyi
23
23 Zawgyi
24
24 Zawgyi
25
25 Zawgyi
26
26 Zawgyi
27
27 Zawgyi
28
28 Zawgyi
29
29 Zawgyi
30
30 Zawgyi
31
31 Zawgyi
32
32 Zawgyi
33
33 Zawgyi
34
34 Zawgyi
35
35 Zawgyi
36
36 Zawgyi
37
37 Zawgyi
38
38 Zawgyi
39
39 Zawgyi
40
40 Zawgyi
41
41 Zawgyi
42
42 Zawgyi
43
43 Zawgyi
44
44 Zawgyi
45
45 Zawgyi
46
46 Zawgyi
47
47 Zawgyi
Epilogue
Epilogue Zawgyi
Note
Note Zawgyi
Side Story
Side Story (Z)
Moe Swae's Note
Hello
Book Cover/BM/PC
Order Announcement
Side Chapter 2
official announcement
17 Zawgyi
4.7K 456 6
By moeswaemaung_fool
ရွာကလေးဆီရောက်နေခဲ့တာက သုံးရက်ရှိပေပြီ။ ရောက်ကတည်းက ပျင်းနေတာမို့ အိပ်လိုက်စားလိုက်နှင့် အခန်းထဲကမထွက်ခဲ့ပေမဲ့ ကျောပူနာမိလာသလို ခံစားရ၏။ ထို့အတွက် ဒီနေ့တော့ တစ်အိမ်လုံးလိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
အိမ်ကြီး၏ တည်ဆောက်ပုံမှာ အလယ်တည့်တည့်တွင် အရှေ့နှင့်အနောက် တောက်လျှောက်မြင်ရသော ရေကပြင်အကျယ်ကြီးရှိသည်။ ထိုနေရာသည် အိမ်ကြီး၏ ဧည့်ခန်းသဘောမျိုးလည်း ဖြစ်၏။ အိမ်၏ ခေါင်းရင်းခြမ်းတွင် ဆိုင်းဝိုင်းပစ္စည်းများသိုလှောင်ရာ အခန်းကျယ်ရှိပြီး ခြေရင်းတွင်တော့ မီးဖိုခန်းနှင့် စပါးကျီတစ်ခု။
အိမ်၏ အပေါ်ထပ်တွင်တော့ ခေါင်းရင်းဘက်တွင် ဘုရားခန်းနှင့် ဦးကျောက်ချွန်းနေခဲ့သော အခန်းရှိပြီး ခြေရင်းခြမ်းတွင်တော့ အခန်းငယ်များ ကန့်ထားသည်။ ခြေရင်းဘက်အကျဆုံး အစွန်ဆုံး အခန်းကတော့ နှောင်ရစ်ထွေး၏ အခန်းဖြစ်၏။
" ကျွန်မအဖို့ မောင့်တစ်မျက်နှာ ကမ္ဘာကြီးတစ်ခုလို အချစ်ပိုလို့သာ အပြစ်ဆိုတဲ့အခါ သူက မနာတတ်သလို... "
ဆိုင်းဝိုင်းပစ္စည်းများထားသိုရာအခန်းဝအရောက် သီချင်းသံသဲ့သဲ့ကြောင့် နားစွင့်မိလိုက်သည်။ အခန်းတံခါးက ဖွင့်ကာထားတာမို့ ချောင်းကြည့်သည်မဆိုသာသော အနေအထားမှာ ရပ်ကြည့်မိသည်ပေါ့။
နေရောင်ဝင်နေသော အခန်းထဲမှာ ရှိနေသည့် ပစ္စည်းတွေက အတော်ကို များလှသည်။ သူ့နေရာနှင့်သူ အစီအရီထားထားသည့် ပစ္စည်းတွေက ရှုပ်နေသလိုလိုနှင့် ကြည့်ရဆိုးမနေပါ။
အသံလာရာ ကြည့်မိချိန်မှာ သူ့ဦးနှောက်ထဲ အချက်ပေးသံတစ်ချို့ကို ပြန်ကြားယောင်လိုက်ရသလို။
ပတ္တလားတစ်ခု၏ ဝါးချပ်ကလေးများကို အဝတ်စတစ်ခုဖြင့် စိမ်ပြေနပြေဖုန်သုတ်နေသူ။ ပါးပြင်ပြေပြေပေါ် တင်ထားသည့် သနပ်ခါးက တစ်ချို့က ပြယ်နေချေပြီ။ သီချင်းသံသဲ့သဲ့က အားစိုက်ယူနေသော နှုတ်ခမ်းပါးဆီက ထွက်လိုက်၊ ငြိမ်လိုက်။
ရေလျှော်ထားဟန်တူသော ဆံနွယ်တွေက ဘာအစည်းအနှောင်မှ မပါပဲ ရင်ဘတ်ညာဘက်ခြမ်းတွင် ချထားသည်။ ပိတ်ညိုလည်ပိတ်အင်္ကျီက ဝါနှစ်သော လည်ပင်းအစပ်နှင့် ပနံရနေ၏။ နေရောင်က ဝင်းနှစ်နှစ်နဖူးပြင်ပေါ် တိုက်ရိုက်ထိုးနေသည်မို့ ခဏခဏ စိမ့်နေသော ချွေးကို လက်မောင်းနှင့် ပင့်သုတ်လိုက်၊ သန့်ရှင်းရေးလုပ်လိုက်နှင့် အလုပ်များနေသူကတော့ သူ့ကိုသတိပင်ထားမိပုံမပေါ်ပါ။
ပတ္တလားကို အသံစမ်းနေပြန်သော လက်သံက ညင်သာသလို မာန်ပါလှသည်။ ဒီကလေးမက ဒါမျိုးတွေလည်း ရသည်ပေါ့။ ပညာတော့စုံရှာသားဟု သတ်မှတ်ရမည်။
အတန်ကြာရပ်ကြည့်နေမိသော်လည်း ညောင်းသည်ဟု သူမခံစားမိ။ ထိုင်နေရာမှ မက်တပ်ရပ်လိုက်သူကို ရုတ်တရက်လန့်သွားတာကြောင့် တံခါးနှင့်ကွယ်လိုက်ချိန်မှာ သူ့ရင်အစုံက ဗရမ်းဗတာ ခုန်ပေါက်နေမှန်း သတိထားမိလိုက်ရတော့သည်။
ဘုရားရေ။ လူမိတော့မလို့။
နောက်တစ်ကြိမ်ပြန်ချောင်းမိချိန်မှာ တီတာတကယ် ဘုရားတမိရတော့သည်။ ဒူးနှစ်ဖက်ကိုထောက်ချကာ လက်တစ်ဖက်က ရင်ဘက်ဝယ်ထားလို့ နောက်လက်တစ်ဖက်က ကျောပြင်ဆီ။
ဒါက။ ဒါက ရုပ်သေးအက။
ခြေဖျားတွေကို တင်ပါးနှင့်ထိအောင် မလိုက်ကာ တစ်ချက် လက်ချိုးလေတိုင်း ကျိုးကြေသွားမလား စိုးရိမ်စိတ်က ရင်ခေါင်းနားထိ တက်လာသလို မောဟိုက်လာမိသည်။
ဖြန့်ချထားသည့် ဆံနွယ်တွေက ခေါင်းကိုတစ်ချက်ချင်း ခါလေတိုင်း လှုပ်ခါနေပုံက တကယ်ကို အသက်ရှူမှားလောက်စရာ။
မင်းသမီးအဝတ် ဝတ်ဆင်ထားတာ မဟုတ်သော်ငြား ဝတ်ထားသည့် ပိတ်ပါးအင်္ကျီက လက်မြှောက်လိုက်တိုင်း လှစ်ခနဲပေါ်လာသည့် ဗိုက်သားတွေဆီမှာ သူတကယ် ရင်မောမိပါသည်။
" ရီရီမောမော မောင့်မျက်နှာချို၊ စကားအလှတွေက မဆန်း မစားရဝခမန်း၊ ချစ်တာပို မေတ္တာပို၊ ဒီလိုဆိုရင် တကယ်ပဲ မချစ်ချင်တော့ဘူး အစ်ကို၊ အိမ်တစ်ဆောင် မီးတစ်ပြောင် ထားဦးမတဲ့ သူဆို၊ ကျွန်မဘဝင်ခိုက်အောင် ပြောလိုက်ရင်ဖြင့် စိန်နားကပ်ကြီး ပန်ရမလို၊ စိန်နားကပ်ကြီးပန်ရမလို "
အချီအချ အကအလှကဖြင့် ငွားငွားစွင့်စွင့် ပွင့်အာလာသော ပန်းနှင်းဆီ တစ်ပွင့်လို။ နမ်းမွှေးချင်စိတ်ထက် ဆူးစူးပါစေဟု အံကြိတ်ကာ ထွေးပွေ့ထားချင်စိတ်ဖြစ်လာသည်အထိ။
ပင့်ဟလိုက်သည့် လည်တိုင်ကျော့ဝယ် လိမ်းကျံထားသည့် သနပ်ခါးဝင်းနှစ်နှစ်တို့ကို သူမမြင်တော့ပေ။ ထိုအစား သူမြင်သည်က ပန်းနှင်းဆီ၏ ရိုးတံ။
သူဆက်မကြည့်သင့်တော့ဟုထင်မှတ်မိချိန်မှာ သီချင်းက ဆုံးနေလေပြီ။ အိမ်ထဲမှ အသံမထွက်အောင် အသာပြေးထွက်ကာ အိမ်ခေါင်းရင်းရှိ ရေတွင်းဘောင်ဝယ်ထိုင်ရင်း ရေတွင်းတိုင်ကို မီလိုက်မိသည်။
လှပါသည်။ အကအပြင် မျက်နှာလေးကပါ လှပါသည်။ ခက်တာက သူ့စိတ်ထဲမယ် သူမကြိုက်နှစ်သက်သည့် သဘင်သည်ကို သူရင်ခုန်မိနေခြင်း။
ယနေ့ကစ ထိုမင်းသမီးနှင့် ခပ်ဝေးဝေးနေမှကောင်းမည်။ အဘကိုပြောကာ မြို့ကိုပြန်ဖို့ အ​မြန်အရေးဆိုရပေတော့မည်။
..........................................
အဘနှင့်အတူ သူရောက်နေသည်က ရွာသူကြီးအိမ်ရှိ ယာယီမဏ္ဍပ်ငယ်။ ပူပြင်းလောင်မြိုက်နေသည့် နေက မိုးရာသီနှင့်လားလားမျှ မသက်ဆိုင်သလို။ အိမ်မှာနေရင် နေပူသက်သာမှာသိနေပေမဲ့ သူသာ အိမ်မှာ ကျန်ခဲ့ရင် ထိုမင်းသမီးနှင့် နှစ်ယောက်တည်းဆိုသည့်အသိက သူ့ကို ခြောက်ခြားစေသည်။
အဘယ်ကြောင့်ဆိုသော် မင်းသားဖြစ်သူကပါ သူတို့နှင့်အတူပါလာသည်မို့ ဖြစ်သည်။ ရွာလူကြီးကတော့ ရွှေချွန်း၏ ပိုင်ရှင်ဆိုသော အမည်နာမကြောင့် အလိုလိုကို ရိုကျိုးနေသည်။ အကြောင်းမူကာ သူတို့ရွာက တစ်ခုခုဆိုလျှင် ရွှေချွန်းက အခကြေးငွေမယူပဲ ကပေးနေကျဖြစ်သောကြောင့်ဟု မင်းသားက ပြော၏။
မင်းသား၏ နာမည်ကို မှတ်ထားသော်ငြား သူကတော့ ခဏခဏ မေ့နေမိသည်။ ခပ်ဆန်းဆန်းမဟုတ်သော်ငြား သူကကို မမှတ်ချင်လို့များလား။
" အမောင်က မြို့သားဆို "
အရှေ့မှာ တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်နေသူများကို အာရုံရောက်​နေစဉ် အနားကပ်လာသူကို သတိမထားမိလိုက်။ သူ့ဘယ်ဘက်ဘေးတွင် ကျန်နေသော နေရာအကျယ်ကြီးကိုမှအားမနာ၊ သူနှင့်ထိကပ်ကာ လာထိုင်သူကတော့ မျက်နှာချေတစ်ချို့ လိမ်းကျံထားသည့် မိန်းမငယ်တစ်ဦး။
လိမ်းတာ မနှံ့သလော၊ သို့တည်းမဟုတ် လိမ်းနေမကျလို့များလားမသိ။ တစ်ချို့ကွက်နေသောနေရာတွေက ပြာနှမ်းနေသည်။
" အမိက .. "
" ကျုပ်က နုနုရီ၊ ရွှေချွန်းရဲ့ ဒုတိယမင်းသမီးပေါ့တော်၊ အမောင်က ဇာတ်ပိုင်ရဲ့ သားဆို၊ လွှတ်ချော နော် "
သူ့လက်မောင်းကိုလာထိနေသော လက်ဖမိုးဖောင်းဖောင်းအိအိတွေကို အသာအယာဖယ်ချတော့မည့်သူ့လက်တွေက မင်းသမီးဆိုသည့် အသံအကြားမှာ အနည်းငယ်အားပါသွားမိသည်။
" အမောင်ရယ် နာလိုက်တာ၊ ဘယ့်နှယ်လုပ်လိုက်သတုန်း "
ဖြူဖြူဖပ်ဖပ် လက်မဖိုးတွေကို နွဲ့ကာပြုကာ သူ့မျက်နှာရှေ့လာပြသူ ထိုမင်းသမီးကို မကြည့်ရက်နိုင်တော့။ ရင်ဘတ်ထဲထိ ဆန်တက်လာသော အနံ့အသက်တစ်ချို့က သူ့ကို အတော်ဒုက္ခပေးနေချေပြီ။
" အို ဘာလို့ အနောက်ကို ဆုတ်ရသလဲ၊ အမောင်ကလည်း "
သူနောက်ဆုတ်လေ သူ့နားကပ်လေ ဖြစ်လာသူကို သူဘယ်သို့ နှင်ထုတ်ရအံ့။ ဘေးချင်းကပ်ထိုင်နေသော မင်းသား၏ကိုယ်နှင့် သူ့ကျောကပ်မိချိန်မှာ အရှေ့က မင်းသမီးကလည်း သူ့ဆီတိုးအလာနှင့် ခွာမရတော့ပါ။
ဘုရားရေ။ သူတကယ် အန်ချမိတော့မည်။
" နောက် .. အု ... နောက်ကို ဆုတ် "
" အို အမောင်ကလည်း နုရီကို ဘာလို့ လန့်နေရတာလဲ "
" အနောက် .. ဝေါ့ "
အောင့်မထားနိုင်တော့သည့် အော်ဂလီဆန်မှုအတွက် စွန့်ထုတ်လိုက်ရသည့် ချဉ်စော်စော် အန်ဖက်တစ်ချို့က သူ့ရှေ့က ပြုံးမြနေသော မင်းသမီးကို ချက်ချင်းငိုယိုသွားစေခဲ့ပါသည်။
.................................
" မဟုတ်သေးဘူး ... ဒီလို ဒီလို ... "
အကတိုက်နေသည်ဟု ပြောထားသည့် အခန်းထဲမယ် ဆီမီးရောင်တို့က ထိန်ထိန်ညီးနေခဲ့ပါသည်။ ဆိုင်းဆရာ၏ လက်သံက အသံသိပ်မကျယ်သော်ငြား အကတိုက်သူတို့အတွက် မာန်ကိုပါစေသည်။
ပြန်တော့မည်ဟု ဆုံးဖြတ်တော့လည်းသူ။ ဖခင်ပြန်သွားတော့လည်း ကျန်ရစ်ခဲ့သူက သူ။
မကြာခင် ဆောင်းဦးပေါက်တော့မည်ဆိုသော အသိနှင့် အကတိုက်နေသော လူတစ်စုကတော့ ပင်ပန်းရကောင်းမှန်းမသိရှာ။
ဇာတ်သဘင်တစ်ခုအတွက် ပစ္စည်းပစ္စယတွေက များပေမဲ့ အတော်လေးကျယ်ဝန်းသည့် အခန်းသည် ယနေ့တွင်တော့ ရေနံဆီမီးအိမ် အစီအရီကြားမှာ လူပြည့်နေခဲ့သယောင်။
နောင်စစ်သွေး။ သူနာမည်မမှတ်မိခဲ့သော မင်းသားကိုလည်း သူမှတ်မိခဲ့ချေပြီ။
မင်းသားအတွက် ကချိုးအသစ်ကို ပုံဖော်ပေးနေသူကား တစ်ခြားသူမဟုတ်။ မင်းသမီး ထွေး။
မင်းသားနှင့်အတူ ပုဆိုးဝတ်ကာ အရှေ့က ကပြလိုက်၊ ပြန်ကခိုင်းလိုက်၊ မှားနေသော ခြေကွက်ထိုးချိန်ဆို ကြိမ်လုံးနှင့်တို့လိုက်နှင့် တကယ့်ကို ဆရာတစ်ယောက်ကဲ့သို့ပင်။
" တော်တယ်မဟုတ်လား "
ရုတ်တရက်အနားကထွက်လာသံကြောင့် လန့်သွားရသည်။ သူလှည့်ကြည့်တော့ နှဲဆရာကိုမောင်မောင်အေး။
" ဘာကို "
" အထွေးလေ တော်တယ်မဟုတ်လား "
" အင်း "
" အဲ့ဒါ ဆရာကြီးကိုယ်တိုင်သင်ပေးခဲ့တာလေ ... အသွေးက ဝါသနာပါလို့ဆိုတာထက် ပိုက်ဆံရလို့ အငြိမ့်ကခဲ့တာ ... အထွေးကတော့ ဝါသနာအရကို ကခဲ့တာ ... ဆရာကြီး​ပြောတာကတော့ သူတို့လေးတွေရဲ့မိခင်က တစ်ချိန်က ဆရာကြီးဆီမှာ ပညာသင်ဖူးတဲ့ တပည့်မလေးပဲတဲ့ "
" .... "
" ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျတော့ ဆရာကြီးကိုကန်တော့ပြီး တစ်နယ်ကို ထွက်သွားတယ် ပြောတယ်၊ အငြိမ့်တောင်မကခဲ့ရရှာဘူးဆိုပဲ၊ ဆရာကြီးက အဲ့ကလေးတွေကို တွေ့တော့ အိမ်ခေါ်လာခဲ့တာ၊ အဲ့တုန်းက ဒီကလေးတွေက အကဆိုတာ ဘာမှန်းမသိခဲ့ကြဘူးဗျ၊ အင်း ဆရာကြီးက ဝါသနာကို မွေးမြူပေးခဲ့တယ်လို့ ဆိုရမှာပေါ့ဗျာ "
နှစ်ယောက်အတူ ကနေသော ကွက်လပ်ကလေးသို့ အကြည့်ရောက်သွားမိသည်။ ပညာပါရမီပြည့်ဝသည့် မင်းသမီးတစ်လက်ရယ်၊ ကြိုးစားသင်ယူနေသည့် မင်းသားတစ်လက်ရယ်။
" သိလှချည်လားဗျ "
" သိဆို .. ကျုပ် နှဲဆရာမဖြစ်ခင်ကတည်းက ဆရာကြီးနဲ့အတူ နယ်တကာ လျှောက်လိုက်ခဲ့ဖူးတာကိုး၊ အခုတော့ နယ်လှည့်မဲ့ ဆရာကြီးမရှိရှာတော့ဘူး၊ ဒီ ရွှေချွန်းမယ် အားကိုးစရာအသစ် ပြောင်းသွားခဲ့တော့ ကျုပ်တို့ စိမ်းသက်နေသေးတာတော့အမှန်ပဲ၊ ကျုပ်တို့ကို ကြည့်ပေးမဲ့ အားကိုးရာအသစ်ဖြစ်ဖို့တော့ မျှော်လင့်မိပါရဲ့ "
" အဟင်း ... ကျွန်တော်ကတော့ မထင်ဘူး "
သူ့စိတ်ထဲမှာတော့ ဒီအဖွဲ့ကို တခြားလက်ဆီသို့ ပြန်ရောင်းချဖို့အရေးက နံပါတ်မှာ တစ်ဖြစ်သည်။
ဖခင်လက်ထဲရှိနေသရွေ့ ဒီလူတွေကိုမြင်နေရလျှင် နေ့ရက်တိုင်းက သူ့အတွက် ထမင်းစားဝင်ဖွယ်ရာ မမြင်ပေ။
ရိပ်ကနဲ မြင်လိုက်ရသည့် မျက်နှာချေအပြည့်မျက်နှာတစ်ခုထံမှ အကြည့်တွေ သူ့ဆီရောက်မလာခင် အပေါ်ထပ်က သူ့အခန်းဆီ အပြေးပြန်ခဲ့လိုက်တော့သည်။
သူ့အန်ဖက်ကို တစ်ဖက်လူက မရွံရင်တောင် သူကတော့ ဝေးဝေးကရှောင်မှဖြစ်မည်။ ထိုညတွေ သူ့မှာ အိပ်ရေးပျက်လွန်းလို့။
" လမင်းဝင်းဝင်းပပ ညချမ်းမှာ သာသောအခါ မိုးထက်သို့ မျှော်ကာမျှော်ကာ ခင်ခင်မင်မင် ပြုံးကြည့်ကာ .. "
သူထိုင်နေရာ ဝရံတာအနားထိ လွှမ်းအောင် အော်လိုက်သံကြောင့် သူလည်းကြာကြာမနေရဲတော့ပဲ အခန်းထဲ ပြေးဝင်ခဲ့ပါတော့သည်။
" အမောင်က သီချင်းဆို ကျွမ်းသကိုး "
..........................
21:12
15/11/2020
Continue Reading
You'll Also Like
415K 28.9K 21
[Unicode]တစ်အိမ်ထဲမှာအတူနေတဲ့သူငယ်ချင်းနှစ်ယောက် ကြာလာတဲ့နဲ့အမျှသိလာရတဲ့ခံစားချက်တွေ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာကတော့ Ficလေးထဲမှာဖတ်ကြည့်...
13.7K 300 14
ချစ်တယ်လိပ်ပြာ ယုံပ့ရစေအဲ့စကားက်ု
170K 20.4K 21
မှာဦးမယ် လက်ပံတစ်ပွင့် မောင်ပန်ဖို့... မောင်ပန်ဖို့... လက်ပံတစ်ပွင့်တော့ ကောက်ခဲ့ပါဦး။
157K 20K 29
သင်္ချိုင်းမြေ၌ ပေါက်ရောက်နေသည့် ခေါင်ရမ်းပင်မှ ခေါင်ရမ်းပန်းလေးတစ်ပွင့်တွင် မှီခိုနေထိုင်နေသော အဖော်မဲ့ ဝိညာဉ်လေးတစ်ခု... ထိုပန်းလေးကို ခူး၍ အိမ်သို...