43

8.5K 1.5K 172
                                    

" ဦးလေးရေ ခဏလာပါဦး "

အိမ်နောက်ဖေးမှခေါ်သံကြောင့် လယ်ဂျာစာအုပ်အား ပိတ်ကာ အောက်ဆင်းခဲ့ရတော့သည်။ အခုတော့လည်း ဖောင်တိန်ကိုင်ရသည့်လက်ဟာ ဖောင်တိန်ကိုင်ရသည့်လက်ပါပဲ။ မတူတာကတော့ အရင်က စာပြရသည့် ဖောင်တိန်။ အခုတော့ လယ်ဂျာစာရင်းမှတ်သည့် ဖောင်တိန်။

နိုင်ငံရေးမငြိမ်မသက်မှုကို အခွင့်ကောင်းယူကာ ကျောင်းမှအလုပ်ထွက်ရသည့်သူ့အဖို့တော့ ဝါသနာနှင့် ဝေးရသော်လည်း တစ်ဖက်က တူကလေးနှင့်အစ်ကိုကြီးအား စဉ္းစားပေးရပါလျှင် တီတာထက် သူကသာ အလုပ်လုပ်ဖို့ ပိုသင့်တော်နေ၏။

အစ်ကိုကြီးက အသက်ကြီးနေပေပြီ။ သူတို့လို တက်လူတွေလောက် အစ်ကိုကြီးလို ကျလူက အဘယ်မှာ အပင်ပန်းခံနိုင်တော့မည်နည်း။ သူတိုက်တွန်းထား၍ ထောက်ပံ့ရေးလုပ်ငန်းများ တိတ်တဆိတ်လုပ်ဆောင်နိုင်ဖို့ရန်နှင့် လက်ရှိလုပ်ငန်းများကောင်းကောင်းမွန်မွန် လည်ပတ်နိုင်စေဖို့ သူ့အနေနှင့် တာဝန်ရှိလာ၏။

အဖေနှင့်အမေ(မွေးစားမိဘ)တို့တွင်လည်း သားရင်းချာကလေးတစ်ယောက်မွေးထားပြီမို့ သူ့အနေနှင့် သိပ်တွေးပေးစရာမလိုအပ်တော့ပေ။ သားတစ်ယောက်အနေဖြင့် ထောက်ပံ့မည်။ အကူအညီလိုအပ်ပါက သူ့ကိုအချိန်မရွေးပြောကြားနိုင်၏။ တစ်လတစ်ခါ အိမ်ပြန်နေကျမို့ မိဘများကလည်း သူ့ကိုအပြစ်မဆိုပေ။

ယနေ့တော့ စာရင်းအပြီးစစ်ကာ မနက်ဖြန်တော့ တောင်သာသို့ပြန်မည်ဟု တွေးထား၏။ အခုတော့ အောက်ထပ်မှ ခေါ်သံကြောင့် ကမန်းကတမ်းဆင်းရပြန်၏။

" ဘာလဲ သားရာ "

" ရော့ "

လက်ထဲရောက်လာသည့် မုတ်ဆိတ်ရိပ်သည့် ချုပ်ကလေး။ ဘာလုပ်မလို့ပါလိမ့်။

" ဒါက ဘာအတွက်လဲ "

" ကတုံးတုံးပေးစမ်းပါ ဦးလေးရယ် ... သားမမီလို့ "

" ဘာ "

" လုပ်ပါ .. မြန်မြန် "

ခေါင်းကိုရေစွက်၊ ဆပ်ပြာမြှုပ်ထအောင် တိုက်ပေးပြီးမှ ဓားကိုသေချာထိန်းကိုင်ကာ ရိပ်ပေးရပြန်၏။

အိုဘယ့်မှုံရွှေရည်(Completed)Where stories live. Discover now