18

9.6K 1.8K 111
                                    

" ပါးမှာနံ့သာ ပါးမှာနံ့သာ..  ခါးမှာ ပဝါ "

မင်းသမီးဝတ်စုံအစား ချည်ကြမ်းထဘီနှင့် ဇာဖောက်အင်္ကျီတစ်ထည်သာ ဝတ်ထားသူကား ပုဝါကလေးကို လက်ဖျားတွင်ပင့်၍ ဆိုင်းဆရာအလိုက် အချီအချဖြင့် ကခုန်နေသူကို စိတ်ကရောက်နေ၏။

လူအုံနေသည်က သာမန်နှင့်မတူ။ ထို့အပြင် တီတာကိုမြင်လျှင် အမဲဖျက်တော့မလို အပြုအမူနှင့် မင်းသမီး တစ်ချို့ကိုလည်း ပတ်ပြေးနေရတာမို့ ထိုအကတိုက်သည့်အခန်းနား ယောင်၍ပင်မသွားဝံ့။

ကျောင်းကလည်း ပိတ်ထားသည်မို့ အိမ်မှာသောင်တင်နေရမည့်သူ့အဖြစ်ကို ဖခင်၏ ဆူညံဓာတ်ပြားဖြင့် ခြေချုပ်မိတာကို မလိုချင်လို့ ရွာမှာသောင်တင်နေပြီးကာမှ အခုတော့ အိမ်ကို ချက်ချင်းပြန်ပြန်ပြေးချင်လာမိသည်။  အိမ်မှာဆိုနားအေးပါးအေး နေရမည်ဖြစ်သော်လည်း ဖခင်ခေါ်သမျှ လိုက်ရမည့်အပြင် အခန့်မသင့်ပါက ဆူငေါက်နေမည့် အပြစ်တွေ ကို တီတာကြောက်ပါသည်လေ။

" ပီတိကစေတနာ ... စေတနာကသံယောဇဥ္ ... သံယောဇဥ္က အချစ် .... အချစ်က သောက .. သောကက ဝေဒနာ .. ဘဝဇာတ်ဆရာ စေခိုင်းလာသမျှ .... ဪ မသွေဆိုင်းပါရ .. ပါးမှာ နံ့သာ ... ပါးမှာ နံ့သာ .. ဪ ခါးမှာပုဝါ "

တစ်ချက်တစ်ချက် လွင့်လာသည့် အသံကလေးက ကြည်မြဩရှနေသည်ကတော့ မငြင်းနိုင်ပေ။ ဩရှရှ ပီပီသသ ကြည်မြမြ အသံဟာ တစ်မျိုးတော့ ဆွဲဆောင်မှုရှိပါ၏။

ဟင် .. သူဘာတွေတွေးနေပါလိမ့်။ အထက်နားဆီ တွန့်နေသော နှုတ်ခမ်းကတော့ အလိုက်မသိစွာ ကျန်ရစ်နေခဲ့ပါ၏။

အပေါ်ထပ် ဝရံတာအနီး ခုံပေါ်တွင် ထိုင်ကာ စာဖတ်နေခဲ့သည်က ဘယ်နှစ်နာရီကြာခဲ့ပြီမသိ။ ခြေသလုံးကိုလာကိုက်သော ခြင်တစ်ကောင်ကြောင့် ရေချိုးသင့်ပြီ ဆိုတာတော့ တီတာ သိလိုက်ပါ၏။

စာအုပ်ကို စားပွဲပေါ်တင်ထားခဲ့ပြီးနောက် ရေချိုးဖို့ဆင်းလာတော့ နောင်စစ်သွေးနှင့်တိုး၏။ ရယ်ပြလာသူအား ခေါင်းညိတ်အသိအမှတ်ပြုကာ ရှောင်ဖယ်လာခဲ့လိုက်သည်။

" အသွေး ဘယ်ပြေးသတုန်း ခုပြန်လာစမ်း "

" မလာဘူးဗျို့ ... အဲ့တုတ်ကိုချမှ ပြန်ကမယ် "

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now